ကမ္းေဇာ္ဆီ နွင့္ ကင္ဆာေရာဂါ

Zaw Gyi Version

တစ္ေလာက မိတ္ေဆြတစ္ေယာက္က ထားဝယ္ အျပန္ လက္ေဆာင္ဆိုၿပီး လစ္ပိုပုလင္းႏွင့္ ထည့္ထားသည့္ ကမ္းေဇာ္ဆီတစ္ပုလင္းကို လာေပးသည္။ အမွန္အတိုင္း ဝန္ခံရရင္ ကမ္းေဇာ္ဆီဆိုတာကို ကြၽန္ေတာ္က ႏွမ္းဆီ၊ ပဲဆီတို႔လို အဆီတစ္မ်ဳိးလို႔ပဲ ထင္သည္။ လစ္ပိုပုလင္းႏွင့္ တစ္ပုလင္းစာေလာက္ကို တကူးတက လာေပးေနရေသး တယ္လို႔ ကြၽန္ေတာ္ကလည္း အလိုက္ကမ္းဆိုးမသိ သြား ေျပာမိသည္။ ဒီမွာတင္ မိတ္ေဆြက ကမ္းေဇာ္ဆီ ဘယ္ ေလာက္ တန္ဖိုးရွိေၾကာင္း၊ ကင္ဆာေရာဂါကိုပင္ အမွန္တကယ္ေပ်ာက္ေစႏိုင္ေၾကာင္း သိပၸံနည္းက် သုေတသနျပဳထားသည့္ အေထာက္အထားေတြလည္း ရွိေၾကာင္း၊ ကရားေရလႊတ္ ေျပာလာပါေတာ့သည္။ တစ္ဆက္တည္းဆိုသလိုပင္ ကမ္းေဇာ္ဆီႏွင့္ပတ္သက္ၿပီး ေထာက္ခံေရးသားထားၾကသည့္ လူနာရွင္မ်ား၏ အေထာက္အထားမွတ္တမ္းမ်ားကို ထုတ္ျပလာသည္။ မိတ္ေဆြထုတ္ျပေသာမွတ္တမ္းမ်ားတြင္ပင္ ေရာဂါမ်ဳိးစံုစြာ ေပ်ာက္ကင္းေၾကာင္းကို ေတြ႔ရသည္။ ကြၽန္ေတာ္လည္း အံ့ၾသမွင္သက္စြာျဖင့္ သူေျပာသမွ်ကို ပါးစပ္အေဟာင္းသားျဖင့္သာ နားေထာင္ေနရသည္။ တစ္ခါမွ် မၾကားဖူးေသာ အေၾကာင္းအရာမ်ားျဖစ္ေန၍လည္း အင္း… လိုက္႐ုံမွ လြဲ၍ တစ္လံုးတစ္ပါဒမွ ဝင္မေျပာျဖစ္ေပ။
မိတ္ေဆြကလည္း ကမ္းေဇာ္ဆီအေၾကာင္း အလံုးစံု ခ်ီးမြမ္းခန္းဖြင့္ၿပီးသကာလ ”သံုးၾကည့္ပါ၊ တကယ္စြမ္း မွ သူ႔ကို ေက်းဇူးတင္ပါ” ဆိုကာ ျပန္သြားေလသည္။ ကြၽန္ေတာ္လည္း သူျပန္သြားမွပင္ ကမ္းေဇာ္ဆီဆိုသည့္ ပုလင္းကိုယူကာ ေသခ်ာေစ့ငုၾကည့္ရေလသည္။ ပုလင္းဖံုး ကို ဖြင့္လိုက္သည္ႏွင့္ စၿပီး ဆီးႀကိဳသည္က သူ၏ အနံ႔၊ ၾကမ္းပိုးနံ႔လိုလို အနံ႔က တစ္ခါ႐ွဴလိုက္တာႏွင့္ ႏွာေခါင္းထဲ စြဲဝင္က်န္ေနသည္။ ခ်က္ခ်င္းပုလင္းကို ႏွာေခါင္းဝကေန ျပန္ခြာလိုက္ရသည္။ ဒီအနံ႕ႏွင့္ ဒီအဆီကို လြယ္လြယ္ကူကူ ေသာက္ဖို႔ဆိုသည္မွာ ေတာ္ေတာ္က်င့္သားရမွပဲ ျဖစ္လိမ့္မည္။ အေရာင္ကေတာ့ အေပၚမွာ အရည္ၾကည္ေတြျဖစ္ၿပီး အလယ္ေလာက္မွာ ႏို႔ႏွစ္ေရာင္ျဖစ္ေနကာ ေအာက္ေျခမွာ အနက္ေရာင္အမႈန္မ်ား ျဖစ္ေနတာ ေတြ႕ရေလသည္။ အဆီ နည္းနည္းကို လက္ညႇဳိးနဲ႔တို႔ၿပီး အရသာ ျမည္းၾကည့္မိသည္။ ခါးသက္သက္အရသာက လွ်ာေပၚမွာ စြဲက်န္ေနသည္။ ေသာက္ခ်င္စိတ္မရွိဘဲ ေသာက္ဖို႔ဆိုသည္မွာ ဘယ္လုိမွ မျဖစ္ ႏိုင္ေသာ အရာပဲ ျဖစ္သည္။ မိတ္ေဆြက တကူးတက လာေပးထားတာဆုိေတာ့ ဗီ႐ုိထဲ ထည့္ကာ သိမ္းထား လိုက္ပါသည္။
ဒီလုိနဲ႔ ကမ္းေဇာ္ဆီကို ေမ့ေနသည္မွာ ႏွစ္လခြဲေလာက္ ၾကာသြားေလသည္။ တစ္ေန႔ အိမ္မွာ အကူအေခၚထားသည့္ အမ်ဳိးသမီးက ေရေႏြးအိုးထဲမွ ေရေႏြးပူကို ဓာတ္ဘူးထဲ ထည့္ေနစဥ္ ဓာတ္ဘူးလဲကာ တစ္ကိုယ္လံုး ေရေႏြးပူ ေလာင္ေလသည္။ အိမ္မွလူေတြလည္း ဘာလုပ္လို႔ ဘာကိုင္ရမွန္းမသိဘဲ ပ်ာယာခတ္ကုန္ၾကသည္။ ခ်က္ခ်င္း ဆိုသလို ဆိုက္ကားဆရာအား ေခၚကာ လမ္းထိပ္ေဆးခန္း ကို ေျပးရသည္။
ဆရာဝန္က လိုအပ္တဲ့ေဆးဝါးေတြေပးကာ ေဆးလိမ္း မွာၾကားၿပီးေနာက္ ျပန္လႊတ္လိုက္သည္။ ျပႆနာက အဲဒီအမ်ဳိးသမီးက လူျဖစ္႐ႈံးပါၿပီဆိုၿပီး ငိုေနျခင္းပင္။ သူ႔ တစ္ကိုယ္လံုးမွာက ေရေႏြးပူေလာင္ထားသည့္ အဖုအပိမ့္ေတြႏွင့္ ကြၽန္ေတာ္လည္း ဘယ္လိုေျဖရွင္းေပးရမလဲမသိ။ ထုိင္ၿပီး စိတ္မေကာင္း ျဖစ္ေနတုန္း သြားစဥ္းစားမိတာက မိတ္ေဆြ ေပးသြားသည္ ကမ္းေဇာ္ဆီကုိပင္။ သူက ကမ္းေဇာ္ဆီဟာ မီးေလာင္နာ၊ ေရေႏြးပူေလာင္နာေတြကို အမာရြတ္မက်န္ ေအာင္ ေပ်ာက္ကင္းႏိုင္တယ္လုိ႔ ေျပာသြားသည္ကုိလည္း မွတ္မိသြားပါသည္။ ကြၽန္ေတာ္လည္း ခ်က္ခ်င္းဆိုသလို ဗီ႐ိုထဲက ကမ္းေဇာ္ဆီပုလင္းကို ေျပးယူၿပီး မိတ္ေဆြေျပာ သြားသည္ထက္ ပိုပိုသာသာေလး အမႊမ္းတင္ကာ သံုးပုံ သံုးနည္း ေျပာျပရေလသည္။
ကမ္းေဇာ္ဆီကို ဂြမ္းႏွင့္ယူၿပီး ေရေႏြးပူေလာင္သည့္အနာေတြေပၚ ခပ္ရႊဲရႊဲေလး လိမ္းေပးလိုက္ၿပီး ပုလင္းပါ တစ္ခါတည္း ေပးလုိက္ပါသည္။ စိတ္မပူဖုိ႔လည္း အထပ္ထပ္ မွာလုိက္ရသည္။ ဒီလုိနဲ႔ တစ္ပတ္ေလာက္ ၾကာေတာ့ ထိုအမ်ဳိးသမီး ျပန္ေပၚလာသည္။ ေရာက္ေရာက္ ခ်င္းပင္ ဝမ္းသာအားရႏွင့္ သူ႔အနာေတြ ေပ်ာက္သြားၿပီဆုိၿပီး ေျပာေလသည္။ ကြၽန္ေတာ္ၾကည့္လုိက္ေတာ့ အမာရြတ္ နည္းနည္း က်န္ေနေပမဲ့ ေတာ္ေတာ္သက္သာေနတာ ေတြ႕ရသည္။ အမာရြတ္ေတြကလည္း ၾကည့္ရဆိုးမေနဘဲ ပံုမွန္အသားအေရနီးပါးအတိုင္းပဲ ျဖစ္ေနပါသည္။ ကြၽန္ေတာ္ လည္း ေတာ္ေတာ္အံ့ၾသသြားမိသည္။ အဲဒီေလာက္ အေျခ အေန ေကာင္းမယ္လုိ႔ ထင္မထားခဲ့။ ကမ္းေဇာ္ဆီရဲ႕အစြမ္း ကိုလည္း ကိုယ္ေတြ႕မို႔ ပိုယံုၾကည္သြားသည္။ ဘာေၾကာင့္ ဒီေလာက္စြမ္းတာလဲ၊ ဘာေတြ သူ႔မွာ ပါဝင္ေနလို႔လဲ၊ ဘယ္လို ေရာဂါမ်ဳိးေတြကို ေပ်ာက္ေစႏိုင္ေသးလဲ။ ဒါေတြကို တကယ္ စိတ္ဝင္စားမိသြားပါသည္။
ခ်က္ခ်င္း Internet ဖြင့္၊ ကမ္းေဇာ္ဆီႏွင့္ ကမ္းေဇာ္ပင္ အေၾကာင္းကို ေလ့လာၾကည့္မိေတာ့ ကမ္းေဇာ္ဆီနဲ႔ ပတ္သက္ ၿပီး ေလ့လာသုေတသနျပဳထားမႈ အေျမာက္အျမားကို ေတြ႕ရ သည္။ အဲဒီထဲမွာ India ႏိုင္ငံရဲ႕သုေတသနျပဳမႈက ပိုမ်ား တာကိုလည္း ေတြ႕ရပါသည္။ ျမန္မာသုေတသီမ်ား၏ စာတမ္း အမ်ားအျပားလည္း အဆင္သင့္ရွိေနပါသည္။ ကမ္းေဇာ္ဆီႏွင့္ ပတ္သက္သမွ်ကို Download ယူၿပီး တစ္ေနကုန္ ေလ့လာျဖစ္သြားပါသည္။ Internet တြင္ ကမ္းေဇာ္ဆီသည္ ကင္ဆာအမ်ိဳးမ်ိဳးကုိ အမွန္တကယ္ ေပ်ာက္ေစသည့္အျပင္ ႐ုိးရာတုိင္းရင္းေဆးတစ္လက္အေနႏွင့္ ေတာ္ေတာ္နာမည္ႀကီးေနသည္ကို ေတြ႕ရသည္။ ဆရာဝန္မ်ား လက္ေလွ်ာ့ထားရသည့္ သားအိမ္ကင္ဆာ၊ ရင္သားကင္ဆာ၊ အဆုတ္ကင္ဆာလုိေရာဂါေတြကုိပင္ ကမ္းေဇာ္ဆီ တစ္လမွ် ေသာက္လုိက္သည္ႏွင့္ အမွန္တကယ္ သက္သာ ေပ်ာက္ ကင္းသြားသည္ကုိလည္း မွတ္တမ္းအမ်ားအျပားကိုလည္း ေတြ႕ရပါသည္။ အရပ္ထဲတြင္ လူေျပာအမ်ားဆံုးအေၾကာင္း ကလည္း ကမ္းေဇာ္ဆီနဲ႔ ကင္ဆာအေၾကာင္းပဲ ျဖစ္ပါသည္။ ဤသုိျဖင့္ Internet တြင္ ရွာေဖြေတြ႕ရွိသမွ် မိတ္ေဆြရဲ႕ ေျပာစကား၊ ကြၽန္ေတာ္ကိုယ္တိုင္ ကိုယ္ေတြ႕ၾကံဳခဲ့ရတဲ့ အျဖစ္အပ်က္မ်ားက ကမ္းေဇာ္ဆီနဲ႔ပတ္သက္ၿပီး ျပည့္စံုတဲ့ ဇာတ္လမ္းတစ္ပုဒ္ ျဖစ္လိမ့္မည္ဟု ယံုၾကည္သျဖင့္ ကမ္းေဇာ္ ဆီအေၾကာင္းကို ျပည့္ျပည့္စံုစံုသိခ်င္သူမ်ားကုိ ျပန္လည္ ေဝမွ်ဖုိ႔ စိတ္ကူးမိခဲ့ပါသည္။ စိတ္ကူးမိသည့္အတိုင္းလည္း အေကာင္အထည္ ေဖာ္ခဲ့ပါသည္။

