မိန္းမငယ္ေလးမ်ားအား မူဆယ္တြင္ အလုပ္ရမည္ဟု ဆုိကာ ဖ်ားေယာင္းေခၚေဆာင္၍ တ႐ုတ္ မယားအျဖစ္ ေရာင္းခ်သူ အမ်ဳိးသမီး ၂ ဦးအား ဖမ္းဆီးရမိ

zawgyi version

ေနျပည္ေတာ္၊ လယ္ေ၀းၿမိဳ႕နယ္၊ ပင္ေသာင္ ေက်းရြာအုပ္စု ေက်းရြာအတြင္းရွိ အမ်ဳိးသမီး ငယ္မ်ားအား မူဆယ္ၿမိဳ႕အထည္ဆိုင္တြင္ (၁) လ ၁ သိန္းခြဲက်ပ္ရမည္ဟု ေျပာဆိုစည္း႐ံုးၿပီး တ႐ုတ္ႏိုင္ငံသို႔ ပို႔ေဆာင္ေရာင္းစားခဲ့သူ ေဒၚတင္တင္ခိုင္ (ခ) မခိုင္၊ (၄၂ ႏွစ္) ၀မ္ေခ်ာင္းရပ္ကြက္၊ ေအာင္လံၿမိဳ႕ (ယခုေရႊလီၿမိဳ႕)၊ ေနသူသည္ အဆိုပါေက်းရြာအုပ္စုသို႔ေရာက္ရွိေနေၾကာင္း

သတင္းေပးသျဖင့္ ရဲအုပ္စိုင္းေနမ်ဳိး၊ ဒုရဲအုပ္ေက်ာ္ လင္းထြန္းတို႔ႏွင့္အတူ သြားေရာက္ေတြ႕ဆံုေမးျမန္းခဲ့ရာ ေဒၚတင္တင္ခိုင္သည္ ေဒၚခင္မာလာသိန္း(ခ) ႏြယ္နီခိုင္၊ (၄၅ ႏွစ္) သိုဟုန္း၊ ရွမ္းရြာ၊ ေရႊလီၿမိဳ႕ေနသူႏွင့္ သိကၽြမ္းခဲ့ၿပီး အလုပ္သမားရွာခိုင္းသျဖင့္ ခင္မင္ရင္းႏွီးသူ ေက်ာ္မင္းဦး (၂၅ ႏွစ္ခန္႔) လွ်ပ္စစ္လမ္းခြဲ၊ ေဇယ်ာသီရိၿမိဳ႕နယ္ေနသူမွ တဆင့္ ယခုႏွစ္ (၉)လပိုင္းတြင္ လယ္ေ၀းၿမိဳ႕နယ္၊ ပင္ေသာင္ေက်းရြာေန မစန္းတင့္အား မူဆယ္သို႔ ေခၚေဆာင္၍ ေဒၚခင္မာလာသိန္း(ခ) ႏြယ္နီခိုင္ထံ ဆက္လက္ပို႔ေဆာင္ေပးခဲ့ေၾကာင္း၊

ေဒၚခင္မာလာသိန္း(ခ)ႏြယ္နီခိုင္မွ မစန္းတင့္အား တ႐ုတ္ အမ်ဳိးသားတဦးထံ တ႐ုတ္မယားအျဖစ္ ပို႔ေဆာင္ေရာင္းစားခဲ့ၿပီး ေဒၚတင္တင္ခိုင္ႏွင့္ ေက်ာ္မင္းဦးတို႔အား က်ပ္ (၄)သိန္းစီေပးေၾကာင္း၊ မစန္းတင့္၏ မိဘမ်ားအား မစန္းတင့္၏ လုပ္အားခ (၁၀) လစာအတြက္ က်ပ္ (၁၅) သိန္းအား ေက်ာ္မင္းဦးမွတဆင့္ ေပးအပ္ခဲ့ေၾကာင္း စိစစ္ေတြ႕ရွိရသည္။

ယင္းစစ္ေဆးေတြ႔ရွိခ်က္ အရ မစန္းတင့္အား မူဆယ္ၿမိဳ႕ အထည္ဆိုင္တြင္ အလုပ္ရမည္ဟု လိမ္လည္ေျပာဆိုၿပီး တ႐ုတ္ႏိုင္ငံသို႔ ေခၚေဆာင္သြားကာ တ႐ုတ္ မယားအျဖစ္ ေရာင္းစားခဲ့သူ ေဒၚတင္တင္ခိုင္ (ခ) မခိုင္၊ ေဒၚခင္မာလာသိန္းႏွင့္ ေက်ာ္မင္းဦးတို႔အား ဒီဇင္ဘာ ၂၆ ရက္ နံနက္ ၀၈၃၀ အခ်ိန္တြင္ ၂၀၀၅ ခုႏွစ္ လူကုန္ကူးမႈ တားဆီးကာကြယ္ေရးဥပေဒပုဒ္မ-၂၄ ျဖင့္ အမႈဖြင့္၍ ဆက္လက္စစ္ေဆးလွ်က္ရွိေၾကာင္း၊ လက္ရွိတြင္ ေက်ာ္မင္းဦး အားဖမ္းဆီးရမိေရး ေဆာင္ရြက္လွ်က္ရွိေၾကာင္း သတင္းရရွိပါသည္။

