International News

႐ုရွားေလယာဥ္ မ်ားကို အေမရိကန္ တုိက္ေလယာဥ္မ်ားမွ ဟန္႔တားသည့္ ႐ုပ္/သံထြက္ေပၚ

zawgyi version

Posted by Lat Khat Than on Sunday, January 7, 2018

ေဘာလ္တစ္ ပင္လယ္နား ႏို္င္ငံတကာ ေလပိုင္နက္ထဲမွာ ႐ုရွားေလယာဥ္ေတြကို ေနတိုးတပ္ဖြဲ႔က အေမရိကန္ေလယာဥ္ေတြ ၾကားျဖတ္ ဟန္႔တားခဲ့တဲ့ ရွားရွားပါးပါး ႐ုပ္သံေတြကို အေမရိကန္ ေလတပ္က ဇန္န၀ါရီ ၅ ရက္ေန႔မွာ ျဖန္႔ခ်ိလိုက္ပါတယ္။

အမွတ္ (၄၉၃) တိုက္ေလယာဥ္အုပ္က အေမရိကန္ တိုက္ေလယာဥ္ေတြက ေလယာဥ္မႉး ေတြ ခုလို ဟန္႔တားခဲ့တာပါ။

ႏိုဝင္ဘာမွာတႀကိမ္၊ ဒီဇင္ဘာမွာ တႀကိမ္ ဟန္႔တားမႈကို ႐ုပ္သံ မွတ္တမ္း တင္ခဲ့ပါတယ္။

ႏွစ္ႀကိမ္လံုးမွာ ႐ုရွားေလယာဥ္ေတြဟာ ေလေၾကာင္း ထိန္းသိမ္းမႈ လုပ္ငန္းက လိုအပ္တဲ့ သင့္ေတာ္တဲ့ ကုတ္နံပါတ္ေတြကို မေၾကညာ ခဲ့တဲ့အတြက္ ၾကားျဖတ္ ဟန္႔တားခဲ့တာလို႔ အေမရိကန္ ေလတပ္က ေျပာပါတယ္။

“ၾကားျဖတ္ဟန္႔တား ပ်ံသန္းမႈဟာ ေဘာလ္တစ္ ပင္လယ္ စစ္ဆင္ေရးအတြင္း ပံုမွန္ အစိတ္အပိုင္းပါ။ ေန႔တုိင္း ဒီလို လုပ္ဖို႔ မလိုအပ္ေပမယ့္ ေဘးကင္းၿပီး ပညာရွင္ဆန္တဲ့ အျပဳအမူနဲ႔ အၿမဲ ေဆာင္ရြက္ခဲ့တယ္” လုိ႔ တိုက္ေလယာဥ္ အုပ္ရဲ႕ အုပ္ခ်ဳပ္ေရး အရာရွိ ဒုဗိုလ္မႉးႀကီး ကိုဒီ ဘလိတ္ခ္က ေျပာပါတယ္။

ေလးလၾကာ တပ္ခ်အၿပီးမွာ ေနတိုးရဲ႕ ေဘာလ္တစ္ပင္လယ္ စစ္ဆင္ေရး တာဝန္က် တပ္ဖြဲ႔ဟာ ဇန္နဝါရီ (၈) ရက္ကစၿပီး လစ္သူေအးနီးယားႏိုင္ငံက စစ္တပ္ အေျခစိုက္စခန္းကေန ဒိန္းမတ္ ႏိုင္ငံဆီကို ေျပာင္းေရႊ႕မွာပါ။

အလွည့္က် စစ္ဆင္ေရးအတြင္း တိုက္ေလယာဥ္အုပ္ဟာ အႀကိမ္ ၆၀ နီးပါး ပ်ံသန္းခဲ့ပါတယ္။

ref:DVB

====================

Unicode version

ရုရှားလေယာဉ် များကို အမေရိကန် တိုက်လေယာဉ်များမှ ဟန့်တားသည့် ရုပ်/သံထွက်ပေါ်

Posted by Lat Khat Than on Sunday, January 7, 2018

ဘောလ်တစ် ပင်လယ်နား နို်င်ငံတကာ လေပိုင်နက်ထဲမှာ ရုရှားလေယာဉ်တွေကို နေတိုးတပ်ဖွဲ့က အမေရိကန်လေယာဉ်တွေ ကြားဖြတ် ဟန့်တားခဲ့တဲ့ ရှားရှားပါးပါး ရုပ်သံတွေကို အမေရိကန် လေတပ်က ဇန်နဝါရီ ၅ ရက်နေ့မှာ ဖြန့်ချိလိုက်ပါတယ်။

အမှတ် (၄၉၃) တိုက်လေယာဉ်အုပ်က အမေရိကန် တိုက်လေယာဉ်တွေက လေယာဉ်မှူး တွေ ခုလို ဟန့်တားခဲ့တာပါ။

နိုဝင်ဘာမှာတကြိမ်၊ ဒီဇင်ဘာမှာ တကြိမ် ဟန့်တားမှုကို ရုပ်သံ မှတ်တမ်း တင်ခဲ့ပါတယ်။

နှစ်ကြိမ်လုံးမှာ ရုရှားလေယာဉ်တွေဟာ လေကြောင်း ထိန်းသိမ်းမှု လုပ်ငန်းက လိုအပ်တဲ့ သင့်တော်တဲ့ ကုတ်နံပါတ်တွေကို မကြေညာ ခဲ့တဲ့အတွက် ကြားဖြတ် ဟန့်တားခဲ့တာလို့ အမေရိကန် လေတပ်က ပြောပါတယ်။

“ကြားဖြတ်ဟန့်တား ပျံသန်းမှုဟာ ဘောလ်တစ် ပင်လယ် စစ်ဆင်ရေးအတွင်း ပုံမှန် အစိတ်အပိုင်းပါ။ နေ့တိုင်း ဒီလို လုပ်ဖို့ မလိုအပ်ပေမယ့် ဘေးကင်းပြီး ပညာရှင်ဆန်တဲ့ အပြုအမူနဲ့ အမြဲ ဆောင်ရွက်ခဲ့တယ်” လို့ တိုက်လေယာဉ် အုပ်ရဲ့ အုပ်ချုပ်ရေး အရာရှိ ဒုဗိုလ်မှူးကြီး ကိုဒီ ဘလိတ်ခ်က ပြောပါတယ်။

လေးလကြာ တပ်ချအပြီးမှာ နေတိုးရဲ့ ဘောလ်တစ်ပင်လယ် စစ်ဆင်ရေး တာဝန်ကျ တပ်ဖွဲ့ဟာ ဇန်နဝါရီ (၈) ရက်ကစပြီး လစ်သူအေးနီးယားနိုင်ငံက စစ်တပ် အခြေစိုက်စခန်းကနေ ဒိန်းမတ် နိုင်ငံဆီကို ပြောင်းရွှေ့မှာပါ။

အလှည့်ကျ စစ်ဆင်ရေးအတွင်း တိုက်လေယာဉ်အုပ်ဟာ အကြိမ် ၆၀ နီးပါး ပျံသန်းခဲ့ပါတယ်။

ref:DVB

About the author

လက္ခတ္သံ

Leave a Comment