ကမ္းေဇာ္ဆီ
ကမ္းေဇာ္ဆီကို ျမန္မာႏုိင္ငံတြင္းမွာဆိုလွ်င္ တနသၤာရီတိုင္းမွာရွိတဲ့ ၿမိတ္၊ ဘုတ္ျပင္းနဲ႔ ထားဝယ္ၿမိဳ႕အနီးတစ္ဝိုက္ မွာပဲ အမ်ားဆံုးေပါက္ေရာက္တာကို ေတြ႕ရသည္။ ၿမိတ္နဲ႔ ဘုတ္ျပင္းဘက္က အပင္ေတြက ေရစပ္စပ္ရွိတဲ့ ပင္လယ္ ကမ္းစပ္တို႔၊ ရႊံ႕ႏြံထူတဲ့အပိုင္းမ်ဳိးေတြမွာပဲ ေပါက္ေရာက္ တတ္လို႔ ေရကမ္းေဇာ္လို႔ ေခၚၾကၿပီး ထားဝယ္ဘက္မွာ ေပါက္ေရာက္တဲ့အပင္ေတြေတာ့ ကုန္းေပၚမွာ ေပါက္ ေရာက္ၾကလို႔ ကုန္းကမ္းေဇာ္လို႔ ေခၚၾကသည္။ အရြက္ အပြင့္၊ အသီးေတြ အနည္းငယ္ျခားနားတာမ်ဳိးကလြဲရင္ ကမ္းေဇာ္ဆီကရတဲ့ အဆီရဲ႕အက်ဳိးအာနိသင္ကေတာ့ အတူ တူပင္။ တခ်ိဳ႕က သူ႔ကုိ မယ္ဇယ္ပင္ (မည္စည္ပင္) နဲ႔ တူလုိ႔ ေရမယ္ဇယ္ဆုိၿပီး ေခၚၾကတာလည္း ရွိပါသည္။အပင္၏ပ်မ္းမွ်အျမင့္က ေပ ၇ဝ အထိ ရွိတတ္ၿပီး အပင္ အရြယ္ေရာက္ဖို႔ ၈ ႏွစ္ကေန ၁၃ ႏွစ္ ၾကာတတ္သည္။ အပင္သက္တမ္း ၆ဝ ေလာက္အထိ အသီးေကာင္းေကာင္း သီးႏိုင္သည္။ ေနာက္ၿပီး ကမ္းေဇာ္ပင္၏ ထူးျခားခ်က္က ႏွစ္တိုင္း အသီးသီးတာမ်ဳိးမဟုတ္ဘဲ သံုးႏွစ္မွ တစ္ခါ အသီးသီးပါသည္။ အိႏိၵယ Websites မ်ားမွ ေဖာ္ျပထား ခ်က္အရဆို ကမ္းေဇာ္ပင္တစ္ပင္က ကမ္းေဇာ္ဆီ တန္ခ်ိန္ ၁၈ဝဝဝဝ ထိ ထြက္တယ္လို႔ ဆိုပါသည္။ ကြၽန္ေတာ့္အျမင္ အရေတာ့ တန္ခ်ိန္ ၁၈ဝဝဝဝ ဟာ အပင္သက္တမ္းကုန္လို႔ ေနာက္ဆံုး အသီးသီးမယ့္အခ်ိန္အထိ တြက္ထားတာ ျဖစ္ႏုိင္သည္။ အပင္၏အသက္ႏွင့္ အရြယ္အစားကေတာ့ ေျမအေနအထားေပၚမူတည္ၿပီး ကြဲျပားေကာင္း ကြဲျပားမည္ ျဖစ္သည္။
ကမ္းေဇာ္ဆီ၏႐ုကၡေဗဒအမည္မွာ Bassia Longfolia Linn ျဖစ္ပါတယ္။ “Sapotaceae” မ်ဳိးရင္းမွာ ပါၿပီး အဂၤလိပ္လို “Mahua Tree” ဟု ေခၚသည္။ ဒါက India အသံထြက္ကို ဖလွယ္ထားတာ ျဖစ္ပါလိမ့္မည္။
Internet Blog တစ္ခုမွာ ေတြ႕ရတဲ့ ပုသိမ္တကၠသိုလ္၊ ႐ုကၡေဗဒဌာနမွ မမိုးမိုးလြင္ဆိုသည့္ အစ္မတစ္ေယာက္၏ Ph.D အတြက္ ျပဳစုထားတဲ့ ကမ္းေဇာ္ဆီနဲ႔ပတ္သက္တဲ့ Thesis ဟာလည္း ျပည့္စံုလံုေလာက္တာကို ေတြ႔ရပါ သည္။ အဲဒီအစ္မ မမိုးမိုးလြင္နဲ႔ အဲဒီအေၾကာင္းကို ေဖာ္ျပ ေပးတဲ့ သက္ဆိုင္ရာဘေလာ့ဂ္တို႔ကို ဒီေနရာကေန Credit ေပးေၾကာင္းကိုလည္း ေဖာ္ျပခ်င္ပါသည္။
အဲဒီအစ္မရဲ႕စာတမ္းအဆိုအရ ကမ္းေဇာ္ပင္ကို ေတာင္ မင္းဂြတ္၊ သစ္ၾကမ္းပိုးလို႔လည္း ေခၚေၾကာင္း သိရပါသည္။ ကမ္းေဇာ္ဆီ၏အသားက နီညဳိေရာင္ရွိၿပီး သစ္မာအမ်ဳိးအစား ျဖစ္သည္။ သက္တမ္းရင့္ ကမ္းေဇာ္ပင္တစ္ပင္ဟာ လံုးပတ္ ၆ ေပ၊ ၇ ေပခန္႔ ရွိတတ္တဲ့အတြက္ အပင္တစ္ပင္တည္းနဲ႔ အိမ္တစ္လံုးျဖစ္ေအာင္ ေဆာက္ႏိုင္တယ္လို႔လည္း ေဒသခံ ေတြက ဆိုေၾကာင္း သိရပါသည္။ ကမ္းေဇာ္ပြင့္၏အေရာင္က ႏို႔ႏွစ္ေရာင္ျဖစ္ၿပီး အသီးက ခေရသီးႏွင့္ တူပါသည္။ ခေရသီးထက္ေတာ့ ႀကီးပါသည္။ ကမ္းေဇာ္ပင္၏ အပြင့္ ေတြက အဆုပ္လိုက္ ပြင့္ၿပီး အသီးေတြက အဆုပ္လုိက္ သီး၏။ အသီးကို အခြံခြာလိုက္လွ်င္ အတြင္း၌ ေျမပဲဆန္ႏွင့္ တူတဲ့ အေစ့ရွိပါသည္။ ထုိအေစ့ကို ႀကိတ္ၿပီး ျဖစ္ျဖစ္၊ ေပါင္းခံၿပီးျဖစ္ျဖစ္ အဆီကို ထုတ္ယူရျခင္း ျဖစ္သည္။ ဒါ ဟုိးေရွးပေဝသဏီကတည္းက သံုးခဲ့တဲ့ နည္းလမ္း ေတြပင္။ ဘယ္လုိနည္းႏွင့္ျဖစ္ျဖစ္ ရတဲ့အဆီရဲ႕ အာနိသင္ မွာေတာ့ အတူတူပင္။ ကမ္းေဇာ္ပင္၏အျခား အစိတ္အပိုင္း ေတြကုိေတာ့ သိပ္မသံုးၾကပါ။ တန္ခူးလ၊ ကဆုန္လနဲ႔ နယုန္လေတြဟာ ကမ္းေဇာ္သီးသီးတဲ့ရာသီ ျဖစ္သည္။ အရင္က ဒီေလာက္ေစ်းမႀကီးေသးေပမဲ့ အခုေနာက္ပိုင္း ကင္ဆာေပ်ာက္တယ္ဆိုသည့္ သတင္းစကားရယ္၊ ေရာဂါ အေတာ္မ်ားမ်ားကို သူ႔အဆီခ်ည္းသက္သက္ႏွင့္ ႏိုင္နင္းတယ္ ဆိုသည့္ သတင္းစကားမ်ားေၾကာင့္ ယခင္ ၄ဝ သားဝင္ တစ္ပုလင္း ၂ဝဝဝဝ ေလာက္ကေန အခုဆို ၄ဝဝဝဝ၊ ၅ဝဝဝဝ ေပးဝယ္တာေတာင္ လိုသေလာက္ ဝယ္လုိ႔မရႏိုင္ ေအာင္ ရွိေနပါသည္။ ဒီၾကားထဲ လူႀကိဳက္မ်ားသည္ကို အခြင့္ေကာင္းယူၿပီး အတုေတြ၊ အေရာေတြကလည္း လႈိင္လိႈင္ ႀကီးကို ေပၚေနေတာ့သည္။ ကမ္းေဇာ္ဆီသာ စစ္လွ်င္ တကယ္စြမ္းတာကေတာ့ အမွန္ျဖစ္ပါသည္။ စား႐ံု၊ လူးေပး႐ံုႏွင့္ ကုသဖို႔ခက္ခဲသည့္ ကင္ဆာအနာေရာဂါပင္ အမွန္ ေပ်ာက္ကင္းေၾကာင္း မ်က္ျမင္ေတြ႔ရွိသိရွိခဲ့ရပါသည္။ ထိခိုက္၊ ပြန္းပဲ့၊ ဓားထိ၊ ေသြးထြက္ေသာအနာမ်ားကို ကမ္းေဇာ္ဆီျဖင့္ ခ်က္ခ်င္း လိမ္းေပးပါက ထြက္ေနေသာ ေသြးမ်ားတိတ္ၿပီး အနာ အေပ်ာက္ျမန္တာကိုလည္း ေတြ႕ခဲ့ ရသည္။ အဆစ္အမ်က္ကိုက္ခဲျခင္း၊ ေခါင္းမူး ေခါင္း ကိုက္ျခင္းမ်ား၊ ေခ်ာင္းဆိုးျခင္း၊ သလိပ္က်ပ္ျခင္းအပါအဝင္ ၉၆ ပါးေသာေရာဂါေတြမွာလည္း ကမ္းေဇာ္ဆီက အက်ဳိး သက္ေရာက္မႈရွိတာကို ေလ့လာေတြ႕ရွိခဲ့ရပါသည္။

