HIV/AIDS ကူးစက္ႏႈန္းအမ်ားဆုံးေနရာ (သို ့မဟုတ္) ရန္ကုန္ျ္မိဳ ့

Zaw Gyi Version

ျမန္မာႏိုင္ငံမွာခုခံအားက်ကူးစက္ေရာဂါ (HIV/AIDS) ျဖစ္ပြားႏႈန္း ေလ်ာ့က်သြားေပမယ့္ ရန္ကုန္တိုင္းေဒသႀကီးမွာ ေရာဂါကူးစက္ႏႈန္းအမ်ားဆုံးျဖစ္ေနတဲ့ေနရာမွာ ပါဝင္ေနေၾကာင္း ကုလသမဂၢအဖြဲ႕အစည္းမ်ား သတင္းထုတ္ျပန္ခ်က္ကဆိုတယ္။ ယခင္က ျမန္မာႏိုင္ငံမွာ ခုခံအားက်ဆင္းေရာဂါ (HIV/AIDS) ေရာဂါျဖစ္ပြားသူခန္႔မွန္းဦးေရ ၂၆၀၀၀၀ခန္႔ရွိေပမယ့္ ၿပီးခဲ့တဲ့ရက္ပိုင္း UNAIDS က ထုတ္ျပန္တဲ့စာရင္းအရ လက္ရွိျဖစ္ပြားသူဦးေရ ၂၂၀၀၀ ခန္႔ရွိေတာ့ေၾကာင္းသိရတယ္။
ျမန္မာႏိုင္ငံမွ HIV/AIDS နဲ႔ ေသဆုံးသူ ႏွစ္စဥ္ ၁၆၀၀ ေက်ာ္ရွိၿပီး ေရာဂါကူးစက္မႈ ဦးေရ ၁၀၀၀ေက်ာ္ရွိေၾကာင္း၊ ယင္းပိုးကူးစက္မႈဟာ နယ္စပ္ၿမိဳ႕ေတြမွာအျဖစ္မ်ားေပမယ့္ ရန္ကုန္ၿမိဳ႕ပါဝင္ေၾကာင္း၊ ရန္ကုန္ၿမိဳ႕ဟာ ႏွစ္စဥ္ HIV/AIDS ျဖစ္ပြားႏႈန္း ေလ်ာ့က်ျခင္းမရွိတဲ့ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ေၾကာင္း UNAIDS ရဲ႕ ထုတ္ျပန္ခ်က္အရ သိပါတယ္။

HIV/AIDS ေဝဒနာရွင္ေတြကို ယခင္က က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၊ အရပ္ဘက္အဖြဲ႕အစည္းအခ်ိဳ႕က ART ေဆးဝါးေထာက္ပံ့ေပးခဲ့စဥ္က လုံေလာက္မႈမရွိေပမယ့္ လက္ရွိအေျခအေနမွာ ႏိုင္ငံတကာက ပူးေပါင္းပါဝင္ေဆာင္႐ြက္ေနတာေၾကာင့္ ေဆးဝါးမလုံေလာက္မႈျပႆနာ မရွိေပမယ့္ ေဆးယဥ္ပါး HIV/AIDS ေရာဂါပိုမိုျဖစ္ပြားလာမွာကို စိုးရိမ္ေနရတယ္ဆိုတယ္။ျဖစ္စဥ္တစ္ခုမွာ လင္းမယားႏွစ္ဦး HIV/AIDS ျဖစ္လို႔ ART ေဆးေပးေနရာ၊ ေရာဂါဆိုး႐ြားလာလို႔၊ စုံစမ္းၾကည့္တဲ့အခါ လင္ျဖစ္တဲ့သူက အလုပ္ျပဳသြားလို႔ “စားေရး”အတြက္ ART အျပင္မွာေရာင္းခ်ကာ “ဝမ္းေရး”ေျဖရွင္းေနရတယ္လို႔ အေျဖထြက္ခဲ့ဖူးတယ္။

“အရင္က ကိုယ္ခံအား ဘယ္ေလာက္ရွိမွ ေဆးေပးဆိုတဲ့ သတ္မွတ္ခ်က္မ်ိဳး ယခုမရွိေတာ့ဘူး။ ကိုယ့္မွာလည္း ေရာဂါပိုးရွိတယ္။ ကာယကံရွင္ကိုယ္တိုင္းလည္း ေဆးေသာက္ဖို႔ အဆင္သင့္ျဖစ္တယ္ဆိုရင္ တစ္ႏိုင္ငံလုံးမွာေဆးလိုအပ္သူေတြ လက္လွမ္းမီေအာင္ လုပ္ေနၾကတယ္။ အရင္က ART ေဆးရဖို႔ ခက္ေပမယ့္ အခု ခ႐ိုင္အဆင့္၊ ၿမိဳ႕နယ္အဆင့္ေဆး႐ုံေတြမွာ ART ေဆးေတြကို လက္လွမ္းမီတဲ့အေနအထားမ်ိဳးျဖစ္ေနၿပီ”လို႔ ျမန္မာေပါ့စတစ္အဖြဲ႕ ဥကၠ႒(ေဟာင္း)ဦးမ်ိဳးဆန္းေအာင္က ဆိုတယ္။

