အငွားယာဥ္ေမာင္းႏွင္သူအမ်ဳိးသမီးကိုလူသတ္၊ လုယက္မႈျဖင့္အလုပ္ၾကမ္းႏွင့္ေထာင္ဒဏ္ ၁၀ ႏွစ္စီက်ခံရန္အမိန္႔ခ်

zaw gyi version

အမ်ဳိးသားတစ္ဦးကုိသတ္မႈျဖင့္ အငွားယာဥ္ေမာင္း အမ်ဳိးသမီးအား ပုဒ္မႏွစ္ခုအတြက္ အလုပ္ၾကမ္းႏွင့္ေထာင္ဒဏ္ ၁၀ ႏွစ္စီခ်မွတ္ခဲ့ေၾကာင္း သိရသည္။

“သူ႔ကုိ ၃၀၂ (၂) နဲ႔က ၁၀ ႏွစ္ ၃၉၂ နဲ႔က ၁၀ ႏွစ္ အမိန္႔ခ်လုိက္ပါတယ္။ တေပါင္းတည္းဆုိေတာ႔ ၁၀ ႏွစ္ပဲက်ခံရမွာပါ” ဟု ရန္ကုန္တုိင္းေဒသႀကီးရဲတပ္ဖြဲ႕မွ ရဲအရာရွိတစ္ဦးက ေျပာၾကားသည္။

အဆုိပါအမႈမွာ ၂၀၁၆ ခုႏွစ္ ႏုိ၀င္ဘာ ၁၀ ရက္ နံနက္ ၆ နာရီခန္႔တြင္ လိႈင္ၿမိဳ႕နယ္ (၇) ရပ္ကြက္ မယ္ဇီကုန္းလမ္းႏွင့္ သရက္ၿမိဳင္လမ္းၾကားတြင္ အမ်ဳိးသားတစ္ဦးဒဏ္ရာမ်ားျဖင့္ ေသဆံုးေနေၾကာင္း သတင္းအရ ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖဲြ႕၀င္မ်ားက စစ္ေဆးရာတြင္ ေသဆံုးသူမွာ ကုမၸဏီ၀န္ထမ္းျဖစ္သူ မရမ္းကုန္းၿမိဳ႕နယ္ေန သီဟေဇာ္ (၃၀ ႏွစ္) ျဖစ္ေၾကာင္း သိရသည္။
အမႈႏွင့္ပတ္သက္ၿပီး ရဲတပ္ဖြဲ႕က ထပ္မံစုံစမ္းရာ ၂၀၁၆ ခုႏွစ္ ႏို၀င္ဘာ ၉ ရက္ ည ၇ နာရီခန္႔တြင္ FILDER အမ်ဳိးအစား အငွားယာဥ္တစ္စီးကလာေခၚသြားၿပီး ယာဥ္ေမာင္းသူမွာ အမ်ိဳးသမီးတစ္ဦးျဖစ္ေၾကာင္း စံုစမ္းသိရသျဖင့္ လာေရာက္ေခၚေဆာင္သူ အမ်ဳိးသမီးအား ထပ္မံစံုစမ္းခဲ့ေၾကာင္း သိရသည္။

စစ္ေဆးစံုစမ္းခ်က္မ်ားအရ ေသဆံုးသူသီဟေဇာ္အသံုးျပဳေသာ လူမႈကြန္ရက္ Facebook တြင္ သူငယ္ခ်င္းျဖစ္သူ ဇင္ေလးဆိုသူအား မွတ္တမ္းဓာတ္ပံုရယူ၍ အုပ္ခ်ဳပ္ေရးအဖဲြ႕မ်ား၊ အမာခံသတင္းေပးမ်ားထံ ဇင္ေလး၏ဓာတ္ပံုမ်ား လိုက္လံျပသစံုစမ္းခဲ့ရာ တာေမြၿမိဳ႕နယ္ က်ားကြက္သစ္ရပ္ကြက္တြင္ ေနထိုင္သူျဖစ္ၿပီး ၎အားဖမ္းဆီးရမိေရး ေဆာင္ရြက္ခဲ့ေၾကာင္း၊ ၎မွာေသဆံုးသူ သီဟေဇာ္အား လာေရာက္ေခၚေဆာင္ခဲ့သည့္ အငွားယာဥ္အား ေမာင္းႏွင္သူျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕က စံုစမ္းသိရိွရသည္။

၂၀၁၆ ခုႏွစ္ ဒီဇင္ဘာ ၂၆ ရက္ နံနက္ ၁ နာရီ မိနစ္ ၅၀ တြင္ ယာဥ္ေမာင္းႏွင္ၿပီး ေနအိမ္သို႔ျပန္လာသူ မသဇင္ခိုင္ (ခ) ဇင္ေလး (ခ) သဇင္ (ခ) သဇင္ၿဖိဳး၊ (၃၂ ႏွစ္) အား ေမာ္ေတာ္ယာဥ္ႏွင့္အတူ ဖမ္းဆီးရမိခဲ့ၿပီး စစ္ေဆးခဲ့ေၾကာင္း၊ ထုိသုိ႔စစ္ေဆးရာ ၎၏လက္ကိုင္ဖုန္း၌ ၂၀၁၆ ခုႏွစ္ ႏို၀င္ဘာ ၈ ရက္မွ ႏို၀င္ဘာ ၁၂ ရက္အထိအသံုးျပဳခဲ့သည့္ ဆက္သြယ္မႈအားလံုး ဖ်က္ထားသည္ကို မသကၤာဖြယ္ေတြ႕ရွိရသျဖင့္ အမႈႏွင့္တိုက္ဆိုင္စစ္ေဆးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က ထုတ္ျပန္သည္။

ဖမ္းဆီးရမိသူ သဇင္ (ခ) သဇင္ခိုင္ (ခ) သဇင္ၿဖိဳး (ခ) ဇင္ေလးအား စစ္ေဆးရာ သားျဖစ္သူက်န္းမာေရးမေကာင္းသျဖင့္ ခင္မင္ရင္းႏီွးသူ မိတ္ေဆြခုနစ္ဦးထံမွ ေခ်းယူထားေသာ က်ပ္ ၂၃ သိန္းေက်ာ္ခန္႔အား ေပးဆပ္ရန္ရွိေၾကာင္း၊ ၂၀၁၅ ခုႏွစ္ ဧၿပီတြင္ Thiha အေကာင့္ပိုင္ရွင္ျဖစ္သူ သီဟေဇာ္ႏွင့္ သူငယ္ခ်င္းျဖစ္ခဲ့ၿပီး သီဟေဇာ္ႏွင့္ ဖုန္းဆက္သြယ္ေျပာဆိုျဖစ္ခဲ့ေၾကာင္း၊ လြန္ခဲ့ေသာသံုးလခန္႔က သီဟေဇာ္က ၎အားရည္စားစကားေျပာဆိုခဲ့ေၾကာင္း၊ ထို႔ေနာက္ ၎ႏွင့္ သီဟေဇာ္တို႔ေကာ္ဖီဆုိင္မ်ား၌ မၾကာခဏေတြ႕ဆုံကာ စကားေျပာဆုိျဖစ္ခဲ့ေၾကာင္း၊ ၂၀၁၆ ခုႏွစ္ စက္တင္ဘာ ၃၀ ရက္ ည ၁၁ နာရီခန္႔တြင္ သီဟေဇာ္ႏွင့္ ကားပတ္ေမာင္းခဲ့ၿပီး နံနက္ ၃ နာရီခန္႔တြင္ ကမာရြတ္ၿမိဳ႕နယ္ဗဟုိလမ္းရွိ တည္းခိုခန္းတစ္ခု၌ ညအိပ္တည္းခိုခဲ့ေၾကာင္း၊ ၂၀၁၆ ခုႏွစ္ ႏို၀င္ဘာ ၉ ရက္ ညေန ၆ နာရီခြဲခန္႔တြင္ ၎သည္ တာေမြၿမိဳ႕နယ္ ေက်ာက္ေျမာင္းအေရွ႕ရပ္ကြက္သုိ႔ ေရာက္ရွိေနစဥ္ သီဟေဇာ္ထံမွဖုန္း၀င္လာၿပီး သီဟေဇာ္က ၎၏ကုမၸဏီရွိရာသုိ႔ လာေရာက္ရန္ေျပာဆုိသျဖင့္ ေနာက္ထပ္ခရီးသည္တစ္ဦးပုိ႔ေပးရန္ က်န္ေသးေၾကာင္းေျပာဆုိကာ ဖုန္းပိတ္ထားခဲ့ေၾကာင္း သိရသည္။