ကမ္းေဇာ္ဆီႏွင့္ ေဆးဖက္ဝင္မႈမ်ား
ကမ္းေဇာ္ဆီကို စနစ္တက် ဓာတ္ခြဲစမ္းသပ္ၾကည့္တဲ့ အခါ Polysaccharide, Saponin, Flavonoid, Sterol, B- Carotenes, alenolid acid, Fatty acid, Palmitic, Stearic, Olesc, Linoleic တို႔ အေျမာက္အျမားပါဝင္ သည္ကိုလည္း ေတြ႕ရသည္။ ေနာက္ၿပီး ကမ္းေဇာ္ဆီက Cholestrol ကို တိုးေစတာမ်ဳိး မရွိသည့္အတြက္လည္း စိတ္ခ်လက္ခ် ေသာက္သံုးႏိုင္တာျဖစ္သည္။ အဆီကို ေသာက္ရတာဆုိေတာ့ တခ်ိဳ႕က အဆီပိတ္မွာကို ေၾကာက္ တတ္ၾက၍ပင္။ ကမ္းေဇာ္ဆီစစ္လွ်င္ သံုးႏွစ္ေလာက္ထား တာေတာင္ အနံ႔အရသာမေျပာင္းလဲတတ္ပါ။ အေရာအေႏွာ ေတြ၊ အတုေတြက လနည္းနည္းၾကာတာနဲ႔ ရနံ႔ျပယ္သြား တတ္ပါသည္။ ဒါဟာ ကမ္းေဇာ္ဆီႏွင့္ပတ္သက္သည့္ အေၾကာင္းေတြ ျဖစ္ပါသည္။
ကမ္းေဇာ္ဆီကို ေသာက္တဲ့အက်င့္ တစ္ပတ္ေလာက္ သာ ရွိရင္ ကမ္းေဇာ္ဆီ စစ္ မစစ္ဆုိတာကို ေသာက္ၾကည့္ၿပီး ေကာင္းေကာင္း ခဲြျခားတတ္သြားမွာလည္း ျဖစ္ပါသည္။
ကမ္းေဇာ္ဆီ၏ေဆးအသံုးမ်ားအေနႏွင့္ အိႏၵိယ ေဆးက်မ္းမ်ား အဆိုအရ အေရျပားအနာ ေရာင္ရမ္း တာေတြ၊ တျခားေဆးေသာက္သံုးမိတဲ့ ေဆးဝါးမ်ားရဲ႕ ဓာတ္မတည့္တဲ့ျဖစ္စဥ္ေတြ၊ ေဆး Over Dose ျဖစ္တာေတြ၊ က်ီးေပါင္းေရာဂါေတြမွာ သံုးႏိုင္တယ္ဟု ဆိုထားသည္။ ျမန္မာေဆးက်မ္းမ်ား၏အလိုအရ ေအာက္ပါအတိုင္း ေတြ႕ရ သည္။