တကယ္တမ္း HIV/AIDS ကူးစက္ခံရမႈဟာ တစ္ႏိုင္ငံလုံးတစ္ေျပးညီ ျဖစ္ပြားေနၿပီမဟုတ္ဘဲ ရန္ကုန္၊ ကခ်င္၊ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)နဲ႔ မႏၲေလးတိုင္းေဒသႀကီးေတြမွာ ျဖစ္ပြားႏႈန္းျမင့္မားေနေၾကာင္း၊ ဦးတည္အုပ္စုျဖစ္တဲ့ မူးယစ္ေဆးအေၾကာထဲထိုးသြင္းသူမ်ား၊ အမ်ိဳးသမီးလိင္လုပ္သားေတြနဲ႔ အမ်ိဳးသားခ်င္း လိင္တူဆက္ဆံသူေတြမွာ အျဖစ္မ်ားေၾကာင္း၊ ယင္းဦးတည္အုပ္စုထဲမွ မူးယစ္ေဆးအေၾကာထဲထိုးသြင္းသူေတြမွာ အျဖစ္မ်ားေၾကာင္း ၂၈ ဒသမ ၆ ရာခိုင္ႏႈန္း၊ အမ်ိဳးသမီးလိင္လုပ္သား ၁၄ ဒသမ ၅ ရာခိုင္ႏႈန္း၊ အမ်ိဳးသားလိင္တူဆက္ဆံသူမ်ား ၁၁ ဒသမ ၆ ရာခိုင္ႏႈန္းထိ ကူးစက္ေနတာေတြ႕ရွိရေၾကာင္း ျပည္သူ႕က်န္းမာေရးဦးစီးဌာန၊ ခုခံက်ကာလသားေရာဂါတိုက္ဖ်က္စီမံခ်က္ရဲ႕မန္ေနဂ်ာ ေဒါက္တာထြန္းညြန္႔ဦးက ဒီဇင္ဘာ ၂၉ရက္တြင္ ေျပာၾကားခဲ့ပါတယ္။

ျမန္မာႏိုင္ငံမွာ HIV/AIDS ကူးစက္ပ်ံ႕ႏွံ႔မႈေတြ သိသိသာသာေလ်ာ့က်ျခင္းမရွိတဲ့အတြက္ HIV/AIDS ကူးစက္မႈကာကြယ္ေပးေရးလုပ္ငန္းေတြ လုပ္ေဆာင္ေနတဲ့ ျပည္တြင္း NGO အခ်ိဳ႕ကို UNAIDS နဲ႔ Global Fund တို႔က ေထာက္ပံ့ေငြေတြရပ္ဆိုင္းၿပီး အစိုးရကိုသာ တိုက္႐ိုက္ေထာက္ပံ့ေတာ့မွာျဖစ္ေၾကာင္း ျပည္တြင္း NGO အသိုင္းအဝိုင္းမွ ဒီဇင္ဘာလလယ္က ဆိုတယ္။ေရာဂါကူးစက္မႈကို ထိန္းမထားႏိုင္ဘူး။ ကူးစက္ႏိုင္ေျခမ်ားတဲ့အေျခအေနျဖစ္တယ္။ သည္အေပၚမွာ NGO ေတြကို ေထာက္ပံ့ေနတာကေန အစိုးရကို ေထာက္ပံ့ေပးေတာ့မယ္ဆိုတဲ့သေဘာပဲ NGO ကို ေထာက္ပံ့ေပးသေလာက္၊ အစိုးရကိုေထာက္ပံ့ေပးမလားဆိုတာကေတာ့ မသိေသးဘူးလို႔ NGO ဝန္ထမ္းက ဆိုတယ္။

ဘိန္းနဲ႔မူးယစ္ေဆးအေၾကာထဲထိုးသူ အမ်ားဆုံးေဒသျဖစ္တဲ့ ကခ်င္နဲ႔ရွမ္းျပည္နယ္ေတြမွာ HIV/AIDS ကူးစက္မႈနဲ႔ျမင့္မားေပမယ့္ ရန္ကုန္တိုင္းေဒသႀကီးက ျဖစ္ပြားႏႈန္းပိုၿပီးမ်ားေၾကာင္းသိရပါတယ္။ NGO ေတြက ပစ္မွတ္ေတြေ႐ြးၿပီး က်န္းမာေရးပညာေပးေဆာင္႐ြက္ရမွာ တစ္ႀကိမ္တည္းသာသြားျခင္း၊ ျပန္ၿပီး ေကာက္ယူမႈ Survey မလုပ္ျခင္း၊ ေဟာၾကာျခင္းထက္ ခုခံအားျမင့္တက္ေဆး ART ရရွိဖို႔ အဓိကထားျခင္း၊ လူနာကို ႏွစ္သိမ့္ေဆြးေႏြးမႈသာလုပ္ၿပီး လူေကာင္း(ေရာဂါျဖစ္ႏိုင္ေျခ) မ်ားသူေတြက ႏွိမ့္သိမ့္ေဆြးေႏြးမျပဳလုပ္ျခင္းတို႔ေတြ႕ရပါတယ္။ အဓိကမွာ အရက္၊ ေဆးမူးမူး႐ူး႐ူးနဲ႔အစြပ္ Condom မပါဘဲ လိင္ဆက္ဆံမိတာေၾကာင့္ HIV/AIDS ျဖစ္ပြားႏႈန္း ရန္ကုန္မွာျမင့္တက္ေနျခင္းပဲျဖစ္တယ္။