ref:ထြန္း(ေနျပည္ေတာ္) News Watch

====================

Unicdoe version

မိန်းမငယ်လေးများအား မူဆယ်တွင် အလုပ်ရမည်ဟု ဆိုကာ ဖျားယောင်းခေါ်ဆောင်၍ တရုတ် မယားအဖြစ် ရောင်းချသူ အမျိုးသမီး ၂ ဦးအား ဖမ်းဆီးရမိ

နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ပင်သောင် ကျေးရွာအုပ်စု ကျေးရွာအတွင်းရှိ အမျိုးသမီး ငယ်များအား မူဆယ်မြို့အထည်ဆိုင်တွင် (၁) လ ၁ သိန်းခွဲကျပ်ရမည်ဟု ပြောဆိုစည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားခဲ့သူ ဒေါ်တင်တင်ခိုင် (ခ) မခိုင်၊ (၄၂ နှစ်) ၀မ်ချောင်းရပ်ကွက်၊ အောင်လံမြို့ (ယခုရွှေလီမြို့)၊ နေသူသည် အဆိုပါကျေးရွာအုပ်စုသို့ရောက်ရှိနေကြောင်း

သတင်းပေးသဖြင့် ရဲအုပ်စိုင်းနေမျိုး၊ ဒုရဲအုပ်ကျော် လင်းထွန်းတို့နှင့်အတူ သွားရောက်တွေ့ဆုံမေးမြန်းခဲ့ရာ ဒေါ်တင်တင်ခိုင်သည် ဒေါ်ခင်မာလာသိန်း(ခ) နွယ်နီခိုင်၊ (၄၅ နှစ်) သိုဟုန်း၊ ရှမ်းရွာ၊ ရွှေလီမြို့နေသူနှင့် သိကျွမ်းခဲ့ပြီး အလုပ်သမားရှာခိုင်းသဖြင့် ခင်မင်ရင်းနှီးသူ ကျော်မင်းဦး (၂၅ နှစ်ခန့်) လျှပ်စစ်လမ်းခွဲ၊ ဇေယျာသီရိမြို့နယ်နေသူမှ တဆင့် ယခုနှစ် (၉)လပိုင်းတွင် လယ်ဝေးမြို့နယ်၊ ပင်သောင်ကျေးရွာနေ မစန်းတင့်အား မူဆယ်သို့ ခေါ်ဆောင်၍ ဒေါ်ခင်မာလာသိန်း(ခ) နွယ်နီခိုင်ထံ ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်း၊

ဒေါ်ခင်မာလာသိန်း(ခ)နွယ်နီခိုင်မှ မစန်းတင့်အား တရုတ် အမျိုးသားတဦးထံ တရုတ်မယားအဖြစ် ပို့ဆောင်ရောင်းစားခဲ့ပြီး ဒေါ်တင်တင်ခိုင်နှင့် ကျော်မင်းဦးတို့အား ကျပ် (၄)သိန်းစီပေးကြောင်း၊ မစန်းတင့်၏ မိဘများအား မစန်းတင့်၏ လုပ်အားခ (၁၀) လစာအတွက် ကျပ် (၁၅) သိန်းအား ကျော်မင်းဦးမှတဆင့် ပေးအပ်ခဲ့ကြောင်း စိစစ်တွေ့ရှိရသည်။

ယင်းစစ်ဆေးတွေ့ရှိချက် အရ မစန်းတင့်အား မူဆယ်မြို့ အထည်ဆိုင်တွင် အလုပ်ရမည်ဟု လိမ်လည်ပြောဆိုပြီး တရုတ်နိုင်ငံသို့ ခေါ်ဆောင်သွားကာ တရုတ် မယားအဖြစ် ရောင်းစားခဲ့သူ ဒေါ်တင်တင်ခိုင် (ခ) မခိုင်၊ ဒေါ်ခင်မာလာသိန်းနှင့် ကျော်မင်းဦးတို့အား ဒီဇင်ဘာ ၂၆ ရက် နံနက် ၀၈၃၀ အချိန်တွင် ၂၀၀၅ ခုနှစ် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ-၂၄ ဖြင့် အမှုဖွင့်၍ ဆက်လက်စစ်ဆေးလျှက်ရှိကြောင်း၊ လက်ရှိတွင် ကျော်မင်းဦး အားဖမ်းဆီးရမိရေး ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

ref:ထွန်း(နေပြည်တော်) News Watch

Share သြားေပးပါမိတ္ေဆြ

Add a Comment

Your email address will not be published. Required fields are marked *