၁။ အစာအိမ္ကင္ဆာ၊ ရင္သားကင္ဆာ၊ အဆုတ္ကင္ဆာ အမ်ဳိးမ်ဳိးကို ေသာက္၊ လိမ္းေစရ၏။
၂။ အလံုးအက်ိတ္အဖု (ကင္ဆာ) တို႔ကို ေသာက္လိမ္း ေစရ၏။ (တုိင္းရင္းေဆးခန္းသံုးေဆး ၄၃ ႏွင့္ေရာ ေဖ်ာ္လိမ္းပါက ပိုေကာင္း၏)
၃။ ေခ်ာင္းဆိုးေသာ္ ရင္ဝတြင္ လိမ္း၍ ေသာက္ေစရ၏။
၄။ ေယာက္်ားမ်ား ေဘာက်လွ်င္၊ လည္ပင္းႀကီးေရာဂါ ျဖစ္လွ်င္ လိမ္း၊ ေသာက္ရ၏။
၅။ အနာအမ်ဳိးမ်ဳိးကို လိမ္းေပးႏိုင္၏။
၆။ ထိခိုက္ပြန္းပဲ့ရွနာႏွင့္ ေသြးထြက္မ်ားေသာအနာ၊ ဆီးခ်ဳိ ေၾကာင့္ျဖစ္ေသာအနာ အနာအို အနာေဆြးကုိ လိမ္းေပး ရ၏။ ဆီးခ်ဳိေၾကာင့္ျဖစ္ေသာ ေပါင္ျခံ၊ ဆီးခံု၊ ခ်ဳိင္း ၾကား၊ ႏို႔ၾကား အနာအဖုကေလးမ်ားကို လိမ္းေပး ရ၏။
၇။ ေခါင္းကိုက္လွ်င္ နားထင္ႏွင့္ ငယ္ထိပ္တြင္ နာနာပြတ္ လိမ္းေပးရ၏။
၈။ ယားနာအဖုအပိမ့္အကြက္ေပၚျခင္းကို လိမ္းေပးရ၏။
၉။ အပူေလာင္နာအတြက္ မီေလာင္ဖုမထရန္ႏွင့္ အမာရြတ္ ေပၚျခင္းကို လိမ္းေပးႏိုင္၏။
၁ဝ။ ကေလးမ်ားအပူနာ အနာစက္ျပည္တည္နာ၊ အိုင္းနာ၊ အဖုအက်ိတ္အနာကို တုိင္းရင္းေဆးခန္းသံုးေဆး ၄၃ ႏွင့္ ေဖ်ာ္၍ လိမ္းေပးႏိင္၏။
၁၁။ ကေလးမ်ား အဖ်ားအပူက်ေစရန္ တုိင္းရင္းေဆးခန္း သံုး ေဆး ၄၇ ႏွင့္ ေဖ်ာ္၍ ပါးပါးလိမ္းေပးရ၏။
၁၂။ လိပ္ေခါင္းေရာဂါ စအိုကြဲ၊ ဖေနာင့္ကြဲ၊ နားကြဲ၊ ႏႈတ္ခမ္း ကြဲ၊ လွ်ာကြဲ၊ မွကၡ႐ုကို လိမ္းေပးရ၏။
၁၃။ ဒူးနာ၊ ခါးနာ၊ အဆစ္အမ်က္နာ၊ ေညာင္းညာျခင္းကို အေၾကာျပင္၍ လိမ္းေပးရ၏။
၁၄။ အနာေရာင္ရမ္းကိုက္ခဲျခင္းကို လိမ္းေပးပါ။
၁၅။ ေလျဖတ္၊ ထံုက်င္ကိုက္ခဲျခင္း ဇာတ္ခိုင္ကို အေၾကာ ျပင္၍ လိမ္းေပးရ၏။
၁၆။ နားနာ၊ နားေလထြက္ကို ဆီတစ္စက္ထည့္ၿပီး ဂြမ္းဆို႔ ထားပါ။
၁၇။ အိပ္ရာေက်ာပူအနာကို တစ္ေန႔ ၄ ႀကိမ္ လိမ္းေပးရ ၏။ (ကြမ္းသီးေသြးရည္၊ တုိင္းရင္းေဆးခန္းသံုးေဆး ၄၃၊ ဝိုင္အိုလက္ေပါင္ဒါလည္း လိမ္းႏုိင္၏)
၁၈။ အသက္ရွည္က်န္းမာရန္ ထမင္းပူပူႏွင့္ နယ္စားေစ ရ၏။
၁၉။ ဝမ္းကိုက္၊ ဝမ္းေလွ်ာကို ေသာက္ေစ၊ လိမ္းေစရ၏။
၂ဝ။ ေလျဖတ္၊ အဆုတ္ျပြန္ေရာင္ကို လိမ္းေစ၊ ေသာက္ေစ ရ၏။
၂၁။ ေျမြကိုက္ေသာ္ လိမ္းေပးပါ။ ေျမြကိုက္၍ အနာပုပ္က် ျခင္းကို ေကာင္းေစၿပီး အနာက်က္ေစ၏။
ၿမိတ္ခ႐ိုင္တိုင္းရင္းေဆးပညာဦးစီးဌာနက တိုင္းဦးစီးမွဴးျဖစ္တဲ့ ေဒၚဝါဝါရဲ႕စာတမ္းမွာေဖာ္ျပထားသည့္ ကမ္းေဇာ္ဆီနဲ႔ ေပ်ာက္ကင္းသည့္ေရာဂါေတြအေၾကာင္းကို စာဖတ္သူ မ်ားအတြက္ ထပ္ဆင့္ေဝမွ်ခ်င္ပါေသးသည္။
၁။ ဝမ္းတြင္း၌ ျဖစ္တတ္ေသာေရာဂါမ်ား၊ အဖုအက်ိတ္ မ်ား၊ အစာအိမ္အနာ၊ ေခ်ာင္းဆိုးေသြးပါေရာဂါမ်ားတြင္ အဆီလက္ဖက္ရည္ဇြန္းတစ္ဇြန္းႏွင့္ ပ်ားရည္တစ္ဇြန္း ေရာစပ္ၿပီး တစ္ေန႔ သံုးႀကိမ္ေသာက္ပါက သက္သာေစ ပါသည္။
၂။ အပူေလာင္ျခင္း၊ ေရေႏြးပူေလာင္ျခင္း၊ မီးပူေလာင္ျခင္း၊ ထိခိုက္ရွနာမ်ား၌ အဆီကို ဝါဂြမ္းသန္႔ႏွင့္ ဆြတ္၍ လိမ္းေပးပါက အနာကို လ်င္ျမန္စြာ က်က္ေစၿပီး အေရျပား၌ အဖုထျခင္း၊ ပူျခင္း၊ စပ္ျခင္း၊ အသားအေရ ကို ေလာင္ေစျခင္းမ်ားမရွိဘဲ ပကတိအသားအေရ အတိုင္း ျပန္လည္ေကာင္းမြန္ပါသည္။
၃။ ပန္းနာရင္က်ပ္၊ ေလထိုးေလေအာင့္၊ မီးယပ္ေရာဂါအမ်ဳိး မ်ဳိး၊ အသားအေရခန္းေျခာက္ျခင္း၊ အစာမေၾကျခင္း၊ ပ်ဳိ႕အန္ျခင္းေရာဂါမ်ားတြင္ အဆီကို တစ္ခါေသာက္ လက္ဖက္ရည္ဇြန္းတစ္ဇြန္း၊ တစ္ေန႔ သံုးႀကိမ္၊ အစား မစားမီ ေသာက္ေစျခင္းျဖင့္ သက္သာေစပါသည္။
၄။ အနာရြတ္မ်ား၊ အကြက္မ်ား၊ အေရျပားေပၚတြင္ အနာ အမ်ဳိးမ်ဳိးျဖစ္ပြားၿပီး ၾကမ္းတမ္းေနလွ်င္ အဆီကို တစ္ေန႔ သံုးႀကိမ္လိမ္းျခင္းျဖင့္ သက္သာေပ်ာက္ကင္း ေစပါသည္။
၅။ ေႏြရာသီ၌ ကေလးမ်ား အေရျပားေပၚ၌ ျဖစ္တတ္ေသာ အပူနာအမ်ဳိးမ်ဳိး၊ အနာစက္၊ ျပည္တည္နာ၊ အိုင္း၊ အလံုးအက်ိတ္ငယ္ေလးမ်ားကို ကမ္းေဇာ္ဆီႏွင့္ တိုင္းရင္းေဆးခန္းသံုး ေဆးအမွတ္-၄၃ ႏွင့္ ေရာစပ္ၿပီး တစ္ေန႔ သံုးႀကိမ္ လိမ္းေပးပါက သက္သာ ေပ်ာက္ကင္းေစပါသည္။
၆။ ဒူလာ၊ လိပ္ေခါင္းစအိုကြဲနာ၊ ေျခကြဲနာ၊ သားအိမ္ေရာဂါ မ်ားတြင္ အဆီတစ္မ်ဳိးတည္းျဖင့္ ျဖစ္ေစ၊ ေထာပတ္ႏွင့္ ေရာစပ္၍ ျဖစ္ေစ လိမ္းေပးပါက အနာမ်ားကို အျမန္ က်က္ေစ၊ က်ဳံ႕ေစသည္။
၇။ အေၾကာေရာဂါမ်ား၊ ဇက္ခိုက္ျခင္း၊ ခါးနာျခင္း၊ အဆစ္ အမ်က္ ကိုက္ခဲျခင္း၊ ေရာင္ျခင္း၊ ထံုက်ဥ္ျခင္း၊ အနာ မန္း ရွိၿပီး ေရာင္ရမ္းျခင္းတို႔ကို တစ္ေန႔လွ်င္ သံုးႀကိမ္ လိမ္းေပးျခင္းျဖင့္ သက္သာေပ်ာက္ကင္းေစပါသည္။
၈။ နားအူျခင္း၊ နားတြင္းအနာျဖစ္ျခင္း၊ နားေလထြက္ျခင္း၊ နားထဲတြင္ အဆီမ်ား ခမ္းေျခာက္ျခင္း၊ တင္းျခင္း၊ ယားယံ ျခင္းမ်ားျဖစ္လွ်င္ ကမ္းေဇာ္ဆီကို နားထဲသို႔ ႏွစ္စက္ခန္႔ ႏွစ္ႀကိမ္ ထည့္ေပးျခင္းျဖင့္ သက္သာ ေပ်ာက္ကင္းေစပါသည္။
၉။ အက်ိတ္အဖုမ်ား၊ အလံုးအက်ိတ္မ်ား၌ ကမ္းေဇာ္ဆီ ႏွင့္ အနာမန္းက်ေစသည့္ လိမ္းေဆးတစ္မ်ဳိးမ်ဳိးႏွင့္ ျဖစ္ေစ၊ တိုင္းရင္ေဆးခန္းသံုး ေဆးအမွတ္-၂၉ ႏွင့္ ၄၃ တြဲစပ္ၿပီး တစ္ေန႔သံုးႀကိမ္ လိမ္းေပးပါက သက္သာေပ်ာက္ကင္းေစပါသည္။
၁ဝ။ နာတာရွည္လူနာမ်ား အိပ္ရာအပူေလာင္နာမျဖစ္မီ အေရ ျပား နီျမန္းေနပါက အဆီကို တစ္ေန႔ ငါးႀကိမ္ခန္႔ လိမ္းေပးျခင္းျဖင့္ မူလအသားအေရအတိုင္း ျပန္လည္ ေကာင္းမြန္လာၿပီး အိပ္ရာနာ (Bed Sore) ျဖစ္ျခင္းမွ ၈ဝ ရာခိုင္ႏႈန္း ကာကြယ္တားဆီးႏိုင္ေၾကာင္း စမ္းသပ္ ေတြ႕ရွိပါသည္။
၁၁။ ေဒသခံျပည္သူမ်ားသည္ အနာေရာဂါႀကီးမ်ား ေရာဂါ က ကြၽမ္းေနၿပီျဖစ္၍ ကုသမရႏိုင္ေတာ့ေၾကာင္း မျဖစ္ပြားေစရန္ အဆီကို ထမင္းႏွင့္ နယ္စားျခင္း၊ ေန႔စဥ္ လက္ဖက္ရည္ဇြန္း တစ္ဇြန္း၊ တစ္ေန႔ ႏွစ္ႀကိမ္ ေသာက္သံုးေနသူမ်ားကို ေတြ႕ရွိရၿပီး အနာကင္းတာ အသက္ရွည္၍ ခြန္အားကို ျဖစ္ေစပါသည္။
၁၂။ အဖ်ားတက္ၿပီး အပူႀကီးေနသူမ်ားကို ၁၅ မိနစ္ျခား တစ္ႀကိမ္ တစ္ကိုယ္လံုးကို ကမ္းေဇာ္ဆီ မၾကာခဏ လိမ္းေပးပါက ကိုယ္ပူက်ေစၿပီး ကေလးမ်ား၏ ကိုယ္ ေပၚ၌ ျခင္ကိုက္ဖုမ်ားကို မၾကာခဏ လိမ္းေပးပါက အနီစက္မ်ား လ်င္ျမန္စြာ ေပ်ာက္ကင္းေၾကာင္း ေတြ႕ရွိ ရသည္။ ကမ္းေဇာ္ဆီ အသံုးျပဳစဥ္ မလိုလားအပ္ေသာ ေဘးထြက္ဆိုးက်ဳိးလကၡဏာမ်ား၊ အျပစ္မ်ား မေတြ႕ရွိ ရပါ။