HIV/AIDS ကူးစက္ခံရသူေတြဟာ အနည္းနဲ႔အမ်ားသက္ဆိုင္ရာ အလုပ္အကိုင္ေတြက ထုတ္ပစ္ျခင္းခံရတယ္။ သည္အေျခအေနက အခ်ိဳ႕လူနာေတြအတြက္ ေနာင္ၾကဥ္သြားျခင္း၊ ဘာသာေရးဘက္ႏႊယ္သြားတတ္သလို အမ်ားစုက “ေပါက္တဲ့နဖူး မထူးၿပီ”ဆိုကာ လိင္ဆက္ဆံမႈမွာ အစြပ္ Condom မပါဘဲ ထင္ရာစိုင္းကာ ေရာဂါကူးစက္ေစတယ္။ ျမန္မာႏိုင္ငံအႏွံ႔ရွိေနေပမယ့္ ရန္ကုန္မွာ ပိုမ်ားေနပါတယ္။သည္လိုအားနည္းခ်က္ေတြက HIV/AIDS ကူးစက္ႏႈန္းမက်ေစတာဘဲျဖစ္တယ္။ ၂၀၁၇ခုႏွစ္ကုန္မွာ Global Fund နဲ႔ UNAIDS က တိုက္႐ိုက္ေထာက္ပံ့ေပးေနတဲ့ ျပည္တြင္း NGO ေျခာက္လခန္႔ အကူအညီရပ္ဆိုင္းမရမွာျဖစ္ၿပီး ယင္း လုပ္ငန္းစဥ္ကို အစိုးရက ဆက္လက္တာဝန္ယူလုပ္ေဆာင္ဖို႔ ေထာက္ပံ့ေငြေတြ ေပးအပ္သြားမွာျဖစ္ေၾကာင္း HIV/AIDS ကာကြယ္ကုသေရးလုပ္ငန္းအတြက္ ျပည္တြင္း NGO ေတြကို တျဖည္းျဖည္းေလၽွာ႔ခ်မယ့္အစီအစဥ္ရွိေၾကာင္း သိရပါတယ္။

Global Fund က ျမန္မာႏိုင္ငံကို ေထာက္ပံ့တာၾကာၿပီ။ သူ႕ရည္႐ြယ္ခ်က္က ဖြံ႕ၿဖိဳးဆဲႏိုင္ငံေတြ ဦးတည္ၿပီးလုပ္ေပးတာ။ ျမန္မာက NGO ေတြကို မေထာက္ပံ့ေတာ့ပဲ အစိုးရကို တိုက္႐ိုက္ေထာက္ပံ့ေပးဖို႔ လုပ္လာတာျဖစ္တယ္။ NGO ေတြကိုေပးမယ့္ ေထာက္ပံ့ေၾကးေတြ၊ အစိုးရကိုေပးတဲ့သေဘာပဲလို႔ ျပည္တြင္း NGO တာဝန္ရွိသူတစ္ဦးက ဆိုတယ္။အေထာက္အပံ့ေတြေလၽွာ႔ခ်လိုက္လို႔ HIV/AIDS ကာကြယ္ေပးေရးႏွင့္ကုသေရးလုပ္ငန္းေတြ ယခင္ကေလာက္ က်ယ္က်ယ္ျပန္႔ျပန္႔ လုပ္ေဆာင္ႏိုင္ဖို႔ အခက္အခဲေတြရွိလာၿပီး ၀န္ထမ္းေလၽွာ႔ျခင္း၊ ဝန္ေဆာင္မႈေလၽွာ႔ခ်ျခင္းတို႔လုပ္ေဆာင္လာရတယ္။

က်န္းမာေရးဦးစီးဌာန ခုခံ/ကာလသား ေရာဂါတိုက္ဖ်က္ေရးစီမံခ်က္မွာ ” မူးယစ္ေဆးအေၾကာထဲထိုးသြင္းသူတို႔အၾကား HIV/AIDS ကူးစက္မႈဒဏ္မွ ေလၽွာ႔ခ်ေရးအတြက္ တစ္ခါသုံးေဆးထိုးအပ္၊ ေဆးထိုးႁပြန္ေတြျဖန္႔ေဝျခင္း၊ ၂၀၁၇ခုႏွစ္ ဇြန္လအထိ မူးယစ္ေဆးအေၾကာထဲထိုးသြင္းသူ ၁၂၈၀၀ ေက်ာ္ မူးယစ္ေဆးအစား မက္သာဒုန္းေဆးရည္ကိုတိုက္ေကၽြးျခင္းလုပ္ငန္းေတြပါ ေဆာင္႐ြက္ေပးေနၿပီး အာရွ-ပစိဖိတ္ေဒသတြင္ ႏိုင္ငံတို႔အၾကား ေရွးဦးႏိုင္ငံအျဖစ္ ေဆာင္႐ြက္ေနေၾကာင္းသိရပါတယ္။

