ဆရာခိုကို လိမ္းရုံပဲလိမ္းၾကပါ မေသာက္ၾကပါနဲ ့

Zaw Gyi Version

အားလုံးသိသင့္တယ္ထင္လို႔ပါ…..
က်မပတ္ဝန္းက်င္မွာဆရာခိုေသာက္လို႕အနာ့ပဆုပ္ေတြေပ်ာက္ ဂရင္ဂ်ီနာေပ်ာက္အစာအိမ္ကင္ဆာေပ်ာက္တာေတြျမင္ရၾကားရေတာ့ ကိုယ္လည္းလက္ေတြ႕ေသာက္ၾကည့္ပါတယ္။အစာအိမ္နာတာ ေယာင္တာသက္သာတယ္။ေခ်ာင္းဆိုးတာ ေပ်ာက္ပါတယ္
တခ်ိဳ႕ဆရာမေတြ ေခ်ာင္းဆိုးရင္ လက္နဲ႕တေကာ္ေကာ္ျပီးမ်ိဳခ်လိုက္တာ ၾကားဘူးပါတယ္
သူတို႕ေတြအတြက္ေရာ ဒီေဆးကိုလိမ္းရုံမကေသာက္ေနၾကတဲ့ လက္လွမ္းမွီသမ်ွသူေတြအားလုံးအတြက္ရည္ရြယ္ျပီး ကိုယ္ေတြ႕အေတြ႕အၾကဳံေလးတခုရွယ္ရင္း မျဖစ္သင့္တာမျဖစ္ရေအာင္ၾကိဳတင္ ကာကြယ္ခ်င္လို႕ဒီေဆးေသာက္လို႕ေရာဂါေပ်ာက္တာေတြရွိတဲအေၾကာင္းေရးခဲ့ဘူးတဲ့က်မမွာလည္း အမ်ားကို ကိုယ္ေတြ႕အမွန္ေျပာျပဘို႕တာဝန္ရွိတယ္ ယူဆလို႕ထပ္မံတင္ျပလိုက္ရျခင္းျဖစ္ပါတယ္။

မသကၤာလို႕Google မွာ ဒုတၳာ အေၾကာင္းသမီးကိုရိုက္ရွာခိုင္းလိုက္တာ ဆရာခိုလိမ္းေဆးအေၾကာင္းေဒါက္တာေအးမင္းထူးေရးထားတဲ့ blogယုဇနဥယ်ာဥ္ျမိဳ႕ေတာ္မွာရွာေတြ႕လို႕သတိထားစရာေတြမို႕ဖတ္ၾကည့္ျပီးအေရးၾကီးအခ်က္ေတြျပန္​ေျပာျပလိုက္ပါတယ္။က်မတို႕သတိထားဘို႕လိုတာက လိမ္းေဆး ဟာေသာက္ဖို႕မဟုတ္ဖူးဆိုတာပါ။

ဆရာခိုလိမ္းေဆးမွာ …

နွမ္းဆီ ၂၀က်ပ္သား
မုံညင္းဆီ ၁၃ က်ပ္သား
ေထာပတ္ ၁၂ က်ပ္သား
ေလးညွင္း၁၂က်ပ္သား
ပ်ားဖေယာင္း၁၂က်ပ္သား
ပရုတ္ ၁၂က်ပ္သား
ဇာတိပၹိဳလ္ ၁၂ က်ပ္သား
ဒုတၳာ ၄က်ပ္သား ပါဝင္ပါတယ္။

ဒီပါဝင္ပစၥည္းေတြထဲမွာ ပ်ားဖေယာင္း ဇာတိပၹိဳလ္ဒုတၳာတို႕ဟာ အႏၲရာယ္မ်ားတဲ့ ပစၥည္း အသက္ကိုထိခိုက္ေစတတ္တာမို႕ ေရးလိုက္ရပါတယ္။

