ျမစ္ႀကီးနား ကေမၻာဇဘဏ္သိန္း (၉၂၀) ဓားျပတိုက္ ခံရ

zawgyi version

ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕ ၿမိဳ႕မေစ်းရွိ ကေမၻာဇဘဏ္သည္ ယေန႔ ဇန္နဝါရီ ၂၃ ရက္ေန႔ ညေန ၃ နာရီ ဝန္းက်င္၌ ဓားျပတိုက္မႈျဖစ္ပြားခဲ႔ၿပီး သိန္း ၉၂၀ ဆံုးရႈံးသြားခဲ႔ေၾကာင္း ျမစ္ႀကီးနားၿမိဳ႕၊ ျပည္နယ္လႊတ္ေတာ္ မဲဆႏၵနယ္အမွတ္(၂)မွ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေနဝင္းက ေျပာသည္။

“ကေမၻာဇ ဓားျပတိုက္ခံရတယ္တဲ့။ ဟုတ္ပါတယ္ ။ သိန္း ၉၂၀ ပါသြားတယ္လို႔ ၾကားပါတယ္”ဟု ျမစ္ႀကီးနား ၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္မဲဆႏၵနယ္အမွတ္(၂) မွ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေနဝင္းက အတည္ျပဳသည္။

ဓားျပတိုက္ရာတြင္ အသံုးျပဳသည္႔ တုတ္၊ ဓား၊ လက္နက္အမ်ိဳးအစားမ်ားကုိေတာ႔ မသိရေသးဘဲ ကနဦး အေနျဖင့္သာ သတင္းရရိွေသးသည္။

ထိုကိစၥႏွင့္ပတ္သတ္၍ ျပည္နယ္ရဲတပ္ဖြဲ႕မွ တာဝန္ရွိသူမ်ား သြားေရာက္စစ္ေဆးေနသည္ဟု ကခ်င္ျပည္နယ္ ရဲတပ္ဖြဲ႕မွ တာဝန္ရွိသူတစ္ဦးကေျပာသည္။

“အဲဒါကေလာေလာဆယ္ ဟုတ္တယ္လို႔သိရတယ္ခင္ဗ်။ ကၽြန္ေတာ္တို႔ဆီကလူႀကီးေတြသြားၿပီးေတာ႔ အဲဒီေနရာကို သြားၾကည္႔ေနတုန္းခင္ဗ် ။ ေလာေလာဆယ္အခ်က္အလက္ကေတာ႔မသိရေသးဘူး အဲဒါေၾကာင့္မို႔ေလ”ဟု ကခ်င္ျပည္နယ္ရဲတပ္ဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက ေျပာပါသည္။

KBZ ဘဏ္မွ အဆိုပါ ျဖစ္စဥ္ႏွင့္ပတ္သက္ျပီး “ ၂၀၁၈ ခုႏွစ္၊ ဇန္န၀ါရီလ၊ ၂၃ ရက္ေန႕ ဘဏ္ပိတ္ခ်ိန္ ေနာက္ပိုင္း မြန္းလြဲ ၃ နာရီေက်ာ္ခန္႔တြင္ ျမစ္ၾကီးနားၿမိဳ႕၊ ျမစ္ၾကီးနားေစ်းၾကီး ပထမထပ္ရွိ ကေမာၻဇဘဏ္ မီနီဘဏ္သို႔ လူ ၄ ဦး ရုတ္တရက္၀င္ေရာက္လာၿပီး ဘဏ္အတြင္းရွိ ၀န္ထမ္းမ်ားအား အသင့္ယူေဆာင္လာ ေသာ လက္နက္မ်ားျဖင့္ ၿခိမ္းေျခာက္ကာ ဘဏ္မွ ေငြက်ပ္ သိန္း ၉၂၀ ေက်ာ္ကို လုယူထြက္ေျပးသြားပါသည္” ဟု ဇန္န၀ါရီလ ၂၃ ရက္ ညေန ၅ နာရီခြဲခန္႔တြင္ ထုတ္ျပန္ထားသည္။