HIV/AIDS ေရာဂါကူးစက္ရာက ေရာဂါရွိတဲ့ေသြး၊ အမ်ိဳးသားသုက္ရည္(အမ်ိဳးသမီး မိန္းမကိုယ္ရည္ မိခင္ႏို႔ရည္) တို႔တစ္ဆင့္ အဓိကကူးစက္လို႔ ေရာဂါရွိသူနဲ႔ လိင္တူ/လိင္ကြဲအစြပ္ Condom မသုံးဘဲ ဆက္ဆံျခင္း၊ ေရာဂါပိုးရွိသူေသြးေပက်ံတဲ့ေဆးထိုးအပ္၊ ခၽြန္ထက္တဲ့ဓားစတဲ့ ကိရိယာတို႔မွကူးျခင္း၊ ေရာဂါပိုးရွိတဲ့မိခင္က ရင္ေသြးကိုမိခင္ႏို႔တိုက္ေကၽြးျခင္းမွကူးစက္ျခင္းတို႔ျဖစ္ႏိုင္ပါတယ္။

ကမၻာမွာ ၂၀၁၇ခုႏွစ္ ဒီဇင္ဘာလ ၁ရက္ထိ HIV/AIDS ကူးစက္သူ ၃၇ ဒသမ ၅ သန္းရွိၿပီး အရင္ေရာဂါရွင္ ၃၅ သန္းေက်ာ္က ေသဆုံးခဲ့ၿပီသိရတယ္။ HIV/AIDS လူနာဟာ ေရာဂါလကၡဏာမျပဘဲ ေနႏိုင္တယ္။ HIV ပိုး ခႏၶာအတြင္း ေရာက္ရွိၿပီးဆိုရင္ (၂-၄) ရက္အတြင္း ေရာဂါလကၡဏာျပတယ္။ ဖ်ားျခင္း၊ ခ်မ္းတုန္ျခင္း၊ ခႏၶာကိုယ္မွာ အနီကြက္၊ ေရယုန္ေပါက္ျခင္း၊ ညဘက္ေခၽြးျပန္ျခင္း၊ ႂကြက္သားနာက်င္ျခင္း၊ လည္းေခ်ာင္းနာျခင္း၊ ပင္ပန္းႏြမ္းနယ္ျခင္း၊ ႁပြန္ရည္အက်ိတ္ေရာင္ရမ္းျခင္း၊ ပါးစပ္မွာ မကၡ႐ုေပါက္ျခင္း၊ တစ္လထက္ေက်ာ္တဲ့အဖ်ား၊ တစ္လထက္ၾကာတဲ့ ၀မ္းေလွ်ာျခင္း၊ တစ္လထက္ေက်ာ္တဲ့ ေခ်ာင္းဆိုးျခင္း၊ တစ္လအတြင္းအေၾကာင္းမဲ့ ကိုယ္အေလးခ်ိန္ ၁၀ ေပါင္ေက်ာ္က်ျခင္း၊ ေသြးစစ္ၾကည့္ပါက HIV ေပါ့စတစ္ HIV Possitive ရွိျခင္းတို႔ျဖစ္တယ္။ စမ္းသပ္နည္းမွာ HIV ဗိုင္းရပ္စ္တိုက္ထုတ္ဖို႔ ပဋိပစၥည္းကို သြယ္ဝိုက္စမ္းသပ္ျခင္း၊ ELISA Western Blot နည္းျဖစ္တယ္။ ၁၂ လပတ္ေက်ာ္မွ ျပန္စစ္သင့္တယ္။ ပုန္းခိုေနတဲ့ကာလ Window period မွာ မေတြ႕ႏိုင္ဘူး။ HIV တိုက္႐ိုက္စမ္းသပ္နည္းက ႏ်ဴကလစ္အက္စစ္စမ္းသပ္နည္း Nudeic Acid Amplication Test, PCR. RNA ပဲျဖစ္တယ္။ HIV/AIDS အတြက္ ကုသေဆး၊ကာကြယ္ေဆးမေပၚေသးပါ။ ခုခံအားျမႇင့္တင္ေဆး ART နဲ႔ လူတမ္းေစ့ေနႏိုင္ပါတယ္။