ဒါေတြကေတာ့ ယေန႔လူေျပာမ်ားေနတဲ့ ကမ္းေဇာ္ဆီ နဲ႔ ပတ္သက္တဲ့အေၾကာင္းအရာ အကုန္ပဲ ျဖစ္ပါသည္။ ကမ္းေဇာ္ဆီေၾကာင့္ ေရာဂါေပ်ာက္ကင္းသြားၾကတဲ့ ကင္ဆာ ေဝဒနာရွင္ေတြ၏ ကိုယ့္ေတြ႕ဇာတ္လမ္းမ်ား အမ်ားႀကီး ရွိပါေသးသည္။ သို႔ေသာ္လည္း စာမ်က္ႏွာကို ငဲ့ကြက္ၿပီး ဒီေလာက္နဲ႔တင္ ရပ္လိုက္တာျဖစ္ပါသည္။ထပ္ဆင့္ေျပာခ်င္သည္ကေတာ့ တကယ္သံုးၾကည့္ပါ။ စစ္မွန္ဖို႔ေတာ့ အေရးႀကီးပါသည္။ ဆရာစံု၊ ေငြကုန္ေနသူမ်ား အတြက္ ေနာက္ဆံုး ေကာက္႐ုိးတစ္မ်ဳိးျဖစ္ႏိုင္တာမို႔ စမ္းသပ္ ၾကည့္ၾကပါဟု ေျပာခ်င္ပါသည္။

Credit : ျပည့္ႏိုင္

======================

Unicode Version

တစ်လောက မိတ်ဆွေတစ်ယောက်က ထားဝယ် အပြန် လက်ဆောင်ဆိုပြီး လစ်ပိုပုလင်းနှင့် ထည့်ထားသည့် ကမ်းဇော်ဆီတစ်ပုလင်းကို လာပေးသည်။ အမှန်အတိုင်း ဝန်ခံရရင် ကမ်းဇော်ဆီဆိုတာကို ကျွန်တော်က နှမ်းဆီ၊ ပဲဆီတို့လို အဆီတစ်မျိုးလို့ပဲ ထင်သည်။ လစ်ပိုပုလင်းနှင့် တစ်ပုလင်းစာလောက်ကို တကူးတက လာပေးနေရသေး တယ်လို့ ကျွန်တော်ကလည်း အလိုက်ကမ်းဆိုးမသိ သွား ပြောမိသည်။ ဒီမှာတင် မိတ်ဆွေက ကမ်းဇော်ဆီ ဘယ် လောက် တန်ဖိုးရှိကြောင်း၊ ကင်ဆာရောဂါကိုပင် အမှန်တကယ်ပျောက်စေနိုင်ကြောင်း သိပ္ပံနည်းကျ သုတေသနပြုထားသည့် အထောက်အထားတွေလည်း ရှိကြောင်း၊ ကရားရေလွှတ် ပြောလာပါတော့သည်။ တစ်ဆက်တည်းဆိုသလိုပင် ကမ်းဇော်ဆီနှင့်ပတ်သက်ပြီး ထောက်ခံရေးသားထားကြသည့် လူနာရှင်များ၏ အထောက်အထားမှတ်တမ်းများကို ထုတ်ပြလာသည်။ မိတ်ဆွေထုတ်ပြသောမှတ်တမ်းများတွင်ပင် ရောဂါမျိုးစုံစွာ ပျောက်ကင်းကြောင်းကို တွေ့ရသည်။ ကျွန်တော်လည်း အံ့သြမှင်သက်စွာဖြင့် သူပြောသမျှကို ပါးစပ်အဟောင်းသားဖြင့်သာ နားထောင်နေရသည်။ တစ်ခါမျှ မကြားဖူးသော အကြောင်းအရာများဖြစ်နေ၍လည်း အင်း… လိုက်ရုံမှ လွဲ၍ တစ်လုံးတစ်ပါဒမှ ဝင်မပြောဖြစ်ပေ။
မိတ်ဆွေကလည်း ကမ်းဇော်ဆီအကြောင်း အလုံးစုံ ချီးမွမ်းခန်းဖွင့်ပြီးသကာလ ”သုံးကြည့်ပါ၊ တကယ်စွမ်း မှ သူ့ကို ကျေးဇူးတင်ပါ” ဆိုကာ ပြန်သွားလေသည်။ ကျွန်တော်လည်း သူပြန်သွားမှပင် ကမ်းဇော်ဆီဆိုသည့် ပုလင်းကိုယူကာ သေချာစေ့ငုကြည့်ရလေသည်။ ပုလင်းဖုံး ကို ဖွင့်လိုက်သည်နှင့် စပြီး ဆီးကြိုသည်က သူ၏ အနံ့၊ ကြမ်းပိုးနံ့လိုလို အနံ့က တစ်ခါရှူလိုက်တာနှင့် နှာခေါင်းထဲ စွဲဝင်ကျန်နေသည်။ ချက်ချင်းပုလင်းကို နှာခေါင်းဝကနေ ပြန်ခွာလိုက်ရသည်။ ဒီအနံ့နှင့် ဒီအဆီကို လွယ်လွယ်ကူကူ သောက်ဖို့ဆိုသည်မှာ တော်တော်ကျင့်သားရမှပဲ ဖြစ်လိမ့်မည်။ အရောင်ကတော့ အပေါ်မှာ အရည်ကြည်တွေဖြစ်ပြီး အလယ်လောက်မှာ နို့နှစ်ရောင်ဖြစ်နေကာ အောက်ခြေမှာ အနက်ရောင်အမှုန်များ ဖြစ်နေတာ တွေ့ရလေသည်။ အဆီ နည်းနည်းကို လက်ညှိုးနဲ့တို့ပြီး အရသာ မြည်းကြည့်မိသည်။ ခါးသက်သက်အရသာက လျှာပေါ်မှာ စွဲကျန်နေသည်။ သောက်ချင်စိတ်မရှိဘဲ သောက်ဖို့ဆိုသည်မှာ ဘယ်လိုမှ မဖြစ် နိုင်သော အရာပဲ ဖြစ်သည်။ မိတ်ဆွေက တကူးတက လာပေးထားတာဆိုတော့ ဗီရိုထဲ ထည့်ကာ သိမ်းထား လိုက်ပါသည်။
ဒီလိုနဲ့ ကမ်းဇော်ဆီကို မေ့နေသည်မှာ နှစ်လခွဲလောက် ကြာသွားလေသည်။ တစ်နေ့ အိမ်မှာ အကူအခေါ်ထားသည့် အမျိုးသမီးက ရေနွေးအိုးထဲမှ ရေနွေးပူကို ဓာတ်ဘူးထဲ ထည့်နေစဉ် ဓာတ်ဘူးလဲကာ တစ်ကိုယ်လုံး ရေနွေးပူ လောင်လေသည်။ အိမ်မှလူတွေလည်း ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘဲ ပျာယာခတ်ကုန်ကြသည်။ ချက်ချင်း ဆိုသလို ဆိုက်ကားဆရာအား ခေါ်ကာ လမ်းထိပ်ဆေးခန်း ကို ပြေးရသည်။
ဆရာဝန်က လိုအပ်တဲ့ဆေးဝါးတွေပေးကာ ဆေးလိမ်း မှာကြားပြီးနောက် ပြန်လွှတ်လိုက်သည်။ ပြဿနာက အဲဒီအမျိုးသမီးက လူဖြစ်ရှုံးပါပြီဆိုပြီး ငိုနေခြင်းပင်။ သူ့ တစ်ကိုယ်လုံးမှာက ရေနွေးပူလောင်ထားသည့် အဖုအပိမ့်တွေနှင့် ကျွန်တော်လည်း ဘယ်လိုဖြေရှင်းပေးရမလဲမသိ။ ထိုင်ပြီး စိတ်မကောင်း ဖြစ်နေတုန်း သွားစဉ်းစားမိတာက မိတ်ဆွေ ပေးသွားသည် ကမ်းဇော်ဆီကိုပင်။ သူက ကမ်းဇော်ဆီဟာ မီးလောင်နာ၊ ရေနွေးပူလောင်နာတွေကို အမာရွတ်မကျန် အောင် ပျောက်ကင်းနိုင်တယ်လို့ ပြောသွားသည်ကိုလည်း မှတ်မိသွားပါသည်။ ကျွန်တော်လည်း ချက်ချင်းဆိုသလို ဗီရိုထဲက ကမ်းဇော်ဆီပုလင်းကို ပြေးယူပြီး မိတ်ဆွေပြော သွားသည်ထက် ပိုပိုသာသာလေး အမွှမ်းတင်ကာ သုံးပုံ သုံးနည်း ပြောပြရလေသည်။
ကမ်းဇော်ဆီကို ဂွမ်းနှင့်ယူပြီး ရေနွေးပူလောင်သည့်အနာတွေပေါ် ခပ်ရွှဲရွှဲလေး လိမ်းပေးလိုက်ပြီး ပုလင်းပါ တစ်ခါတည်း ပေးလိုက်ပါသည်။ စိတ်မပူဖို့လည်း အထပ်ထပ် မှာလိုက်ရသည်။ ဒီလိုနဲ့ တစ်ပတ်လောက် ကြာတော့ ထိုအမျိုးသမီး ပြန်ပေါ်လာသည်။ ရောက်ရောက် ချင်းပင် ဝမ်းသာအားရနှင့် သူ့အနာတွေ ပျောက်သွားပြီဆိုပြီး ပြောလေသည်။ ကျွန်တော်ကြည့်လိုက်တော့ အမာရွတ် နည်းနည်း ကျန်နေပေမဲ့ တော်တော်သက်သာနေတာ တွေ့ရသည်။ အမာရွတ်တွေကလည်း ကြည့်ရဆိုးမနေဘဲ ပုံမှန်အသားအရေနီးပါးအတိုင်းပဲ ဖြစ်နေပါသည်။ ကျွန်တော် လည်း တော်တော်အံ့သြသွားမိသည်။ အဲဒီလောက် အခြေ အနေ ကောင်းမယ်လို့ ထင်မထားခဲ့။ ကမ်းဇော်ဆီရဲ့အစွမ်း ကိုလည်း ကိုယ်တွေ့မို့ ပိုယုံကြည်သွားသည်။ ဘာကြောင့် ဒီလောက်စွမ်းတာလဲ၊ ဘာတွေ သူ့မှာ ပါဝင်နေလို့လဲ၊ ဘယ်လို ရောဂါမျိုးတွေကို ပျောက်စေနိုင်သေးလဲ။ ဒါတွေကို တကယ် စိတ်ဝင်စားမိသွားပါသည်။
ချက်ချင်း Internet ဖွင့်၊ ကမ်းဇော်ဆီနှင့် ကမ်းဇော်ပင် အကြောင်းကို လေ့လာကြည့်မိတော့ ကမ်းဇော်ဆီနဲ့ ပတ်သက် ပြီး လေ့လာသုတေသနပြုထားမှု အမြောက်အမြားကို တွေ့ရ သည်။ အဲဒီထဲမှာ India နိုင်ငံရဲ့သုတေသနပြုမှုက ပိုများ တာကိုလည်း တွေ့ရပါသည်။ မြန်မာသုတေသီများ၏ စာတမ်း အများအပြားလည်း အဆင်သင့်ရှိနေပါသည်။ ကမ်းဇော်ဆီနှင့် ပတ်သက်သမျှကို Download ယူပြီး တစ်နေကုန် လေ့လာဖြစ်သွားပါသည်။ Internet တွင် ကမ်းဇော်ဆီသည် ကင်ဆာအမျိုးမျိုးကို အမှန်တကယ် ပျောက်စေသည့်အပြင် ရိုးရာတိုင်းရင်းဆေးတစ်လက်အနေနှင့် တော်တော်နာမည်ကြီးနေသည်ကို တွေ့ရသည်။ ဆရာဝန်များ လက်လျှော့ထားရသည့် သားအိမ်ကင်ဆာ၊ ရင်သားကင်ဆာ၊ အဆုတ်ကင်ဆာလိုရောဂါတွေကိုပင် ကမ်းဇော်ဆီ တစ်လမျှ သောက်လိုက်သည်နှင့် အမှန်တကယ် သက်သာ ပျောက် ကင်းသွားသည်ကိုလည်း မှတ်တမ်းအများအပြားကိုလည်း တွေ့ရပါသည်။ အရပ်ထဲတွင် လူပြောအများဆုံးအကြောင်း ကလည်း ကမ်းဇော်ဆီနဲ့ ကင်ဆာအကြောင်းပဲ ဖြစ်ပါသည်။ ဤသိုဖြင့် Internet တွင် ရှာဖွေတွေ့ရှိသမျှ မိတ်ဆွေရဲ့ ပြောစကား၊ ကျွန်တော်ကိုယ်တိုင် ကိုယ်တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်များက ကမ်းဇော်ဆီနဲ့ပတ်သက်ပြီး ပြည့်စုံတဲ့ ဇာတ်လမ်းတစ်ပုဒ် ဖြစ်လိမ့်မည်ဟု ယုံကြည်သဖြင့် ကမ်းဇော် ဆီအကြောင်းကို ပြည့်ပြည့်စုံစုံသိချင်သူများကို ပြန်လည် ဝေမျှဖို့ စိတ်ကူးမိခဲ့ပါသည်။ စိတ်ကူးမိသည့်အတိုင်းလည်း အကောင်အထည် ဖော်ခဲ့ပါသည်။