က်န္ငါးမ်ိဳးကေတာ့ တန္ေဆး လြန္ေဘးသေဘာမ်ိဳးဂရုစိုက္သင့္ပါတယ္။နွမ္းဆီကဝမ္းသက္ေစတတ္တာ။လူ႕အေရျပားက သုံးလႊာရွိျပီး skin လို႔​ေခၚပါတယ္။နည္းနည္းထူပါတယ္။လူ႕ခႏၶာကိုယ္တြင္း အူလမ္းေၾကာင္းကို ဖုံးထားတာကmucous တဲ့။သူကအင္မတန္ပါးတယ္စုပ္ယူမႈအားေကာင္းတယ္။ဒါေပမယ့္ ထိလြယ္ခိုက္လြယ္တယ္။ ဒီသဘာဝေလးကို သိထားသင့္ပါတယ္။
အေရျပားအတြက္ေပးတဲ့လိမ္းေဆးကိုပါးစပ္ထဲထည့္ရင္ အစာအိမ္နဲ႕ အူလမ္းေၾကာင္းကိုထိခိုက္ေစမယ္။ေနာက္ဆုံးနည္းနည္းပဲသုံးသုံး
ၾကာလာရင္ လူကို ဒုကၡေပးေတာ့မွာ အမွန္ပါ။ဒီအခ်က္မွတ္ထားလိုက္ပါ။

ဒီလိမ္းေဆးမွာ ပ်ားဖေယာင္း bee wax ပါဝင္တယ္ဖေယာင္းမွန္သမ်ွ bee wax ျဖစ္ျဖစ္paraffin wax ျဖစ္ျဖစ္ ဖေယာင္းက ဖေယာင္းပါဘဲတဲ့။ဖေယာင္းမွန္သမ်ွဗိုက္ထဲေရာက္ရင္ အူပိတ္တာျဖစ္နိုင္ပါတယ္။ပ်ိဳ႕အန္ ဗိုက္နာဝမ္းခ်ဳပ္လာတယ္။ဒါကိုwax poisoning လို႕ေခၚတယ္။

ပ်ားဖဗယာင္း က bacteria ဆန္႕က်င္ေစတဲ့ သတၱိရွိပါတယ္။အစိုဓာတ္ထိန္းလ္ုိ႔အေရျပားေျခာက္ေသြ႕မႈမျဖစ္ေအာင္ ကာကြယ္ပါတယ္။

ဒုတၳာဆိုတာက Copper sulphate Cu SO4ဓာတု ပစၥည္းတမ်ိဳးပါ။အင္းဆက္ပိုးမႊား မႈိပိုး ကိုနိုင္လို႔ေရာဂါပိုးမႊားေတြကိုေသေၾကပ်က္စီးေစနိုင္ပါတယ္။အပင္ဖ်န္းေဆးေတြမွာ ပါေလ့ရွိတယ္။အနာလိမ္းေဆး အဖုအက်ိတ္ေပ်ာက္ေဆးေတြမွာပါေလ့ရွိပါတယ္။ေကာင္းတာေတြရွိေပမယ့္ သတိထားသင့္တယ္။

CuSO4 50mg/Kg ထက္မ်ားရင္အဆိပ္သင့္ လကၡဏာေတြခံစားရတယ္။ပါးစပ္ကေသာက္မိရင္ အရင္ဆုံးအန္မယ္။
ဗိုက္နာ ဝမ္းေလ်ွာ ႏွလုံးခုန္ျမန္လာမယ္။ၾကာရင္ အဆိပ္အေတာက္ စြန္႕ထုတ္ေပးတဲ့အသည္းနဲ႕ ေက်ာက္ကပ္ လို အဂၤါေတြ ပ်က္စီးမယ္
ပုံမွန္အားျဖင့္ေသာက္ေဆးမဟုတ္ မေသာက္သင့္ဘူးမ်ားမ်ားေသာက္မိရင္ အသက္ကိုထိခိုက္ေစတတ္တာ

သတိထားပါ။ေနာက္တခုက ဇာတပၹိဳလ္ သူ႕မွာ myristicinဓာတ္ပါတယ္။ ပမာဏမ်ားမ်ားဝင္သြားရင္ ျမင္ ၾကား အာရုံေဝဝါး စိတ္ကစဥ့္ကလ်ားထင္ေယာင္ထင္မွားျဖစ္ေစတတ္။လက္တဆိပ္စာထက္မ်ားရင္ လူအတြက္မေကာင္းေတာ့ပါ
ၾကာရွည္သုံးရင္ Coma လိုဟာမ်ိဳးျဖစ္တတ္ပါတယ္အဖုအက်ိတ္သက္သာေစတတ္ bacteria ပိုးသတ္ေစတတ္ပါတယ္။ပုံမွန္ေတာ့ မေသာက္သင့္ပါက်မတို႕ငယ္စဥ္က လူၾကီးေတြက အဲဒီအသီးေက်ာက္ျပင္ေပၚေသြးျပီး အက်ိတ္အဖု ေတြလိမ္းတတ္တာေတြ႕ဘူးပါရဲ႕။