Global Fund က ျမန္မာႏိုင္ငံမွ HIV/AIDS ငွက္ဖ်ားေရာဂါနဲ႔အဆုတ္၊ တီဘီေရာဂါတိုက္ဖ်က္ေရးအတြက္ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနကို အေမရိကန္ေဒၚလာ ၃၂ ဒသမ ၄၄ သန္းအကူအညီေပးမယ္ သိရပါတယ္။ ၂၀၁၇ ဇူလိုင္လအတြင္း ကုလသမဂၢ AIDS တိုက္ဖ်က္ေရးအဖြဲ႕ HIV/AIDS က ထုတ္ျပန္တဲ့စာရင္းအရ ျမန္မာႏိုင္ငံမွာ HIV/AIDS ေၾကာင့္ ေသဆုံးသူ ၅၀ ရာခိုင္ႏႈန္းေက်ာ္ က်ဆင္းခဲ့ၿပီဆိုေပမယ့္ HIV/AIDS ေရာဂါကာကြယ္ေရး၊ ကုသေရးလုပ္ငန္းေဆာင္႐ြက္ရာမွာ HIV/AIDS လူနာ ၅၇ ရာခိုင္ႏႈန္းသာ ကုသေပးႏိုင္ၿပီး ေရာဂါျဖစ္ပြားႏႈန္း ရန္ကုန္ၿမိဳ႕မွာ အျမင့္ဆုံးလို႔ဆိုတယ္။ရန္ကုန္ (သို႔) ကူးစက္ေရာဂါေတြရဲ႕ ထိပ္ဆုံးၿမိဳ႕ေတာ္မွာ ေ႐ႊ႕ေျပာင္းအေျခခ်လာသူမ်ားလာသလို လိင္လုပ္သားေတြမ်ားလာတယ္။

Ref : The Standard Time

========================

Unicode Version

မြန်မာနိုင်ငံမှာခုခံအားကျကူးစက်ရောဂါ (HIV/AIDS) ဖြစ်ပွားနှုန်း လျော့ကျသွားပေမယ့် ရန်ကုန်တိုင်းဒေသကြီးမှာ ရောဂါကူးစက်နှုန်းအများဆုံးဖြစ်နေတဲ့နေရာမှာ ပါဝင်နေကြောင်း ကုလသမဂ္ဂအဖွဲ့အစည်းများ သတင်းထုတ်ပြန်ချက်ကဆိုတယ်။ ယခင်က မြန်မာနိုင်ငံမှာ ခုခံအားကျဆင်းရောဂါ (HIV/AIDS) ရောဂါဖြစ်ပွားသူခန့်မှန်းဦးရေ ၂၆၀၀၀၀ခန့်ရှိပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်း UNAIDS က ထုတ်ပြန်တဲ့စာရင်းအရ လက်ရှိဖြစ်ပွားသူဦးရေ ၂၂၀၀၀ ခန့်ရှိတော့ကြောင်းသိရတယ်။
မြန်မာနိုင်ငံမှ HIV/AIDS နဲ့ သေဆုံးသူ နှစ်စဉ် ၁၆၀၀ ကျော်ရှိပြီး ရောဂါကူးစက်မှု ဦးရေ ၁၀၀၀ကျော်ရှိကြောင်း၊ ယင်းပိုးကူးစက်မှုဟာ နယ်စပ်မြို့တွေမှာအဖြစ်များပေမယ့် ရန်ကုန်မြို့ပါဝင်ကြောင်း၊ ရန်ကုန်မြို့ဟာ နှစ်စဉ် HIV/AIDS ဖြစ်ပွားနှုန်း လျော့ကျခြင်းမရှိတဲ့ မြို့တစ်မြို့ဖြစ်ကြောင်း UNAIDS ရဲ့ ထုတ်ပြန်ချက်အရ သိပါတယ်။

HIV/AIDS ဝေဒနာရှင်တွေကို ယခင်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အရပ်ဘက်အဖွဲ့အစည်းအချို့က ART ဆေးဝါးထောက်ပံ့ပေးခဲ့စဉ်က လုံလောက်မှုမရှိပေမယ့် လက်ရှိအခြေအနေမှာ နိုင်ငံတကာက ပူးပေါင်းပါဝင်ဆောင်ရွက်နေတာကြောင့် ဆေးဝါးမလုံလောက်မှုပြဿနာ မရှိပေမယ့် ဆေးယဉ်ပါး HIV/AIDS ရောဂါပိုမိုဖြစ်ပွားလာမှာကို စိုးရိမ်နေရတယ်ဆိုတယ်။ဖြစ်စဉ်တစ်ခုမှာ လင်းမယားနှစ်ဦး HIV/AIDS ဖြစ်လို့ ART ဆေးပေးနေရာ၊ ရောဂါဆိုးရွားလာလို့၊ စုံစမ်းကြည့်တဲ့အခါ လင်ဖြစ်တဲ့သူက အလုပ်ပြုသွားလို့ “စားရေး”အတွက် ART အပြင်မှာရောင်းချကာ “ဝမ်းရေး”ဖြေရှင်းနေရတယ်လို့ အဖြေထွက်ခဲ့ဖူးတယ်။