ကမ်းဇော်ဆီ
ကမ်းဇော်ဆီကို မြန်မာနိုင်ငံတွင်းမှာဆိုလျှင် တနင်္သာရီတိုင်းမှာရှိတဲ့ မြိတ်၊ ဘုတ်ပြင်းနဲ့ ထားဝယ်မြို့အနီးတစ်ဝိုက် မှာပဲ အများဆုံးပေါက်ရောက်တာကို တွေ့ရသည်။ မြိတ်နဲ့ ဘုတ်ပြင်းဘက်က အပင်တွေက ရေစပ်စပ်ရှိတဲ့ ပင်လယ် ကမ်းစပ်တို့၊ ရွှံ့နွံထူတဲ့အပိုင်းမျိုးတွေမှာပဲ ပေါက်ရောက် တတ်လို့ ရေကမ်းဇော်လို့ ခေါ်ကြပြီး ထားဝယ်ဘက်မှာ ပေါက်ရောက်တဲ့အပင်တွေတော့ ကုန်းပေါ်မှာ ပေါက် ရောက်ကြလို့ ကုန်းကမ်းဇော်လို့ ခေါ်ကြသည်။ အရွက် အပွင့်၊ အသီးတွေ အနည်းငယ်ခြားနားတာမျိုးကလွဲရင် ကမ်းဇော်ဆီကရတဲ့ အဆီရဲ့အကျိုးအာနိသင်ကတော့ အတူ တူပင်။ တချို့က သူ့ကို မယ်ဇယ်ပင် (မည်စည်ပင်) နဲ့ တူလို့ ရေမယ်ဇယ်ဆိုပြီး ခေါ်ကြတာလည်း ရှိပါသည်။အပင်၏ပျမ်းမျှအမြင့်က ပေ ရဝ အထိ ရှိတတ်ပြီး အပင် အရွယ်ရောက်ဖို့ ၈ နှစ်ကနေ ၁၃ နှစ် ကြာတတ်သည်။ အပင်သက်တမ်း ၆ဝ လောက်အထိ အသီးကောင်းကောင်း သီးနိုင်သည်။ နောက်ပြီး ကမ်းဇော်ပင်၏ ထူးခြားချက်က နှစ်တိုင်း အသီးသီးတာမျိုးမဟုတ်ဘဲ သုံးနှစ်မှ တစ်ခါ အသီးသီးပါသည်။ အိန္ဒိယ Websites များမှ ဖော်ပြထား ချက်အရဆို ကမ်းဇော်ပင်တစ်ပင်က ကမ်းဇော်ဆီ တန်ချိန် ၁၈ဝဝဝဝ ထိ ထွက်တယ်လို့ ဆိုပါသည်။ ကျွန်တော့်အမြင် အရတော့ တန်ချိန် ၁၈ဝဝဝဝ ဟာ အပင်သက်တမ်းကုန်လို့ နောက်ဆုံး အသီးသီးမယ့်အချိန်အထိ တွက်ထားတာ ဖြစ်နိုင်သည်။ အပင်၏အသက်နှင့် အရွယ်အစားကတော့ မြေအနေအထားပေါ်မူတည်ပြီး ကွဲပြားကောင်း ကွဲပြားမည် ဖြစ်သည်။
ကမ်းဇော်ဆီ၏ရုက္ခဗေဒအမည်မှာ Bassia Longfolia Linn ဖြစ်ပါတယ်။ “Sapotaceae” မျိုးရင်းမှာ ပါပြီး အင်္ဂလိပ်လို “Mahua Tree” ဟု ခေါ်သည်။ ဒါက India အသံထွက်ကို ဖလှယ်ထားတာ ဖြစ်ပါလိမ့်မည်။
Internet Blog တစ်ခုမှာ တွေ့ရတဲ့ ပုသိမ်တက္ကသိုလ်၊ ရုက္ခဗေဒဌာနမှ မမိုးမိုးလွင်ဆိုသည့် အစ်မတစ်ယောက်၏ Ph.D အတွက် ပြုစုထားတဲ့ ကမ်းဇော်ဆီနဲ့ပတ်သက်တဲ့ Thesis ဟာလည်း ပြည့်စုံလုံလောက်တာကို တွေ့ရပါ သည်။ အဲဒီအစ်မ မမိုးမိုးလွင်နဲ့ အဲဒီအကြောင်းကို ဖော်ပြ ပေးတဲ့ သက်ဆိုင်ရာဘလော့ဂ်တို့ကို ဒီနေရာကနေ Credit ပေးကြောင်းကိုလည်း ဖော်ပြချင်ပါသည်။
အဲဒီအစ်မရဲ့စာတမ်းအဆိုအရ ကမ်းဇော်ပင်ကို တောင် မင်းဂွတ်၊ သစ်ကြမ်းပိုးလို့လည်း ခေါ်ကြောင်း သိရပါသည်။ ကမ်းဇော်ဆီ၏အသားက နီညိုရောင်ရှိပြီး သစ်မာအမျိုးအစား ဖြစ်သည်။ သက်တမ်းရင့် ကမ်းဇော်ပင်တစ်ပင်ဟာ လုံးပတ် ၆ ပေ၊ ရ ပေခန့် ရှိတတ်တဲ့အတွက် အပင်တစ်ပင်တည်းနဲ့ အိမ်တစ်လုံးဖြစ်အောင် ဆောက်နိုင်တယ်လို့လည်း ဒေသခံ တွေက ဆိုကြောင်း သိရပါသည်။ ကမ်းဇော်ပွင့်၏အရောင်က နို့နှစ်ရောင်ဖြစ်ပြီး အသီးက ခရေသီးနှင့် တူပါသည်။ ခရေသီးထက်တော့ ကြီးပါသည်။ ကမ်းဇော်ပင်၏ အပွင့် တွေက အဆုပ်လိုက် ပွင့်ပြီး အသီးတွေက အဆုပ်လိုက် သီး၏။ အသီးကို အခွံခွာလိုက်လျှင် အတွင်း၌ မြေပဲဆန်နှင့် တူတဲ့ အစေ့ရှိပါသည်။ ထိုအစေ့ကို ကြိတ်ပြီး ဖြစ်ဖြစ်၊ ပေါင်းခံပြီးဖြစ်ဖြစ် အဆီကို ထုတ်ယူရခြင်း ဖြစ်သည်။ ဒါ ဟိုးရှေးပဝေသဏီကတည်းက သုံးခဲ့တဲ့ နည်းလမ်း တွေပင်။ ဘယ်လိုနည်းနှင့်ဖြစ်ဖြစ် ရတဲ့အဆီရဲ့ အာနိသင် မှာတော့ အတူတူပင်။ ကမ်းဇော်ပင်၏အခြား အစိတ်အပိုင်း တွေကိုတော့ သိပ်မသုံးကြပါ။ တန်ခူးလ၊ ကဆုန်လနဲ့ နယုန်လတွေဟာ ကမ်းဇော်သီးသီးတဲ့ရာသီ ဖြစ်သည်။ အရင်က ဒီလောက်စျေးမကြီးသေးပေမဲ့ အခုနောက်ပိုင်း ကင်ဆာပျောက်တယ်ဆိုသည့် သတင်းစကားရယ်၊ ရောဂါ အတော်များများကို သူ့အဆီချည်းသက်သက်နှင့် နိုင်နင်းတယ် ဆိုသည့် သတင်းစကားများကြောင့် ယခင် ၄ဝ သားဝင် တစ်ပုလင်း ၂ဝဝဝဝ လောက်ကနေ အခုဆို ၄ဝဝဝဝ၊ ၅ဝဝဝဝ ပေးဝယ်တာတောင် လိုသလောက် ဝယ်လို့မရနိုင် အောင် ရှိနေပါသည်။ ဒီကြားထဲ လူကြိုက်များသည်ကို အခွင့်ကောင်းယူပြီး အတုတွေ၊ အရောတွေကလည်း လှိုင်လှိုင် ကြီးကို ပေါ်နေတော့သည်။ ကမ်းဇော်ဆီသာ စစ်လျှင် တကယ်စွမ်းတာကတော့ အမှန်ဖြစ်ပါသည်။ စားရုံ၊ လူးပေးရုံနှင့် ကုသဖို့ခက်ခဲသည့် ကင်ဆာအနာရောဂါပင် အမှန် ပျောက်ကင်းကြောင်း မျက်မြင်တွေ့ရှိသိရှိခဲ့ရပါသည်။ ထိခိုက်၊ ပွန်းပဲ့၊ ဓားထိ၊ သွေးထွက်သောအနာများကို ကမ်းဇော်ဆီဖြင့် ချက်ချင်း လိမ်းပေးပါက ထွက်နေသော သွေးများတိတ်ပြီး အနာ အပျောက်မြန်တာကိုလည်း တွေ့ခဲ့ ရသည်။ အဆစ်အမျက်ကိုက်ခဲခြင်း၊ ခေါင်းမူး ခေါင်း ကိုက်ခြင်းများ၊ ချောင်းဆိုးခြင်း၊ သလိပ်ကျပ်ခြင်းအပါအဝင် ၉၆ ပါးသောရောဂါတွေမှာလည်း ကမ်းဇော်ဆီက အကျိုး သက်ရောက်မှုရှိတာကို လေ့လာတွေ့ရှိခဲ့ရပါသည်။