ေလးညွင္းကလည္း အပူမ်ားတယ္။ အစာအိမ္ပူေလာင္ေစတတ္ပါတယ္။ခ်င့္သုံးသင့္ပါတယ္။ေလာေလာဆယ္ေတာ့ ဆရာခိုလိမ္းေဆးနည္းနည္းေသာက္မိတာေတာင္ ဝမ္းေလ်ွာတဲ့အျဖစ္ေတြ ကိုယ့္အနားမွာၾကဳံေနရလို႔ ဖတ္ၾကည့္ေတာ့ဒုးတၳာရဲ႕အျပစ္ေတြမို႕ အမ်ားျပည္သူေတြဒုကၡမေရာက္ေစခ်င္လို႔ ဒီpost ကိုၾကိဳးစားရိုက္ျပီးတင္လိုက္ပါတယ္။

သူက လိမ္းေဆးပါ။ ေသာက္ရန္မဟုတ္ပါလို႔ေရးထားပါလ်က္ ကိုယ္က ပါဝင္ပစၥည္းေတြရဲ႕အာနိသင္မသိေတာ့ သြားေသာက္ေနရင္
အလြဲေတြ ျဖစ္ အသက္အႏၲရာယ္ၾကဳံရမွာစိုးလို႔သတိေပးပါတယ္။လိမ္းေဆး အနာေပ်ာက္ ထိခိုက္ဒဏ္ရာေပ်ာက္ေဆး
အျဖစ္ကေတာ့ ဆရာခို လိမ္းေဆးအလြန္ေကာင္းတာကိုယ္ေတြ႕ပါ။ေသြးေပါင္က် ေျခလက္ေအးလည္းလူးေပးပါ။ေႏြးေထြးလာပါလိမ့္မယ္။

ေရာဂါေပ်ာက္လိုေဇာနဲ႔သြားေတာ့ မေသာက္လိုက္ျကပါနဲ႕။လိမ္းေဆး ေသာက္ေဆး ခြဲသိနိုင္ၾကပါေစ
စဥ္းစားျပီးသုံးတတ္နိုင္ၾကေစဘို႔ သတိေပးလိုက္ပါတယ္။ေဒါက္တာေအးမင္းထူးရဲ႕blog က အခ်က္အလက္ေတြကိုျပန္ေျပာျပတာပါ။Dr.Aye Min Htoo ကိုေက်းဇူးအထူးတင္ပါတယ္

Credit : TinTinTakisha

========================

Unicode Version

အားလုံးသိသင့်တယ်ထင်လို့ပါ…..
ကျမပတ်ဝန်းကျင်မှာဆရာခိုသောက်လို့အနာ့ပဆုပ်တွေပျောက် ဂရင်ဂျီနာပျောက်အစာအိမ်ကင်ဆာပျောက်တာတွေမြင်ရကြားရတော့ ကိုယ်လည်းလက်တွေ့သောက်ကြည့်ပါတယ်။အစာအိမ်နာတာ ယောင်တာသက်သာတယ်။ချောင်းဆိုးတာ ပျောက်ပါတယ်
တချို့ဆရာမတွေ ချောင်းဆိုးရင် လက်နဲ့တကော်ကော်ပြီးမျိုချလိုက်တာ ကြားဘူးပါတယ်
သူတို့တွေအတွက်ရော ဒီဆေးကိုလိမ်းရုံမကသောက်နေကြတဲ့ လက်လှမ်းမှီသမျှသူတွေအားလုံးအတွက်ရည်ရွယ်ပြီး ကိုယ်တွေ့အတွေ့အကြုံလေးတခုရှယ်ရင်း မဖြစ်သင့်တာမဖြစ်ရအောင်ကြိုတင် ကာကွယ်ချင်လို့ဒီဆေးသောက်လို့ရောဂါပျောက်တာတွေရှိတဲအကြောင်းရေးခဲ့ဘူးတဲ့ကျမမှာလည်း အများကို ကိုယ်တွေ့အမှန်ပြောပြဘို့တာဝန်ရှိတယ် ယူဆလို့ထပ်မံတင်ပြလိုက်ရခြင်းဖြစ်ပါတယ်။