“အရင်က ကိုယ်ခံအား ဘယ်လောက်ရှိမှ ဆေးပေးဆိုတဲ့ သတ်မှတ်ချက်မျိုး ယခုမရှိတော့ဘူး။ ကိုယ့်မှာလည်း ရောဂါပိုးရှိတယ်။ ကာယကံရှင်ကိုယ်တိုင်းလည်း ဆေးသောက်ဖို့ အဆင်သင့်ဖြစ်တယ်ဆိုရင် တစ်နိုင်ငံလုံးမှာဆေးလိုအပ်သူတွေ လက်လှမ်းမီအောင် လုပ်နေကြတယ်။ အရင်က ART ဆေးရဖို့ ခက်ပေမယ့် အခု ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဆေးရုံတွေမှာ ART ဆေးတွေကို လက်လှမ်းမီတဲ့အနေအထားမျိုးဖြစ်နေပြီ”လို့ မြန်မာပေါ့စတစ်အဖွဲ့ ဥက္ကဋ္ဌ(ဟောင်း)ဦးမျိုးဆန်းအောင်က ဆိုတယ်။

တကယ်တမ်း HIV/AIDS ကူးစက်ခံရမှုဟာ တစ်နိုင်ငံလုံးတစ်ပြေးညီ ဖြစ်ပွားနေပြီမဟုတ်ဘဲ ရန်ကုန်၊ ကချင်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နဲ့ မန္တလေးတိုင်းဒေသကြီးတွေမှာ ဖြစ်ပွားနှုန်းမြင့်မားနေကြောင်း၊ ဦးတည်အုပ်စုဖြစ်တဲ့ မူးယစ်ဆေးအကြောထဲထိုးသွင်းသူများ၊ အမျိုးသမီးလိင်လုပ်သားတွေနဲ့ အမျိုးသားချင်း လိင်တူဆက်ဆံသူတွေမှာ အဖြစ်များကြောင်း၊ ယင်းဦးတည်အုပ်စုထဲမှ မူးယစ်ဆေးအကြောထဲထိုးသွင်းသူတွေမှာ အဖြစ်များကြောင်း ၂၈ ဒသမ ၆ ရာခိုင်နှုန်း၊ အမျိုးသမီးလိင်လုပ်သား ၁၄ ဒသမ ၅ ရာခိုင်နှုန်း၊ အမျိုးသားလိင်တူဆက်ဆံသူများ ၁၁ ဒသမ ၆ ရာခိုင်နှုန်းထိ ကူးစက်နေတာတွေ့ရှိရကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခုခံကျကာလသားရောဂါတိုက်ဖျက်စီမံချက်ရဲ့မန်နေဂျာ ဒေါက်တာထွန်းညွန့်ဦးက ဒီဇင်ဘာ ၂၉ရက်တွင် ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ HIV/AIDS ကူးစက်ပျံ့နှံ့မှုတွေ သိသိသာသာလျော့ကျခြင်းမရှိတဲ့အတွက် HIV/AIDS ကူးစက်မှုကာကွယ်ပေးရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ ပြည်တွင်း NGO အချို့ကို UNAIDS နဲ့ Global Fund တို့က ထောက်ပံ့ငွေတွေရပ်ဆိုင်းပြီး အစိုးရကိုသာ တိုက်ရိုက်ထောက်ပံ့တော့မှာဖြစ်ကြောင်း ပြည်တွင်း NGO အသိုင်းအဝိုင်းမှ ဒီဇင်ဘာလလယ်က ဆိုတယ်။ရောဂါကူးစက်မှုကို ထိန်းမထားနိုင်ဘူး။ ကူးစက်နိုင်ခြေများတဲ့အခြေအနေဖြစ်တယ်။ သည်အပေါ်မှာ NGO တွေကို ထောက်ပံ့နေတာကနေ အစိုးရကို ထောက်ပံ့ပေးတော့မယ်ဆိုတဲ့သဘောပဲ NGO ကို ထောက်ပံ့ပေးသလောက်၊ အစိုးရကိုထောက်ပံ့ပေးမလားဆိုတာကတော့ မသိသေးဘူးလို့ NGO ဝန်ထမ်းက ဆိုတယ်။

ဘိန်းနဲ့မူးယစ်ဆေးအကြောထဲထိုးသူ အများဆုံးဒေသဖြစ်တဲ့ ကချင်နဲ့ရှမ်းပြည်နယ်တွေမှာ HIV/AIDS ကူးစက်မှုနဲ့မြင့်မားပေမယ့် ရန်ကုန်တိုင်းဒေသကြီးက ဖြစ်ပွားနှုန်းပိုပြီးများကြောင်းသိရပါတယ်။ NGO တွေက ပစ်မှတ်တွေရွေးပြီး ကျန်းမာရေးပညာပေးဆောင်ရွက်ရမှာ တစ်ကြိမ်တည်းသာသွားခြင်း၊ ပြန်ပြီး ကောက်ယူမှု Survey မလုပ်ခြင်း၊ ဟောကြာခြင်းထက် ခုခံအားမြင့်တက်ဆေး ART ရရှိဖို့ အဓိကထားခြင်း၊ လူနာကို နှစ်သိမ့်ဆွေးနွေးမှုသာလုပ်ပြီး လူကောင်း(ရောဂါဖြစ်နိုင်ခြေ) များသူတွေက နှိမ့်သိမ့်ဆွေးနွေးမပြုလုပ်ခြင်းတို့တွေ့ရပါတယ်။ အဓိကမှာ အရက်၊ ဆေးမူးမူးရူးရူးနဲ့အစွပ် Condom မပါဘဲ လိင်ဆက်ဆံမိတာကြောင့် HIV/AIDS ဖြစ်ပွားနှုန်း ရန်ကုန်မှာမြင့်တက်နေခြင်းပဲဖြစ်တယ်။

