တိုင္းရင္းသား ေက်း႐ြာမ်ား ေမာင္ေတာတြင္ပိုမိုတည္ေဆာက္ေပးရန္ ျပည္နယ္လႊတ္ေတာ္ အတည္ျပဳလိုက္ျပီ

zaw gyi version

ရခိုင္ျပည္နယ္ေျမာက္ပိုင္း ဘူးသီးေတာင္၊ ေမာင္ေတာ၊ ရေသ့ေတာင္ေဒသမ်ားတြင္ အၾကမ္းဖက္ခံရမႈမ်ားေၾကာင့္ ပ်က္စီးသြားသည့္ ေက်း႐ြာမ်ားကို ျပန္လည္ တည္ေဆာက္ရာတြင္ တိုင္းရင္းသား ေက်း႐ြာမ်ား ပိုမို တည္ေဆာက္ေပးရန္ ျပည္နယ္အစိုးရအဖြဲ႔သို႔ တိုက္တြန္းေၾကာင္းအဆိုကို ကန္႔ကြက္မည့္သူ မရွိေသာေၾကာင့္ အတည္ျပဳလိုက္ေၾကာင္း ေျမာက္ဦးၿမိဳ႕နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းသာစိန္က ေျပာၾကားသည္။
ယင္းအဆိုကို ၿပီးခဲ့သည့္ႏိုဝင္ဘာ ၂၄ ရက္ လႊတ္ေတာ္ အစည္းအေဝးတြင္ ေက်ာက္ျဖဴၿမိဳ႕နယ္ မဲဆႏၵနယ္ ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္လြင္က တင္သြင္းခဲ့ျခင္းျဖစ္ၿပီး ႏိုဝင္ဘာလ ၂၉ ရက္ အစည္းအေဝးတြင္ ကန္႔ကြက္မည့္သူ မရွိေသာေၾကာင့္ ယင္းအဆိုကို အတည္ျပဳလိုက္ျခင္းျဖစ္ေၾကာင္း ၎ကဆိုသည္။   “ကၽြန္ေတာ္တို႔က တံတိုင္းကာတာတို႔ နယ္ျခား လံုၿခံဳေရးတို႔ ခ်ထားတာမ်ိဳးေတြနဲ႔ ေနာက္တစ္ခုက ႐ုပ္ဝတၳဳပစၥည္းေတြနဲ႔ မဟုတ္ဘဲ ဌာေနတိုင္းရင္းသားေတြရဲ႕ ႐ိုးရာ ယဥ္ေက်းမႈေတြ၊ လူမ်ိဳးေတြနဲ႔ တိုင္းရင္းသားေက်း႐ြာေတြကို ျပန္ၿပီးေတာ့ ခ်ထားမယ္ဆိုရင္ လူဦးေရ အဆမတန္ ေပါက္ပြားေနတဲ့ ေ႐ႊ႕ေျပာင္းေတြကို အလိုအေလ်ာက္ လူသားတံတိုင္းအျဖစ္ ကာၿပီးသား ျဖစ္သြားမယ္။ ဒါေၾကာင့္ တိုင္းရင္းသားေက်း႐ြာေတြ ပိုမိုတည္ေဆာက္ေပးဖို႔ တိုက္တြန္းတာပါ”ဟု ၎ကဆိုသည္။   ျမန္မာႏိုင္ငံ၏ အခ်ဳပ္အျခာ အာဏာ တည္တံ့ခိုင္ၿမဲေရးႏွင့္ ရခိုင္ျပည္နယ္၏ ပိုင္နက္နယ္နိမိတ္ မဆံုး႐ံႈးေစေရးအတြက္ ဘူးသီးေတာင္၊ ေမာင္ေတာ၊ ရေသ့ေတာင္ စသည့္ၿမိဳ႕နယ္မ်ားတြင္ ရခိုင္ျပည္နယ္အတြင္းရွိ ၿမိဳ႕နယ္ ၁၇ ၿမိဳ႕နယ္မွ ရခိုင္ႏွင့္ တိုင္းရင္းသား မ်ိဳးႏြယ္စုမ်ားကို စုစည္းၿပီး ရခိုင္တိုင္းရင္းသား ေက်း႐ြာေတြအျဖစ္ ပိုမို တည္ေဆာက္ေပးသင့္ေၾကာင္း တိုက္တြန္း