ကမ်းဇော်ဆီနှင့် ဆေးဖက်ဝင်မှုများ
ကမ်းဇော်ဆီကို စနစ်တကျ ဓာတ်ခွဲစမ်းသပ်ကြည့်တဲ့ အခါ Polysaccharide, Saponin, Flavonoid, Sterol, B- Carotenes, alenolid acid, Fatty acid, Palmitic, Stearic, Olesc, Linoleic တို့ အမြောက်အမြားပါဝင် သည်ကိုလည်း တွေ့ရသည်။ နောက်ပြီး ကမ်းဇော်ဆီက Cholestrol ကို တိုးစေတာမျိုး မရှိသည့်အတွက်လည်း စိတ်ချလက်ချ သောက်သုံးနိုင်တာဖြစ်သည်။ အဆီကို သောက်ရတာဆိုတော့ တချို့က အဆီပိတ်မှာကို ကြောက် တတ်ကြ၍ပင်။ ကမ်းဇော်ဆီစစ်လျှင် သုံးနှစ်လောက်ထား တာတောင် အနံ့အရသာမပြောင်းလဲတတ်ပါ။ အရောအနှော တွေ၊ အတုတွေက လနည်းနည်းကြာတာနဲ့ ရနံ့ပြယ်သွား တတ်ပါသည်။ ဒါဟာ ကမ်းဇော်ဆီနှင့်ပတ်သက်သည့် အကြောင်းတွေ ဖြစ်ပါသည်။
ကမ်းဇော်ဆီကို သောက်တဲ့အကျင့် တစ်ပတ်လောက် သာ ရှိရင် ကမ်းဇော်ဆီ စစ် မစစ်ဆိုတာကို သောက်ကြည့်ပြီး ကောင်းကောင်း ခွဲခြားတတ်သွားမှာလည်း ဖြစ်ပါသည်။
ကမ်းဇော်ဆီ၏ဆေးအသုံးများအနေနှင့် အိန္ဒိယ ဆေးကျမ်းများ အဆိုအရ အရေပြားအနာ ရောင်ရမ်း တာတွေ၊ တခြားဆေးသောက်သုံးမိတဲ့ ဆေးဝါးများရဲ့ ဓာတ်မတည့်တဲ့ဖြစ်စဉ်တွေ၊ ဆေး Over Dose ဖြစ်တာတွေ၊ ကျီးပေါင်းရောဂါတွေမှာ သုံးနိုင်တယ်ဟု ဆိုထားသည်။ မြန်မာဆေးကျမ်းများ၏အလိုအရ အောက်ပါအတိုင်း တွေ့ရ သည်။