မသင်္ကာလို့Google မှာ ဒုတ္ထာ အကြောင်းသမီးကိုရိုက်ရှာခိုင်းလိုက်တာ ဆရာခိုလိမ်းဆေးအကြောင်းဒေါက်တာအေးမင်းထူးရေးထားတဲ့ blogယုဇနဥယျာဉ်မြို့တော်မှာရှာတွေ့လို့သတိထားစရာတွေမို့ဖတ်ကြည့်ပြီးအရေးကြီးအချက်တွေပြန်​ပြောပြလိုက်ပါတယ်။ကျမတို့သတိထားဘို့လိုတာက လိမ်းဆေး ဟာသောက်ဖို့မဟုတ်ဖူးဆိုတာပါ။

ဆရာခိုလိမ်းဆေးမှာ …

နှမ်းဆီ ၂၀ကျပ်သား
မုံညင်းဆီ ၁၃ ကျပ်သား
ထောပတ် ၁၂ ကျပ်သား
လေးညှင်း၁၂ကျပ်သား
ပျားဖယောင်း၁၂ကျပ်သား
ပရုတ် ၁၂ကျပ်သား
ဇာတိပ္ဖိုလ် ၁၂ ကျပ်သား
ဒုတ္ထာ ၄ကျပ်သား ပါဝင်ပါတယ်။

ဒီပါဝင်ပစ္စည်းတွေထဲမှာ ပျားဖယောင်း ဇာတိပ္ဖိုလ်ဒုတ္ထာတို့ဟာ အန္တရာယ်များတဲ့ ပစ္စည်း အသက်ကိုထိခိုက်စေတတ်တာမို့ ရေးလိုက်ရပါတယ်။

ကျန်ငါးမျိုးကတော့ တန်ဆေး လွန်ဘေးသဘောမျိုးဂရုစိုက်သင့်ပါတယ်။နှမ်းဆီကဝမ်းသက်စေတတ်တာ။လူ့အရေပြားက သုံးလွှာရှိပြီး skin လို့​ခေါ်ပါတယ်။နည်းနည်းထူပါတယ်။လူ့ခန္ဓာကိုယ်တွင်း အူလမ်းကြောင်းကို ဖုံးထားတာကmucous တဲ့။သူကအင်မတန်ပါးတယ်စုပ်ယူမှုအားကောင်းတယ်။ဒါပေမယ့် ထိလွယ်ခိုက်လွယ်တယ်။ ဒီသဘာဝလေးကို သိထားသင့်ပါတယ်။
အရေပြားအတွက်ပေးတဲ့လိမ်းဆေးကိုပါးစပ်ထဲထည့်ရင် အစာအိမ်နဲ့ အူလမ်းကြောင်းကိုထိခိုက်စေမယ်။နောက်ဆုံးနည်းနည်းပဲသုံးသုံး
ကြာလာရင် လူကို ဒုက္ခပေးတော့မှာ အမှန်ပါ။ဒီအချက်မှတ်ထားလိုက်ပါ။

ဒီလိမ်းဆေးမှာ ပျားဖယောင်း bee wax ပါဝင်တယ်ဖယောင်းမှန်သမျှ bee wax ဖြစ်ဖြစ်paraffin wax ဖြစ်ဖြစ် ဖယောင်းက ဖယောင်းပါဘဲတဲ့။ဖယောင်းမှန်သမျှဗိုက်ထဲရောက်ရင် အူပိတ်တာဖြစ်နိုင်ပါတယ်။ပျို့အန် ဗိုက်နာဝမ်းချုပ်လာတယ်။ဒါကိုwax poisoning လို့ခေါ်တယ်။

ပျားဖဗယာင်း က bacteria ဆန့်ကျင်စေတဲ့ သတ္တိရှိပါတယ်။အစိုဓာတ်ထိန်းလ်ုိ့အရေပြားခြောက်သွေ့မှုမဖြစ်အောင် ကာကွယ်ပါတယ်။

ဒုတ္ထာဆိုတာက Copper sulphate Cu SO4ဓာတု ပစ္စည်းတမျိုးပါ။အင်းဆက်ပိုးမွှား မှိုပိုး ကိုနိုင်လို့ရောဂါပိုးမွှားတွေကိုသေကြေပျက်စီးစေနိုင်ပါတယ်။အပင်ဖျန်းဆေးတွေမှာ ပါလေ့ရှိတယ်။အနာလိမ်းဆေး အဖုအကျိတ်ပျောက်ဆေးတွေမှာပါလေ့ရှိပါတယ်။ကောင်းတာတွေရှိပေမယ့် သတိထားသင့်တယ်။

