ရုရွားက S-400 ေလေၾကာင္းရန္ ကာကြယ္ေရး ဒံုးက်ည္စနစ္ကုိ ခ႐ုိင္းမီးယားေဒသ၌ ျဖန္႔ၾကက္လုိက္ေျကာင္းထုတ္ျပန္

Zaw Gyi Version

ပင္လယ္နက္ကြၽန္းဆြယ္ လံုၿခံဳေရးႏွင့္စပ္လ်ဥ္း၍ ယူကရိန္းႏွင့္ တင္းမာမႈျမင့္တက္ေနစဥ္ ႐ုရွားႏုိင္ငံက ၎တုိ႔၏ S-400 ေလေၾကာင္းရန္ ကာကြယ္ေရး ဒံုးက်ည္စနစ္ကုိ ခ႐ုိင္းမီးယားေဒသ၌ ျဖန္႔ၾကက္လုိက္ၿပီျဖစ္ေၾကာင္း သိရသည္။ ႐ုရွားအစိုးရသည္ S-400 ေလေၾကာင္းရန္ ကာကြယ္ေရးစနစ္ကုိ ဇန္နဝါရီ ၁၃ ရက္တြင္ ျဖန္႔ၾကက္လုိက္ျခင္းျဖစ္ၿပီး ယင္းဒံုးက်ည္စနစ္သည္ ခ႐ုိင္းမီးယားေဒသ၌ ျဖန္႔ၾကက္သည့္ ဒုတိယေျမာက္ဒံုး က်ည္စနစ္ျဖစ္ေၾကာင္း RIA သတင္း ဌာနက ထုတ္ျပန္သည္။ ပထမဆံုးဒံုးက်ည္ ကာကြယ္ေရးစနစ္ကုိ ၿပီးခဲ့သည့္ႏွစ္တြင္ ျဖန္႔ၾကက္လုိက္ျခင္းျဖစ္သည္။

ယခုဒံုးက်ည္ ကာကြယ္ေရးစနစ္ကုိ ဆီဗက္စတုိပုိၿမိဳ႕အနီး၌ျဖန္႔ၾကက္ရန္ ႐ုရွားကစီစဥ္ထားၿပီး ယူကရိန္းနယ္စပ္ရွိ ႐ုရွားေလ ပုိင္နက္ကုိ ကာ ကြယ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

S-400 ေလေၾကာင္းရန္ ကာကြယ္ေရးစနစ္သည္ အကြာအေဝး ကီလုိမီတာ ၄ဝဝ ရွိ ေလေၾကာင္းပစ္မွတ္မ်ားႏွင့္ ကီလုိမီတာ ၆ဝ အကြာရွိ ပဲ့ထိန္းဒံုးက်ည္မ်ားကုိ ပစ္ခတ္ဖ်က္ဆီးႏုိင္စြမ္းရွိသည္။ ယင္းဒံုးက်ည္စနစ္ကို ၂ဝဝ၇ ခုႏွစ္မွစ၍ အသံုးျပဳလ်က္ရွိေၾကာင္း ႐ုရွား ကာကြယ္ဝန္ႀကီးဌာနက ထုတ္ျပန္ထားသည္။ ခ႐ုိင္းမီးယားေဒသသည္ ႐ုရွားႏုိင္ငံႏွင့္ ျပန္လည္ေပါင္းစည္း ရန္၂ဝ၁၄ ခုႏွစ္ မတ္လတြင္ ေဒသတြင္းလူထု ဆႏၵခံ ယူပြဲတစ္ရပ္ကုိ က်င္းပၿပီးေနာက္ ႐ုရွားအစိုးရက ယင္းေဒသကို ႏုိင္ငံ၏ နယ္နိမိတ္အတြင္းသုိ႔ ထည့္သြင္းခဲ့ျခင္းျဖစ္သည္။

႐ုရွား၏ လုပ္ေဆာင္ခ်က္ကုိ အေနာက္ ႏုိင္ငံမ်ားက ျပစ္တင္ေဝဖန္ၿပီး ယူကရိန္း ပုိင္နက္ကုိ သိမ္းယူျခင္းျ ဖစ္သည္ဟု စြပ္စြဲခ့ဲေၾကာင္း သိရသည္။ ယင္းေနာက္တြင္ ယူကရိန္း အေရွ႕ပုိင္းရွိ ဒြန္ဘက္ေဒသ၌ လက္နက္ကုိင္ ပဋိပကၡမ်ားျဖစ္ပြားရာ ႐ုရွားႏုိင္ငံက ခြဲထြက္ေရးသမားမ်ားအား ေထာက္ပံ့ေပးလ်က္ရွိသည္ဟု အေနာက္ႏုိင္ငံ မ်ားက စြပ္စြဲထားသည္။