HIV/AIDS ကူးစက်ခံရသူတွေဟာ အနည်းနဲ့အများသက်ဆိုင်ရာ အလုပ်အကိုင်တွေက ထုတ်ပစ်ခြင်းခံရတယ်။ သည်အခြေအနေက အချို့လူနာတွေအတွက် နောင်ကြဉ်သွားခြင်း၊ ဘာသာရေးဘက်နွှယ်သွားတတ်သလို အများစုက “ပေါက်တဲ့နဖူး မထူးပြီ”ဆိုကာ လိင်ဆက်ဆံမှုမှာ အစွပ် Condom မပါဘဲ ထင်ရာစိုင်းကာ ရောဂါကူးစက်စေတယ်။ မြန်မာနိုင်ငံအနှံ့ရှိနေပေမယ့် ရန်ကုန်မှာ ပိုများနေပါတယ်။သည်လိုအားနည်းချက်တွေက HIV/AIDS ကူးစက်နှုန်းမကျစေတာဘဲဖြစ်တယ်။ ၂၀၁၇ခုနှစ်ကုန်မှာ Global Fund နဲ့ UNAIDS က တိုက်ရိုက်ထောက်ပံ့ပေးနေတဲ့ ပြည်တွင်း NGO ခြောက်လခန့် အကူအညီရပ်ဆိုင်းမရမှာဖြစ်ပြီး ယင်း လုပ်ငန်းစဉ်ကို အစိုးရက ဆက်လက်တာဝန်ယူလုပ်ဆောင်ဖို့ ထောက်ပံ့ငွေတွေ ပေးအပ်သွားမှာဖြစ်ကြောင်း HIV/AIDS ကာကွယ်ကုသရေးလုပ်ငန်းအတွက် ပြည်တွင်း NGO တွေကို တဖြည်းဖြည်းလျှော့ချမယ့်အစီအစဉ်ရှိကြောင်း သိရပါတယ်။

Global Fund က မြန်မာနိုင်ငံကို ထောက်ပံ့တာကြာပြီ။ သူ့ရည်ရွယ်ချက်က ဖွံ့ဖြိုးဆဲနိုင်ငံတွေ ဦးတည်ပြီးလုပ်ပေးတာ။ မြန်မာက NGO တွေကို မထောက်ပံ့တော့ပဲ အစိုးရကို တိုက်ရိုက်ထောက်ပံ့ပေးဖို့ လုပ်လာတာဖြစ်တယ်။ NGO တွေကိုပေးမယ့် ထောက်ပံ့ကြေးတွေ၊ အစိုးရကိုပေးတဲ့သဘောပဲလို့ ပြည်တွင်း NGO တာဝန်ရှိသူတစ်ဦးက ဆိုတယ်။အထောက်အပံ့တွေလျှော့ချလိုက်လို့ HIV/AIDS ကာကွယ်ပေးရေးနှင့်ကုသရေးလုပ်ငန်းတွေ ယခင်ကလောက် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ဖို့ အခက်အခဲတွေရှိလာပြီး ၀န်ထမ်းလျှော့ခြင်း၊ ဝန်ဆောင်မှုလျှော့ချခြင်းတို့လုပ်ဆောင်လာရတယ်။

ကျန်းမာရေးဦးစီးဌာန ခုခံ/ကာလသား ရောဂါတိုက်ဖျက်ရေးစီမံချက်မှာ ” မူးယစ်ဆေးအကြောထဲထိုးသွင်းသူတို့အကြား HIV/AIDS ကူးစက်မှုဒဏ်မှ လျှော့ချရေးအတွက် တစ်ခါသုံးဆေးထိုးအပ်၊ ဆေးထိုးပြွန်တွေဖြန့်ဝေခြင်း၊ ၂၀၁၇ခုနှစ် ဇွန်လအထိ မူးယစ်ဆေးအကြောထဲထိုးသွင်းသူ ၁၂၈၀၀ ကျော် မူးယစ်ဆေးအစား မက်သာဒုန်းဆေးရည်ကိုတိုက်ကျွေးခြင်းလုပ်ငန်းတွေပါ ဆောင်ရွက်ပေးနေပြီး အာရှ-ပစိဖိတ်ဒေသတွင် နိုင်ငံတို့အကြား ရှေးဦးနိုင်ငံအဖြစ် ဆောင်ရွက်နေကြောင်းသိရပါတယ်။