လက္ရိွတြင္ ျမစ္ၾကီးနားၿမိဳ႕၊ အမွတ္ (၁) ရဲစခန္းသို႔ ကေမာၻဇဘဏ္မွ အမႈဖြင့္တုိင္ၾကားထားျပီး ျဖစ္ေၾကာင္း သိရသည္။

သု၀ဏၰဘဏ္ခြဲကိုေတြ႕ရစဥ္

ref:mizzima

======================

Unicode version

မြစ်ကြီးနား ကမ္ဘောဇဘဏ်သိန်း (၉၂၀) ဓားပြတိုက် ခံရ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြို့မစျေးရှိ ကမ္ဘောဇဘဏ်သည် ယနေ့ ဇန်နဝါရီ ၂၃ ရက်နေ့ ညနေ ၃ နာရီ ဝန်းကျင်၌ ဓားပြတိုက်မှုဖြစ်ပွားခဲ့ပြီး သိန်း ၉၂၀ ဆုံးရှုံးသွားခဲ့ကြောင်း မြစ်ကြီးနားမြို့၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ဦးနေဝင်းက ပြောသည်။

“ကမ္ဘောဇ ဓားပြတိုက်ခံရတယ်တဲ့။ ဟုတ်ပါတယ် ။ သိန်း ၉၂၀ ပါသွားတယ်လို့ ကြားပါတယ်”ဟု မြစ်ကြီးနား မြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ်(၂) မှ လွှတ်တော်ကိုယ်စားလှယ် ဦးနေဝင်းက အတည်ပြုသည်။

ဓားပြတိုက်ရာတွင် အသုံးပြုသည့် တုတ်၊ ဓား၊ လက်နက်အမျိုးအစားများကိုတော့ မသိရသေးဘဲ ကနဦး အနေဖြင့်သာ သတင်းရရှိသေးသည်။

ထိုကိစ္စနှင့်ပတ်သတ်၍ ပြည်နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ သွားရောက်စစ်ဆေးနေသည်ဟု ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“အဲဒါကလောလောဆယ် ဟုတ်တယ်လို့သိရတယ်ခင်ဗျ။ ကျွန်တော်တို့ဆီကလူကြီးတွေသွားပြီးတော့ အဲဒီနေရာကို သွားကြည့်နေတုန်းခင်ဗျ ။ လောလောဆယ်အချက်အလက်ကတော့မသိရသေးဘူး အဲဒါကြောင့်မို့လေ”ဟု ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။

KBZ ဘဏ်မှ အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး “ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ၊ ၂၃ ရက်နေ့ ဘဏ်ပိတ်ချိန် နောက်ပိုင်း မွန်းလွဲ ၃ နာရီကျော်ခန့်တွင် မြစ်ကြီးနားမြို့၊ မြစ်ကြီးနားစျေးကြီး ပထမထပ်ရှိ ကမ္ဘောဇဘဏ် မီနီဘဏ်သို့ လူ ၄ ဦး ရုတ်တရက်ဝင်ရောက်လာပြီး ဘဏ်အတွင်းရှိ ၀န်ထမ်းများအား အသင့်ယူဆောင်လာ သော လက်နက်များဖြင့် ခြိမ်းခြောက်ကာ ဘဏ်မှ ငွေကျပ် သိန်း ၉၂၀ ကျော်ကို လုယူထွက်ပြေးသွားပါသည်” ဟု ဇန်နဝါရီလ ၂၃ ရက် ညနေ ၅ နာရီခွဲခန့်တွင် ထုတ်ပြန်ထားသည်။

လက်ရှိတွင် မြစ်ကြီးနားမြို့၊ အမှတ် (၁) ရဲစခန်းသို့ ကမ္ဘောဇဘဏ်မှ အမှုဖွင့်တိုင်ကြားထားပြီး ဖြစ်ကြောင်း သိရသည်။

သုဝဏ္ဏဘဏ်ခွဲကိုတွေ့ရစဉ်

ref:mizzima

Share သြားေပးပါမိတ္ေဆြ

Add a Comment

Your email address will not be published. Required fields are marked *