ထုိ႔ေနာက္ ည ၇ နာရီ မိနစ္ ၄၀ ခန္႔တြင္ ခ်ိန္းဆုိရာေနရာသုိ႔သြားေရာက္ခဲ့ၿပီး သီဟေဇာ္က ၎ႏွင့္အတူလုိက္ပါလာခဲ့ေၾကာင္း၊ ၎ေနာက္ ဗုိလ္တေထာင္ကမ္းနားသုိ႔ သြားေရာက္ကာ စကားေျပာဆုိခဲ့ၾကေၾကာင္း၊ ထုိ႔ေနာက္ ယင္းေန႔ည ၁၂ နာရီခန္႔တြင္ ဗဟန္းၿမိဳ႕နယ္ရွိ KTV ဆုိင္တစ္ဆုိင္သုိ႔ သြားေရာက္၍ ႏွစ္နာရီခန္႔သီခ်င္းဆုိခဲ့ၾကေၾကာင္း၊ ၂၀၁၆ ခုႏွစ္ ႏို၀င္ဘာ ၁၀ ရက္ နံနက္ ၂ နာရီခြဲခန္႔တြင္ KTV ဆုိင္မွထြက္လာၿပီး ကားေလွ်ာက္ေမာင္းေနခဲ့ရာ နံနက္ ၃ နာရီခန္႔တြင္ လႈိင္ၿမိဳ႕နယ္ ဗဟုိလမ္းသုိ႔ေရာက္ရွိစဥ္ ၎မွာအိပ္ငုိက္လာသျဖင့္ ေမာ္ေတာ္ယာဥ္အား လမ္းေဘးသုိ႔ရပ္ကာ သီဟေဇာ္အား ကားေမာင္းတတ္ပါက ေမာင္းႏုိင္ေၾကာင္းေျပာဆုိၿပီး ကားေနာက္ခန္းအတြင္းသုိ႔ ၀င္ထုိင္စဥ္ သီဟေဇာ္က ေအာက္သို႔အေပါ့သြားရန္ ဆင္းသြားေၾကာင္း၊ ထုိ႔ေနာက္ သီဟေဇာ္ယာဥ္ေပၚသို႔ျပန္တက္စဥ္ ၎မွယာဥ္ေပၚတြင္ အသင့္ေဆာင္ထားေသာ ဓားေျမႇာင္ျဖင့္ လည္ပင္းအားထုိးခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ သီဟေဇာ္၀တ္ဆင္ထားေသာ ဆြဲျပားပါ ေရႊဆြဲႀကိဳး၊ ေရႊလက္စြပ္တုိ႔အား ယူေဆာင္ကာ သီဟေဇာ္အား အခင္းျဖစ္ေနရာ၌ထားခဲ့ေၾကာင္း၊ ယင္းေနာက္ ယာဥ္ေပၚတြင္က်န္ရွိသည့္ သီဟေဇာ္၏လက္ကုိင္ဖုန္း၊ လက္ပတ္နာရီ၊ ဖိနပ္တစ္ရန္ႏွင့္ ျပစ္မႈက်ဴးလြန္စဥ္အသံုးျပဳခဲ့ေသာ ဓားေျမႇာင္တုိ႔အား ၾကြပ္ၾကြပ္အိတ္ျဖင့္ထုပ္ကာ သဃၤန္းကြၽန္းၿမိဳ႕နယ္ သု၀ဏၰကမာၾကည္တံတားေပၚမွ ပုဇြန္ေတာင္ေခ်ာင္းအတြင္း လႊင့္ပစ္ခဲ့သည္ဟု စစ္ေဆးေပၚေပါက္ခဲ့ေၾကာင္း ရန္ကုန္တုိင္းေဒသႀကီးရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ခဲ့သည့္အမႈျဖစ္ေၾကာင္း သိရသည္။