Ref : ျမဝတီ

====================

Unicode Version

ပင်လယ်နက်ကျွန်းဆွယ် လုံခြုံရေးနှင့်စပ်လျဉ်း၍ ယူကရိန်းနှင့် တင်းမာမှုမြင့်တက်နေစဉ် ရုရှားနိုင်ငံက ၎င်းတို့၏ S-400 လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်စနစ်ကို ခရိုင်းမီးယားဒေသ၌ ဖြန့်ကြက်လိုက်ပြီဖြစ်ကြောင်း သိရသည်။ ရုရှားအစိုးရသည် S-400 လေကြောင်းရန် ကာကွယ်ရေးစနစ်ကို ဇန်နဝါရီ ၁၃ ရက်တွင် ဖြန့်ကြက်လိုက်ခြင်းဖြစ်ပြီး ယင်းဒုံးကျည်စနစ်သည် ခရိုင်းမီးယားဒေသ၌ ဖြန့်ကြက်သည့် ဒုတိယမြောက်ဒုံး ကျည်စနစ်ဖြစ်ကြောင်း RIA သတင်း ဌာနက ထုတ်ပြန်သည်။ ပထမဆုံးဒုံးကျည် ကာကွယ်ရေးစနစ်ကို ပြီးခဲ့သည့်နှစ်တွင် ဖြန့်ကြက်လိုက်ခြင်းဖြစ်သည်။

ယခုဒုံးကျည် ကာကွယ်ရေးစနစ်ကို ဆီဗက်စတိုပိုမြို့အနီး၌ဖြန့်ကြက်ရန် ရုရှားကစီစဉ်ထားပြီး ယူကရိန်းနယ်စပ်ရှိ ရုရှားလေ ပိုင်နက်ကို ကာ ကွယ်သွားမည်ဖြစ်ကြောင်း သိရသည်။

S-400 လေကြောင်းရန် ကာကွယ်ရေးစနစ်သည် အကွာအဝေး ကီလိုမီတာ ၄ဝဝ ရှိ လေကြောင်းပစ်မှတ်များနှင့် ကီလိုမီတာ ၆ဝ အကွာရှိ ပဲ့ထိန်းဒုံးကျည်များကို ပစ်ခတ်ဖျက်ဆီးနိုင်စွမ်းရှိသည်။ ယင်းဒုံးကျည်စနစ်ကို ၂ဝဝ၇ ခုနှစ်မှစ၍ အသုံးပြုလျက်ရှိကြောင်း ရုရှား ကာကွယ်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ခရိုင်းမီးယားဒေသသည် ရုရှားနိုင်ငံနှင့် ပြန်လည်ပေါင်းစည်း ရန်၂ဝ၁၄ ခုနှစ် မတ်လတွင် ဒေသတွင်းလူထု ဆန္ဒခံ ယူပွဲတစ်ရပ်ကို ကျင်းပပြီးနောက် ရုရှားအစိုးရက ယင်းဒေသကို နိုင်ငံ၏ နယ်နိမိတ်အတွင်းသို့ ထည့်သွင်းခဲ့ခြင်းဖြစ်သည်။

ရုရှား၏ လုပ်ဆောင်ချက်ကို အနောက် နိုင်ငံများက ပြစ်တင်ဝေဖန်ပြီး ယူကရိန်း ပိုင်နက်ကို သိမ်းယူခြင်းြ ဖစ်သည်ဟု စွပ်စွဲခဲ့ကြောင်း သိရသည်။ ယင်းနောက်တွင် ယူကရိန်း အရှေ့ပိုင်းရှိ ဒွန်ဘက်ဒေသ၌ လက်နက်ကိုင် ပဋိပက္ခများဖြစ်ပွားရာ ရုရှားနိုင်ငံက ခွဲထွက်ရေးသမားများအား ထောက်ပံ့ပေးလျက်ရှိသည်ဟု အနောက်နိုင်ငံ များက စွပ်စွဲထားသည်။

Ref : မြဝတီ

====================

 

Share သြားေပးပါမိတ္ေဆြ

Add a Comment

Your email address will not be published. Required fields are marked *