CuSO4 50mg/Kg ထက်များရင်အဆိပ်သင့် လက္ခဏာတွေခံစားရတယ်။ပါးစပ်ကသောက်မိရင် အရင်ဆုံးအန်မယ်။
ဗိုက်နာ ဝမ်းလျှော နှလုံးခုန်မြန်လာမယ်။ကြာရင် အဆိပ်အတောက် စွန့်ထုတ်ပေးတဲ့အသည်းနဲ့ ကျောက်ကပ် လို အင်္ဂါတွေ ပျက်စီးမယ်
ပုံမှန်အားဖြင့်သောက်ဆေးမဟုတ် မသောက်သင့်ဘူးများများသောက်မိရင် အသက်ကိုထိခိုက်စေတတ်တာ

သတိထားပါ။နောက်တခုက ဇာတပ္ဖိုလ် သူ့မှာ myristicinဓာတ်ပါတယ်။ ပမာဏများများဝင်သွားရင် မြင် ကြား အာရုံဝေဝါး စိတ်ကစဉ့်ကလျားထင်ယောင်ထင်မှားဖြစ်စေတတ်။လက်တဆိပ်စာထက်များရင် လူအတွက်မကောင်းတော့ပါ
ကြာရှည်သုံးရင် Coma လိုဟာမျိုးဖြစ်တတ်ပါတယ်အဖုအကျိတ်သက်သာစေတတ် bacteria ပိုးသတ်စေတတ်ပါတယ်။ပုံမှန်တော့ မသောက်သင့်ပါကျမတို့ငယ်စဉ်က လူကြီးတွေက အဲဒီအသီးကျောက်ပြင်ပေါ်သွေးပြီး အကျိတ်အဖု တွေလိမ်းတတ်တာတွေ့ဘူးပါရဲ့။

လေးညှင်းကလည်း အပူများတယ်။ အစာအိမ်ပူလောင်စေတတ်ပါတယ်။ချင့်သုံးသင့်ပါတယ်။လောလောဆယ်တော့ ဆရာခိုလိမ်းဆေးနည်းနည်းသောက်မိတာတောင် ဝမ်းလျှောတဲ့အဖြစ်တွေ ကိုယ့်အနားမှာကြုံနေရလို့ ဖတ်ကြည့်တော့ဒုးတ္ထာရဲ့အပြစ်တွေမို့ အများပြည်သူတွေဒုက္ခမရောက်စေချင်လို့ ဒီpost ကိုကြိုးစားရိုက်ပြီးတင်လိုက်ပါတယ်။

သူက လိမ်းဆေးပါ။ သောက်ရန်မဟုတ်ပါလို့ရေးထားပါလျက် ကိုယ်က ပါဝင်ပစ္စည်းတွေရဲ့အာနိသင်မသိတော့ သွားသောက်နေရင်
အလွဲတွေ ဖြစ် အသက်အန္တရာယ်ကြုံရမှာစိုးလို့သတိပေးပါတယ်။လိမ်းဆေး အနာပျောက် ထိခိုက်ဒဏ်ရာပျောက်ဆေး
အဖြစ်ကတော့ ဆရာခို လိမ်းဆေးအလွန်ကောင်းတာကိုယ်တွေ့ပါ။သွေးပေါင်ကျ ခြေလက်အေးလည်းလူးပေးပါ။နွေးထွေးလာပါလိမ့်မယ်။

ရောဂါပျောက်လိုဇောနဲ့သွားတော့ မသောက်လိုက်ကြပါနဲ့။လိမ်းဆေး သောက်ဆေး ခွဲသိနိုင်ကြပါစေ
စဉ်းစားပြီးသုံးတတ်နိုင်ကြစေဘို့ သတိပေးလိုက်ပါတယ်။ဒေါက်တာအေးမင်းထူးရဲ့blog က အချက်အလက်တွေကိုပြန်ပြောပြတာပါ။Dr.Aye Min Htoo ကိုကျေးဇူးအထူးတင်ပါတယ်

Credit : TinTinTakisha

========================

Share သြားေပးပါမိတ္ေဆြ

Add a Comment

Your email address will not be published. Required fields are marked *