HIV/AIDS ရောဂါကူးစက်ရာက ရောဂါရှိတဲ့သွေး၊ အမျိုးသားသုက်ရည်(အမျိုးသမီး မိန်းမကိုယ်ရည် မိခင်နို့ရည်) တို့တစ်ဆင့် အဓိကကူးစက်လို့ ရောဂါရှိသူနဲ့ လိင်တူ/လိင်ကွဲအစွပ် Condom မသုံးဘဲ ဆက်ဆံခြင်း၊ ရောဂါပိုးရှိသူသွေးပေကျံတဲ့ဆေးထိုးအပ်၊ ချွန်ထက်တဲ့ဓားစတဲ့ ကိရိယာတို့မှကူးခြင်း၊ ရောဂါပိုးရှိတဲ့မိခင်က ရင်သွေးကိုမိခင်နို့တိုက်ကျွေးခြင်းမှကူးစက်ခြင်းတို့ဖြစ်နိုင်ပါတယ်။

ကမ္ဘာမှာ ၂၀၁၇ခုနှစ် ဒီဇင်ဘာလ ၁ရက်ထိ HIV/AIDS ကူးစက်သူ ၃၇ ဒသမ ၅ သန်းရှိပြီး အရင်ရောဂါရှင် ၃၅ သန်းကျော်က သေဆုံးခဲ့ပြီသိရတယ်။ HIV/AIDS လူနာဟာ ရောဂါလက္ခဏာမပြဘဲ နေနိုင်တယ်။ HIV ပိုး ခန္ဓာအတွင်း ရောက်ရှိပြီးဆိုရင် (၂-၄) ရက်အတွင်း ရောဂါလက္ခဏာပြတယ်။ ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ ခန္ဓာကိုယ်မှာ အနီကွက်၊ ရေယုန်ပေါက်ခြင်း၊ ညဘက်ချွေးပြန်ခြင်း၊ ကြွက်သားနာကျင်ခြင်း၊ လည်းချောင်းနာခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ပြွန်ရည်အကျိတ်ရောင်ရမ်းခြင်း၊ ပါးစပ်မှာ မက္ခရုပေါက်ခြင်း၊ တစ်လထက်ကျော်တဲ့အဖျား၊ တစ်လထက်ကြာတဲ့ ၀မ်းလျှောခြင်း၊ တစ်လထက်ကျော်တဲ့ ချောင်းဆိုးခြင်း၊ တစ်လအတွင်းအကြောင်းမဲ့ ကိုယ်အလေးချိန် ၁၀ ပေါင်ကျော်ကျခြင်း၊ သွေးစစ်ကြည့်ပါက HIV ပေါ့စတစ် HIV Possitive ရှိခြင်းတို့ဖြစ်တယ်။ စမ်းသပ်နည်းမှာ HIV ဗိုင်းရပ်စ်တိုက်ထုတ်ဖို့ ပဋိပစ္စည်းကို သွယ်ဝိုက်စမ်းသပ်ခြင်း၊ ELISA Western Blot နည်းဖြစ်တယ်။ ၁၂ လပတ်ကျော်မှ ပြန်စစ်သင့်တယ်။ ပုန်းခိုနေတဲ့ကာလ Window period မှာ မတွေ့နိုင်ဘူး။ HIV တိုက်ရိုက်စမ်းသပ်နည်းက နျူကလစ်အက်စစ်စမ်းသပ်နည်း Nudeic Acid Amplication Test, PCR. RNA ပဲဖြစ်တယ်။ HIV/AIDS အတွက် ကုသဆေး၊ကာကွယ်ဆေးမပေါ်သေးပါ။ ခုခံအားမြှင့်တင်ဆေး ART နဲ့ လူတမ်းစေ့နေနိုင်ပါတယ်။

Global Fund က မြန်မာနိုင်ငံမှ HIV/AIDS ငှက်ဖျားရောဂါနဲ့အဆုတ်၊ တီဘီရောဂါတိုက်ဖျက်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကို အမေရိကန်ဒေါ်လာ ၃၂ ဒသမ ၄၄ သန်းအကူအညီပေးမယ် သိရပါတယ်။ ၂၀၁၇ ဇူလိုင်လအတွင်း ကုလသမဂ္ဂ AIDS တိုက်ဖျက်ရေးအဖွဲ့ HIV/AIDS က ထုတ်ပြန်တဲ့စာရင်းအရ မြန်မာနိုင်ငံမှာ HIV/AIDS ကြောင့် သေဆုံးသူ ၅၀ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ပြီဆိုပေမယ့် HIV/AIDS ရောဂါကာကွယ်ရေး၊ ကုသရေးလုပ်ငန်းဆောင်ရွက်ရာမှာ HIV/AIDS လူနာ ၅၇ ရာခိုင်နှုန်းသာ ကုသပေးနိုင်ပြီး ရောဂါဖြစ်ပွားနှုန်း ရန်ကုန်မြို့မှာ အမြင့်ဆုံးလို့ဆိုတယ်။ရန်ကုန် (သို့) ကူးစက်ရောဂါတွေရဲ့ ထိပ်ဆုံးမြို့တော်မှာ ရွှေ့ပြောင်းအခြေချလာသူများလာသလို လိင်လုပ်သားတွေများလာတယ်။

Ref : The Standard Time

========================

 

ႏွစ္သက္ရင္ Share သြားႏိုင္ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *