လွှတ်တော်ကိုယ်စားလှယ်များရဲ့အချက်အလက်နှင့် လွှတ်တော်သတင်း များသိစေရန် ပွင့်လင်းလွှတ်တော် (Open Hluttaw) Application

Posted on




မိတ်ဆက်ခဲ့သည်။




















#CD 7day

=========

ပြည်ထောင်စုလွှတ် တော်ကိုယ်စားလှယ်များ၏ ကိုယ် ရေးရာဇဝင်အချက်အလက်နှင့်

လွှတ်တော်သတင်းများကို တစ် နေရာတည်းတွင် စုစည်းဖော်ပြ ပေးမည့် ပွင့်လင်းလွှတ်တော် (Open

Hluttaw) အက်ပလီ ကေးရှင်းကို မြန်မာ့ပ ဉ္စမဏ္ဍိုင်နှင့် ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့ တို့က

မိတ်ဆက်ခဲ့သည်။

Android ဖုန်းနှင့် iOS ဖုန်း အမျိုးအစားနှစ်ခုစလုံးတွင် အသုံး ပြုနိုင်သည့် အက်ပလီကေးရှင်းကို PlayStore

တွင် Open Hluttaw အမည်ဖြင့် အခမဲ့ရယူအသုံးပြု နိုင်သည်။ အင်္ဂလိပ်၊ မြန်မာ နှစ် ဘာသာဖြင့်

အက်ပလီကေးရှင်း ကို ထုတ်ဝေထားပြီး လွှတ်တော် ကိုယ်စားလှယ်များ၏ ကိုယ်ရေး အချက်အလက်နှင့်

ဆက်သွယ်ရန် ဖုန်း၊ အီးမေးလ်တို့ကို နည်းလမ်း မျိုးစုံဖြင့် ရှာဖွေနိုင်ရန် ဖန်တီး ထားသော

အက်ပလီကေးရှင်းဖြစ် သည်။

လွှတ်တော်အသီးသီးရှိ ကော်မတီများတွင် နိုင်ငံရေးပါတီ အလိုက် တာဝန်ယူဆောင်ရွက်နေမှုများ၊

လွှတ်တော်နှင့်ပတ်သက်၍ သတင်းစာနှင့် ဂျာနယ်များ၌ ဖော်ပြခဲ့သည့် သတင်းများ၊ လွှတ်တော်တွင်

အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ဥပဒေများ အစရှိသည်တို့ကို ပွင့်လင်းလွှတ်တော်

အက်ပလီကေးရှင်း၌ အသေးစိတ်ဖော်ပြထားသည်။

ထို့အပြင် လွှတ်တော်နှစ်ခုရှိ ကော်မတီများ၏ တာဝန်များ၊ လုပ်ပိုင်ခွင့်များကို အသေးစိတ် ဖော်ပြထားသည်။

အက်ပလီကေး ရှင်းကို အွန်လိုင်းစနစ်ဖြင့် ချိတ် ဆက်အသုံးပြုရန် ဖန်တီးထား သော်လည်း

အင်တာနက်လိုင်းမရ သည့်အခါ ပြန်လည်ကြည့်ရှုနိုင် ရန် အက်ပလီကေးရှင်းအတွင်း ဒေတာအချက်အလက်

သိမ်း ဆည်းခြင်းကို ခွင့်ပြုထားသည်။

အက်ပလီကေးရှင်းအတွက် Embassy of the Kingdom of the Netherlands က ရန်ပုံငွေ ထောက်ပံ့ပြီး

ရည်ရွယ်ချက်သည် ပြည်သူများနှင့် လွှတ်တော်ကိုယ် စားလှယ်များအကြား ပွင့်လင်း သည့်

အပြန်အလှန်ဆက်ဆံမှုများ အားကောင်းလာစေရန်ဖြစ် ကြောင်း ဦးဆောင်အကောင်အ

ထည်ဖော်ဆောင်ခဲ့သည့် အဖွဲ့အ စည်းနှစ်ခုက ကြေညာသည်။

အက်ပလီကေးရှင်းအတွင်း ရှိ အချို့သောကဏ္ဍများသည် စမ်းသပ်ဆဲကာလဖြစ်သော်လည်း အစိုးရအဖွဲ့၏

အချက်အလက် များအပြင် လွှတ်တော်သုံးရပ်ရှိ အချက်အလက်များကို ပြည့်ပြည့်စုံစုံ စုစည်းထားသည်။

#CD 7day

Leave a Reply

Your email address will not be published. Required fields are marked *