ဗန်းမော်ြ်မို့နယ် မှာ ဆီဘောက်ဆာယာဉ် မီးလောင်ေ်ပါက်ကွဲလို့ (၃) ဦးသေ၊ (၂) ဦး ဒဏ်ရာရ

ဗန်းမော်မြို့နယ် အတွင်းတွင် ဆီဘောက်ဆာ ယာဉ်(၁)စီး ယမန်နေ့က မီးလောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် အမျိုးသား (၃) ဦးသေဆုံးပြီး (၂) ဦး ဒဏ်ရာရရှိခဲ့သည်။

ယမန်နေ့(ဇန်နဝါရီလ ၁၃ ရက်) နံနက် ၉ နာရီ ၄၅မိနစ်အချိန်ခန့်က ဗန်းမော်မြို့နယ်၊ စင်းခန်းကျေးရွာအနီး ဘုန်းပင်ရပ်၊ ဧရာဝတီမြစ်ကမ်း၌ ဆိုက်ကပ်ထားသော ပုဂ္ဂလိကပိုင် အေးချမ်းခွန်အား(၃)သင်္ဘောပေါ်မှ DENKO ကုမ္ပဏီပိုင် ဒီဇယ်ဆီများအား ဆိပ်ကမ်းပေါ်တွင်ရပ်ထားသော ယာဉ်မောင်း အောင်ထွန်းမြတ် (၄၅)နှစ်နှင့် ယာဉ်နောက်လိုက် သက်နောင်ဦး (ခ)တရုတ်ကြီး (စိစစ်ဆဲ)တို့၏ 8E/xxxx ၁၂ ဘီး ဂါလံ ၅၀၀၀ ဆံ့ ဆီဘောက်ဆာယာဉ်ထဲသို့ သန်းထိုက်အောင်(ခ) အောင်သန်းထိုက်(ခ)အာကာ (၂၃)နှစ်မှ ဆီထည့်နေစဉ် ဆီဂေါက်နှင့် ဆီထည့်သည့်အပေါက် ပွတ်တိုက်မိ၍ မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ယာဉ် ၁ စီးနှင့် ဒီဇယ်ဆီ ၄၅၀ ဂါလံခန့် မီးလောင်ဆုံးရှုံးခဲ့ပြီး နံနက် ၁၀နာရီ ၁၀မိနစ်အချိန်ခန့်တွင် မီးငြိမ်းသွားခဲ့သည်။

Image may contain: tree, outdoor and text

အဆိုပါမီးလောင်ပေါက်ကွဲမှုကြောင့် သန်းထိုက်အောင်(ခ) အောင်သန်းထိုက် (ခ)အာကာအပါအ၀င် အမျိုးသား၂ ဦး အခင်းဖြစ်နေရာ၌ မီးလောင်ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး DENKO ကုမ္ပဏီဝန်ထမ်း ထွန်းထွန်းဝင်း(စိစစ်ဆဲ)အပါအ၀င် အမျိုးသား၃ ဦးတွင် မီးလောင်ဒဏ်ရာများ(စိုးရိမ်ရ)ရရှိခဲ့သည်။

နံနက် ၁၁နာရီခွဲ အချိန်ခန့်တွင် သေဆုံး/ဒဏ်ရာ ရရှိသူများအား ဗန်းမော်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် ထွန်းထွန်းဝင်းမှာ လမ်း၌ ထပ်မံသေဆုံးသွားခဲ့ပြန်သည်။

ထို့ကြောင့် သန်းထိုက်အောင်(ခ)အောင်သန်းထိုက်(ခ) အာကာ (သေဆုံး)အား စင်းခန်းနယ်မြေရဲစခန်း(ပ) ၅/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၃၃၈/ ၂၈၅ (ပေါ့လျော့မှုကြောင့် လူသေမှု/ ပြင်းထန်နာကျင်စေမှု/မီးပေါ့ဆမှု)ဖြင့် အမှုဖွင့်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

credit:Popular news

Leave a Reply

Your email address will not be published. Required fields are marked *