ေတာင္းဆိုခဲ့ျခင္းျဖစ္ေၾကာင္း ၎က ရွင္းျပေျပာဆိုသည္။   ယင္းအဆိုကို ရခိုင္ျပည္နယ္ အစိုးရအဖြဲ႔ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရး၊ သစ္ေတာနဲ႔ သတၲဳဝန္ႀကီး ဦးေက်ာ္လြင္က အစိုးရအဖြဲ႔ ကိုယ္စား အဆိုကို ေထာက္ခံခဲ့ၿပီး ေျမာက္ဦးၿမိဳ႕နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းသာစိန္တို႔ကလည္း ယင္းအဆိုကို ေထာက္ခံေဆြးေႏြးခဲ့ေၾကာင္း ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားထံမွ သိရသည္။
အလားတူပင္ ၿပီးခဲ့သည့္ရက္ပိုင္းကလည္း ရခိုင္ျပည္နယ္တြင္း လူသားခ်င္း စာနာမႈ အကူအညီ အေထာက္အပံ့ေပးေရး၊ ျပန္လည္ ေနရာခ်ထားေရး ဖြံ႔ၿဖိဳးေရးစီမံကိန္း (UEHRD) ဒုဥကၠ႒ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာ ဝင္းျမတ္ေအးသည္ ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕သို႔ လာေရာက္ခဲ့ၿပီး ယင္းစီမံကိန္းအတြက္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၏ အႀကံဉာဏ္မ်ားကို ရယူရန္ လာေရာက္ ေဆြးေႏြးခဲ့ရာတြင္ ယင္းတိုင္းရင္းသား ေက်း႐ြာမ်ား ပိုမိုတည္ေဆာက္ေပးရန္ တိုက္တြန္းခဲ့ၿပီး ဝန္ႀကီးအေနႏွင့္လည္း လက္ခံခဲ့ေၾကာင္း ဦးထြန္းသာစိန္က ေျပာၾကားသည္။   “ကၽြန္ေတာ္တို႔က သူနဲ႔ေတြ႔တဲ့အခါမွာ သူက ဒီစီမံကိန္းအတြက္ အႀကံဉာဏ္ေတြေပးဖို႔ ေျပာတယ္။ ကၽြန္ေတာ္တို႔က ဒီအဆိုကို ဘာေၾကာင့္တင္တယ္၊ ဘာလို႔ လိုအပ္တယ္ဆိုတာ ရွင္းျပတယ္။ သူ႔အေနနဲ႔ကေတာ့ ကန္႔ကြက္စရာ မရွိပါဘူးလို႔ ေျပာခဲ့ပါတယ္”ဟု ၎က ရွင္းျပေျပာဆိုသည္။   ေမာင္ေတာခ႐ိုင္အတြင္း ေက်း႐ြာမ်ား ျပန္လည္ တည္ေဆာက္ေနမႈ အေျခအေနမ်ားကို အေသးစိတ္ သိရွိႏိုင္ရန္ လႊတ္ေတာ္ကိုယ္စားလွယ္အဖြဲ႔သည္ လာမည့္ ဒီဇင္ဘာလ ၂ ရက္တြင္ ဘူးသီးေတာင္၊ ေမာင္ေတာ၊ ရေသ့ေတာင္ၿမိဳ႕နယ္မ်ားသို႔ သြားေရာက္ ကြင္းဆင္းစစ္ေဆးမည္ျဖစ္ေၾကာင္း လႊတ္ေတာ္ကိုယ္စားလွယ္မ်ားထံမွ သိရသည္။
Ref : The Voice
===========================
Unicode version