ယင္းေၾကာင့္ သဇင္ (ခ) သဇင္ခိုင္ (ခ) သဇင္ၿဖဳိး (ခ) ဇင္ေလးအား ရန္ကုန္အေနာက္ပုိင္းခ႐ုိင္တရား႐ုံး လႈိင္ၿမိဳ႕မရဲစခန္းမွ ရဲအရာရွိတစ္ဦးက တရားလုိျပဳလုပ္ကာ တရားစြဲဆုိခဲ့ေၾကာင္း သိရသည္။

Ref : Eleven Media Group

=============

unicode version

အငှားယာဉ်မောင်းနှင်သူအမျိုးသမီးကိုလူသတ်၊ လုယက်မှုဖြင့်အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀ နှစ်စီကျခံရန်အမိန့်ချ

အမျိုးသားတစ်ဦးကိုသတ်မှုဖြင့် အငှားယာဉ်မောင်း အမျိုးသမီးအား ပုဒ်မနှစ်ခုအတွက် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀ နှစ်စီချမှတ်ခဲ့ကြောင်း သိရသည်။

“သူ့ကို ၃၀၂ (၂) နဲ့က ၁၀ နှစ် ၃၉၂ နဲ့က ၁၀ နှစ် အမိန့်ချလိုက်ပါတယ်။ တပေါင်းတည်းဆိုတော့ ၁၀ နှစ်ပဲကျခံရမှာပါ” ဟု ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါအမှုမှာ ၂၀၁၆ ခုနှစ် နို၀င်ဘာ ၁၀ ရက် နံနက် ၆ နာရီခန့်တွင် လှိုင်မြို့နယ် (၇) ရပ်ကွက် မယ်ဇီကုန်းလမ်းနှင့် သရက်မြိုင်လမ်းကြားတွင် အမျိုးသားတစ်ဦးဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သတင်းအရ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ဝင်များက စစ်ဆေးရာတွင် သေဆုံးသူမှာ ကုမ္ပဏီဝန်ထမ်းဖြစ်သူ မရမ်းကုန်းမြို့နယ်နေ သီဟဇော် (၃၀ နှစ်) ဖြစ်ကြောင်း သိရသည်။
အမှုနှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့က ထပ်မံစုံစမ်းရာ ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၉ ရက် ည ရ နာရီခန့်တွင် FILDER အမျိုးအစား အငှားယာဉ်တစ်စီးကလာခေါ်သွားပြီး ယာဉ်မောင်းသူမှာ အမျိုးသမီးတစ်ဦးဖြစ်ကြောင်း စုံစမ်းသိရသဖြင့် လာရောက်ခေါ်ဆောင်သူ အမျိုးသမီးအား ထပ်မံစုံစမ်းခဲ့ကြောင်း သိရသည်။