၁။ အစာအိမ်ကင်ဆာ၊ ရင်သားကင်ဆာ၊ အဆုတ်ကင်ဆာ အမျိုးမျိုးကို သောက်၊ လိမ်းစေရ၏။
၂။ အလုံးအကျိတ်အဖု (ကင်ဆာ) တို့ကို သောက်လိမ်း စေရ၏။ (တိုင်းရင်းဆေးခန်းသုံးဆေး ၄၃ နှင့်ရော ဖျော်လိမ်းပါက ပိုကောင်း၏)
၃။ ချောင်းဆိုးသော် ရင်ဝတွင် လိမ်း၍ သောက်စေရ၏။
၄။ ယောက်ျားများ ဘောကျလျှင်၊ လည်ပင်းကြီးရောဂါ ဖြစ်လျှင် လိမ်း၊ သောက်ရ၏။
၅။ အနာအမျိုးမျိုးကို လိမ်းပေးနိုင်၏။
၆။ ထိခိုက်ပွန်းပဲ့ရှနာနှင့် သွေးထွက်များသောအနာ၊ ဆီးချို ကြောင့်ဖြစ်သောအနာ အနာအို အနာဆွေးကို လိမ်းပေး ရ၏။ ဆီးချိုကြောင့်ဖြစ်သော ပေါင်ခြံ၊ ဆီးခုံ၊ ချိုင်း ကြား၊ နို့ကြား အနာအဖုကလေးများကို လိမ်းပေး ရ၏။
၇။ ခေါင်းကိုက်လျှင် နားထင်နှင့် ငယ်ထိပ်တွင် နာနာပွတ် လိမ်းပေးရ၏။
၈။ ယားနာအဖုအပိမ့်အကွက်ပေါ်ခြင်းကို လိမ်းပေးရ၏။
၉။ အပူလောင်နာအတွက် မီလောင်ဖုမထရန်နှင့် အမာရွတ် ပေါ်ခြင်းကို လိမ်းပေးနိုင်၏။
၁ဝ။ ကလေးများအပူနာ အနာစက်ပြည်တည်နာ၊ အိုင်းနာ၊ အဖုအကျိတ်အနာကို တိုင်းရင်းဆေးခန်းသုံးဆေး ၄၃ နှင့် ဖျော်၍ လိမ်းပေးနိင်၏။
၁၁။ ကလေးများ အဖျားအပူကျစေရန် တိုင်းရင်းဆေးခန်း သုံး ဆေး ၄၇ နှင့် ဖျော်၍ ပါးပါးလိမ်းပေးရ၏။
၁၂။ လိပ်ခေါင်းရောဂါ စအိုကွဲ၊ ဖနောင့်ကွဲ၊ နားကွဲ၊ နှုတ်ခမ်း ကွဲ၊ လျှာကွဲ၊ မှက္ခရုကို လိမ်းပေးရ၏။
၁၃။ ဒူးနာ၊ ခါးနာ၊ အဆစ်အမျက်နာ၊ ညောင်းညာခြင်းကို အကြောပြင်၍ လိမ်းပေးရ၏။
၁၄။ အနာရောင်ရမ်းကိုက်ခဲခြင်းကို လိမ်းပေးပါ။
၁၅။ လေဖြတ်၊ ထုံကျင်ကိုက်ခဲခြင်း ဇာတ်ခိုင်ကို အကြော ပြင်၍ လိမ်းပေးရ၏။
၁၆။ နားနာ၊ နားလေထွက်ကို ဆီတစ်စက်ထည့်ပြီး ဂွမ်းဆို့ ထားပါ။
၁၇။ အိပ်ရာကျောပူအနာကို တစ်နေ့ ၄ ကြိမ် လိမ်းပေးရ ၏။ (ကွမ်းသီးသွေးရည်၊ တိုင်းရင်းဆေးခန်းသုံးဆေး ၄၃၊ ဝိုင်အိုလက်ပေါင်ဒါလည်း လိမ်းနိုင်၏)
၁၈။ အသက်ရှည်ကျန်းမာရန် ထမင်းပူပူနှင့် နယ်စားစေ ရ၏။
၁၉။ ဝမ်းကိုက်၊ ဝမ်းလျှောကို သောက်စေ၊ လိမ်းစေရ၏။
၂ဝ။ လေဖြတ်၊ အဆုတ်ပြွန်ရောင်ကို လိမ်းစေ၊ သောက်စေ ရ၏။
၂၁။ မြွေကိုက်သော် လိမ်းပေးပါ။ မြွေကိုက်၍ အနာပုပ်ကျ ခြင်းကို ကောင်းစေပြီး အနာကျက်စေ၏။
မြိတ်ခရိုင်တိုင်းရင်းဆေးပညာဦးစီးဌာနက တိုင်းဦးစီးမှူးဖြစ်တဲ့ ဒေါ်ဝါဝါရဲ့စာတမ်းမှာဖော်ပြထားသည့် ကမ်းဇော်ဆီနဲ့ ပျောက်ကင်းသည့်ရောဂါတွေအကြောင်းကို စာဖတ်သူ များအတွက် ထပ်ဆင့်ဝေမျှချင်ပါသေးသည်။
၁။ ဝမ်းတွင်း၌ ဖြစ်တတ်သောရောဂါများ၊ အဖုအကျိတ် များ၊ အစာအိမ်အနာ၊ ချောင်းဆိုးသွေးပါရောဂါများတွင် အဆီလက်ဖက်ရည်ဇွန်းတစ်ဇွန်းနှင့် ပျားရည်တစ်ဇွန်း ရောစပ်ပြီး တစ်နေ့ သုံးကြိမ်သောက်ပါက သက်သာစေ ပါသည်။
၂။ အပူလောင်ခြင်း၊ ရေနွေးပူလောင်ခြင်း၊ မီးပူလောင်ခြင်း၊ ထိခိုက်ရှနာများ၌ အဆီကို ဝါဂွမ်းသန့်နှင့် ဆွတ်၍ လိမ်းပေးပါက အနာကို လျင်မြန်စွာ ကျက်စေပြီး အရေပြား၌ အဖုထခြင်း၊ ပူခြင်း၊ စပ်ခြင်း၊ အသားအရေ ကို လောင်စေခြင်းများမရှိဘဲ ပကတိအသားအရေ အတိုင်း ပြန်လည်ကောင်းမွန်ပါသည်။
၃။ ပန်းနာရင်ကျပ်၊ လေထိုးလေအောင့်၊ မီးယပ်ရောဂါအမျိုး မျိုး၊ အသားအရေခန်းခြောက်ခြင်း၊ အစာမကြေခြင်း၊ ပျို့အန်ခြင်းရောဂါများတွင် အဆီကို တစ်ခါသောက် လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ တစ်နေ့ သုံးကြိမ်၊ အစား မစားမီ သောက်စေခြင်းဖြင့် သက်သာစေပါသည်။
၄။ အနာရွတ်များ၊ အကွက်များ၊ အရေပြားပေါ်တွင် အနာ အမျိုးမျိုးဖြစ်ပွားပြီး ကြမ်းတမ်းနေလျှင် အဆီကို တစ်နေ့ သုံးကြိမ်လိမ်းခြင်းဖြင့် သက်သာပျောက်ကင်း စေပါသည်။
၅။ နွေရာသီ၌ ကလေးများ အရေပြားပေါ်၌ ဖြစ်တတ်သော အပူနာအမျိုးမျိုး၊ အနာစက်၊ ပြည်တည်နာ၊ အိုင်း၊ အလုံးအကျိတ်ငယ်လေးများကို ကမ်းဇော်ဆီနှင့် တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ်-၄၃ နှင့် ရောစပ်ပြီး တစ်နေ့ သုံးကြိမ် လိမ်းပေးပါက သက်သာ ပျောက်ကင်းစေပါသည်။
၆။ ဒူလာ၊ လိပ်ခေါင်းစအိုကွဲနာ၊ ခြေကွဲနာ၊ သားအိမ်ရောဂါ များတွင် အဆီတစ်မျိုးတည်းဖြင့် ဖြစ်စေ၊ ထောပတ်နှင့် ရောစပ်၍ ဖြစ်စေ လိမ်းပေးပါက အနာများကို အမြန် ကျက်စေ၊ ကျုံ့စေသည်။
၇။ အကြောရောဂါများ၊ ဇက်ခိုက်ခြင်း၊ ခါးနာခြင်း၊ အဆစ် အမျက် ကိုက်ခဲခြင်း၊ ရောင်ခြင်း၊ ထုံကျဉ်ခြင်း၊ အနာ မန်း ရှိပြီး ရောင်ရမ်းခြင်းတို့ကို တစ်နေ့လျှင် သုံးကြိမ် လိမ်းပေးခြင်းဖြင့် သက်သာပျောက်ကင်းစေပါသည်။
၈။ နားအူခြင်း၊ နားတွင်းအနာဖြစ်ခြင်း၊ နားလေထွက်ခြင်း၊ နားထဲတွင် အဆီများ ခမ်းခြောက်ခြင်း၊ တင်းခြင်း၊ ယားယံ ခြင်းများဖြစ်လျှင် ကမ်းဇော်ဆီကို နားထဲသို့ နှစ်စက်ခန့် နှစ်ကြိမ် ထည့်ပေးခြင်းဖြင့် သက်သာ ပျောက်ကင်းစေပါသည်။
၉။ အကျိတ်အဖုများ၊ အလုံးအကျိတ်များ၌ ကမ်းဇော်ဆီ နှင့် အနာမန်းကျစေသည့် လိမ်းဆေးတစ်မျိုးမျိုးနှင့် ဖြစ်စေ၊ တိုင်းရင်ဆေးခန်းသုံး ဆေးအမှတ်-၂၉ နှင့် ၄၃ တွဲစပ်ပြီး တစ်နေ့သုံးကြိမ် လိမ်းပေးပါက သက်သာပျောက်ကင်းစေပါသည်။
၁ဝ။ နာတာရှည်လူနာများ အိပ်ရာအပူလောင်နာမဖြစ်မီ အရေ ပြား နီမြန်းနေပါက အဆီကို တစ်နေ့ ငါးကြိမ်ခန့် လိမ်းပေးခြင်းဖြင့် မူလအသားအရေအတိုင်း ပြန်လည် ကောင်းမွန်လာပြီး အိပ်ရာနာ (Bed Sore) ဖြစ်ခြင်းမှ ၈ဝ ရာခိုင်နှုန်း ကာကွယ်တားဆီးနိုင်ကြောင်း စမ်းသပ် တွေ့ရှိပါသည်။
၁၁။ ဒေသခံပြည်သူများသည် အနာရောဂါကြီးများ ရောဂါ က ကျွမ်းနေပြီဖြစ်၍ ကုသမရနိုင်တော့ကြောင်း မဖြစ်ပွားစေရန် အဆီကို ထမင်းနှင့် နယ်စားခြင်း၊ နေ့စဉ် လက်ဖက်ရည်ဇွန်း တစ်ဇွန်း၊ တစ်နေ့ နှစ်ကြိမ် သောက်သုံးနေသူများကို တွေ့ရှိရပြီး အနာကင်းတာ အသက်ရှည်၍ ခွန်အားကို ဖြစ်စေပါသည်။
၁၂။ အဖျားတက်ပြီး အပူကြီးနေသူများကို ၁၅ မိနစ်ခြား တစ်ကြိမ် တစ်ကိုယ်လုံးကို ကမ်းဇော်ဆီ မကြာခဏ လိမ်းပေးပါက ကိုယ်ပူကျစေပြီး ကလေးများ၏ ကိုယ် ပေါ်၌ ခြင်ကိုက်ဖုများကို မကြာခဏ လိမ်းပေးပါက အနီစက်များ လျင်မြန်စွာ ပျောက်ကင်းကြောင်း တွေ့ရှိ ရသည်။ ကမ်းဇော်ဆီ အသုံးပြုစဉ် မလိုလားအပ်သော ဘေးထွက်ဆိုးကျိုးလက္ခဏာများ၊ အပြစ်များ မတွေ့ရှိ ရပါ။

ဒါတွေကတော့ ယနေ့လူပြောများနေတဲ့ ကမ်းဇော်ဆီ နဲ့ ပတ်သက်တဲ့အကြောင်းအရာ အကုန်ပဲ ဖြစ်ပါသည်။ ကမ်းဇော်ဆီကြောင့် ရောဂါပျောက်ကင်းသွားကြတဲ့ ကင်ဆာ ဝေဒနာရှင်တွေ၏ ကိုယ့်တွေ့ဇာတ်လမ်းများ အများကြီး ရှိပါသေးသည်။ သို့သော်လည်း စာမျက်နှာကို ငဲ့ကွက်ပြီး ဒီလောက်နဲ့တင် ရပ်လိုက်တာဖြစ်ပါသည်။ထပ်ဆင့်ပြောချင်သည်ကတော့ တကယ်သုံးကြည့်ပါ။ စစ်မှန်ဖို့တော့ အရေးကြီးပါသည်။ ဆရာစုံ၊ ငွေကုန်နေသူများ အတွက် နောက်ဆုံး ကောက်ရိုးတစ်မျိုးဖြစ်နိုင်တာမို့ စမ်းသပ် ကြည့်ကြပါဟု ပြောချင်ပါသည်။

Credit : ပြည့်နိုင်

======================

Share သြားေပးပါမိတ္ေဆြ

Add a Comment

Your email address will not be published. Required fields are marked *