တိုင်းရင်းသား ကျေးရွာများ မောင်တောတွင်ပိုမိုတည်ဆောက်ပေးရန် ပြည်နယ်လွှတ်တော် အတည်ပြုလိုက်ပြီ ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် အကြမ်းဖက်ခံရမှုများကြောင့် ပျက်စီးသွားသည့် ကျေးရွာများကို ပြန်လည် တည်ဆောက်ရာတွင် တိုင်းရင်းသား ကျေးရွာများ ပိုမို တည်ဆောက်ပေးရန် ပြည်နယ်အစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်းအဆိုကို ကန့်ကွက်မည့်သူ မရှိသောကြောင့် အတည်ပြုလိုက်ကြောင်း မြောက်ဦးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောကြားသည်။ ယင်းအဆိုကို ပြီးခဲ့သည့်နိုဝင်ဘာ ၂၄ ရက် လွှတ်တော် အစည်းအဝေးတွင် ကျောက်ဖြူမြို့နယ် မဲဆန္ဒနယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်က တင်သွင်းခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာလ ၂၉ ရက် အစည်းအဝေးတွင် ကန့်ကွက်မည့်သူ မရှိသောကြောင့် ယင်းအဆိုကို အတည်ပြုလိုက်ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။ “ကျွန်တော်တို့က တံတိုင်းကာတာတို့ နယ်ခြား လုံခြုံရေးတို့ ချထားတာမျိုးတွေနဲ့ နောက်တစ်ခုက ရုပ်ဝတ္ထုပစ္စည်းတွေနဲ့ မဟုတ်ဘဲ ဌာနေတိုင်းရင်းသားတွေရဲ့ ရိုးရာ ယဉ်ကျေးမှုတွေ၊ လူမျိုးတွေနဲ့ တိုင်းရင်းသားကျေးရွာတွေကို ပြန်ပြီးတော့ ချထားမယ်ဆိုရင် လူဦးရေ အဆမတန် ပေါက်ပွားနေတဲ့ ရွှေ့ပြောင်းတွေကို အလိုအလျောက် လူသားတံတိုင်းအဖြစ် ကာပြီးသား ဖြစ်သွားမယ်။ ဒါကြောင့် တိုင်းရင်းသားကျေးရွာတွေ ပိုမိုတည်ဆောက်ပေးဖို့ တိုက်တွန်းတာပါ”ဟု ၎င်းကဆိုသည်။
မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးနှင့် ရခိုင်ပြည်နယ်၏ ပိုင်နက်နယ်နိမိတ် မဆုံးရှုံးစေရေးအတွက် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် စသည့်မြို့နယ်များတွင် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၇ မြို့နယ်မှ ရခိုင်နှင့် တိုင်းရင်းသား မျိုးနွယ်စုများကို စုစည်းပြီး ရခိုင်တိုင်းရင်းသား ကျေးရွာတွေအဖြစ် ပိုမို တည်ဆောက်ပေးသင့်ကြောင်း တိုက်တွန်း တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြပြောဆိုသည်။ ယင်းအဆိုကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနဲ့ သတ္တုဝန်ကြီး ဦးကျော်လွင်က အစိုးရအဖွဲ့ ကိုယ်စား အဆိုကို ထောက်ခံခဲ့ပြီး မြောက်ဦးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်တို့ကလည်း ယင်းအဆိုကို ထောက်ခံဆွေးနွေးခဲ့ကြောင်း ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။ အလားတူပင် ပြီးခဲ့သည့်ရက်ပိုင်းကလည်း ရခိုင်ပြည်နယ်တွင်း လူသားချင်း စာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ဒုဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ လာရောက်ခဲ့ပြီး ယင်းစီမံကိန်းအတွက် လွှတ်တော်ကိုယ်စားလှယ်များ၏ အကြံဉာဏ်များကို ရယူရန် လာရောက် ဆွေးနွေးခဲ့ရာတွင် ယင်းတိုင်းရင်းသား ကျေးရွာများ ပိုမိုတည်ဆောက်ပေးရန် တိုက်တွန်းခဲ့ပြီး ဝန်ကြီးအနေနှင့်လည်း လက်ခံခဲ့ကြောင်း ဦးထွန်းသာစိန်က ပြောကြားသည်။
“ကျွန်တော်တို့က သူနဲ့တွေ့တဲ့အခါမှာ သူက ဒီစီမံကိန်းအတွက် အကြံဉာဏ်တွေပေးဖို့ ပြောတယ်။ ကျွန်တော်တို့က ဒီအဆိုကို ဘာကြောင့်တင်တယ်၊ ဘာလို့ လိုအပ်တယ်ဆိုတာ ရှင်းပြတယ်။ သူ့အနေနဲ့ကတော့ ကန့်ကွက်စရာ မရှိပါဘူးလို့ ပြောခဲ့ပါတယ်”ဟု ၎င်းက ရှင်းပြပြောဆိုသည်။ မောင်တောခရိုင်အတွင်း ကျေးရွာများ ပြန်လည် တည်ဆောက်နေမှု အခြေအနေများကို အသေးစိတ် သိရှိနိုင်ရန် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် လာမည့် ဒီဇင်ဘာလ ၂ ရက်တွင် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်များသို့ သွားရောက် ကွင်းဆင်းစစ်ဆေးမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။
Ref : The Voice
===========================

Share သြားေပးပါမိတ္ေဆြ

Add a Comment

Your email address will not be published. Required fields are marked *