စစ်ဆေးစုံစမ်းချက်များအရ သေဆုံးသူသီဟဇော်အသုံးပြုသော လူမှုကွန်ရက် Facebook တွင် သူငယ်ချင်းဖြစ်သူ ဇင်လေးဆိုသူအား မှတ်တမ်းဓာတ်ပုံရယူ၍ အုပ်ချုပ်ရေးအဖွဲ့များ၊ အမာခံသတင်းပေးများထံ ဇင်လေး၏ဓာတ်ပုံများ လိုက်လံပြသစုံစမ်းခဲ့ရာ တာမွေမြို့နယ် ကျားကွက်သစ်ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး ၎င်းအားဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ကြောင်း၊ ၎င်းမှာသေဆုံးသူ သီဟဇော်အား လာရောက်ခေါ်ဆောင်ခဲ့သည့် အငှားယာဉ်အား မောင်းနှင်သူဖြစ်ကြောင်း ရဲတပ်ဖွဲ့က စုံစမ်းသိရှိရသည်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၂၆ ရက် နံနက် ၁ နာရီ မိနစ် ၅၀ တွင် ယာဉ်မောင်းနှင်ပြီး နေအိမ်သို့ပြန်လာသူ မသဇင်ခိုင် (ခ) ဇင်လေး (ခ) သဇင် (ခ) သဇင်ဖြိုး၊ (၃၂ နှစ်) အား မော်တော်ယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးခဲ့ကြောင်း၊ ထိုသို့စစ်ဆေးရာ ၎င်း၏လက်ကိုင်ဖုန်း၌ ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၈ ရက်မှ နိုဝင်ဘာ ၁၂ ရက်အထိအသုံးပြုခဲ့သည့် ဆက်သွယ်မှုအားလုံး ဖျက်ထားသည်ကို မသင်္ကာဖွယ်တွေ့ရှိရသဖြင့် အမှုနှင့်တိုက်ဆိုင်စစ်ဆေးခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

ဖမ်းဆီးရမိသူ သဇင် (ခ) သဇင်ခိုင် (ခ) သဇင်ဖြိုး (ခ) ဇင်လေးအား စစ်ဆေးရာ သားဖြစ်သူကျန်းမာရေးမကောင်းသဖြင့် ခင်မင်ရင်းနှီးသူ မိတ်ဆွေခုနစ်ဦးထံမှ ချေးယူထားသော ကျပ် ၂၃ သိန်းကျော်ခန့်အား ပေးဆပ်ရန်ရှိကြောင်း၊ ၂၀၁၅ ခုနှစ် ဧပြီတွင် Thiha အကောင့်ပိုင်ရှင်ဖြစ်သူ သီဟဇော်နှင့် သူငယ်ချင်းဖြစ်ခဲ့ပြီး သီဟဇော်နှင့် ဖုန်းဆက်သွယ်ပြောဆိုဖြစ်ခဲ့ကြောင်း၊ လွန်ခဲ့သောသုံးလခန့်က သီဟဇော်က ၎င်းအားရည်စားစကားပြောဆိုခဲ့ကြောင်း၊ ထို့နောက် ၎င်းနှင့် သီဟဇော်တို့ကော်ဖီဆိုင်များ၌ မကြာခဏတွေ့ဆုံကာ စကားပြောဆိုဖြစ်ခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ် စက်တင်ဘာ ၃၀ ရက် ည ၁၁ နာရီခန့်တွင် သီဟဇော်နှင့် ကားပတ်မောင်းခဲ့ပြီး နံနက် ၃ နာရီခန့်တွင် ကမာရွတ်မြို့နယ်ဗဟိုလမ်းရှိ တည်းခိုခန်းတစ်ခု၌ ညအိပ်တည်းခိုခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၉ ရက် ညနေ ၆ နာရီခွဲခန့်တွင် ၎င်းသည် တာမွေမြို့နယ် ကျောက်မြောင်းအရှေ့ရပ်ကွက်သို့ ရောက်ရှိနေစဉ် သီဟဇော်ထံမှဖုန်းဝင်လာပြီး သီဟဇော်က ၎င်း၏ကုမ္ပဏီရှိရာသို့ လာရောက်ရန်ပြောဆိုသဖြင့် နောက်ထပ်ခရီးသည်တစ်ဦးပို့ပေးရန် ကျန်သေးကြောင်းပြောဆိုကာ ဖုန်းပိတ်ထားခဲ့ကြောင်း သိရသည်။

ထို့နောက် ည ရ နာရီ မိနစ် ၄၀ ခန့်တွင် ချိန်းဆိုရာနေရာသို့သွားရောက်ခဲ့ပြီး သီဟဇော်က ၎င်းနှင့်အတူလိုက်ပါလာခဲ့ကြောင်း၊ ၎င်းနောက် ဗိုလ်တထောင်ကမ်းနားသို့ သွားရောက်ကာ စကားပြောဆိုခဲ့ကြကြောင်း၊ ထို့နောက် ယင်းနေ့ည ၁၂ နာရီခန့်တွင် ဗဟန်းမြို့နယ်ရှိ KTV ဆိုင်တစ်ဆိုင်သို့ သွားရောက်၍ နှစ်နာရီခန့်သီချင်းဆိုခဲ့ကြကြောင်း၊ ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၁၀ ရက် နံနက် ၂ နာရီခွဲခန့်တွင် KTV ဆိုင်မှထွက်လာပြီး ကားလျှောက်မောင်းနေခဲ့ရာ နံနက် ၃ နာရီခန့်တွင် လှိုင်မြို့နယ် ဗဟိုလမ်းသို့ရောက်ရှိစဉ် ၎င်းမှာအိပ်ငိုက်လာသဖြင့် မော်တော်ယာဉ်အား လမ်းဘေးသို့ရပ်ကာ သီဟဇော်အား ကားမောင်းတတ်ပါက မောင်းနိုင်ကြောင်းပြောဆိုပြီး ကားနောက်ခန်းအတွင်းသို့ ၀င်ထိုင်စဉ် သီဟဇော်က အောက်သို့အပေါ့သွားရန် ဆင်းသွားကြောင်း၊ ထို့နောက် သီဟဇော်ယာဉ်ပေါ်သို့ပြန်တက်စဉ် ၎င်းမှယာဉ်ပေါ်တွင် အသင့်ဆောင်ထားသော ဓားမြှောင်ဖြင့် လည်ပင်းအားထိုးခဲ့ကြောင်း သိရသည်။

ထို့နောက် သီဟဇော်ဝတ်ဆင်ထားသော ဆွဲပြားပါ ရွှေဆွဲကြိုး၊ ရွှေလက်စွပ်တို့အား ယူဆောင်ကာ သီဟဇော်အား အခင်းဖြစ်နေရာ၌ထားခဲ့ကြောင်း၊ ယင်းနောက် ယာဉ်ပေါ်တွင်ကျန်ရှိသည့် သီဟဇော်၏လက်ကိုင်ဖုန်း၊ လက်ပတ်နာရီ၊ ဖိနပ်တစ်ရန်နှင့် ပြစ်မှုကျူးလွန်စဉ်အသုံးပြုခဲ့သော ဓားမြှောင်တို့အား ကြွပ်ကြွပ်အိတ်ဖြင့်ထုပ်ကာ သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏကမာကြည်တံတားပေါ်မှ ပုဇွန်တောင်ချောင်းအတွင်း လွှင့်ပစ်ခဲ့သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည့်အမှုဖြစ်ကြောင်း သိရသည်။

ယင်းကြောင့် သဇင် (ခ) သဇင်ခိုင် (ခ) သဇင်ဖြိုး (ခ) ဇင်လေးအား ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံး လှိုင်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက တရားလိုပြုလုပ်ကာ တရားစွဲဆိုခဲ့ကြောင်း သိရသည်။

Ref : Eleven Media Group

=============

 

ႏွစ္သက္ရင္ Share သြားႏိုင္ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *