ေဆာ္ဒီအာေရးဗီးယားကို ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီမွ ထုတ္ရန္ေတာင္းဆုိမည္

Zaw Gyi Version

လူ ၆၁ ေယာက္ကို ဖမ္းဆီးထားတဲ့ ေဆာ္ဒီအာေရးဗီးယားႏိုင္ငံကို အဖြဲ႔ဝင္ႏိုင္ငံအျဖစ္က ယာယီရပ္ဆိုင္းဖို႔ ၿဗိတိသ်ွလူ႔အခြင့္အေရးေရွ႕ေန ၂ ေယာက္က ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီကို ဒီညေန ေတာင္းဆိုမယ္လို႔ သိရပါတယ္။

အဲဒီလူ ၆၁ ေယာက္ဟာ ေဆာ္ဒီအာေရးဗီးယားႏိုင္ငံထဲမွာ ၂၀၁၇ စက္တင္ဘာလထဲက ထိန္းသိမ္းခံေနရတာနဲ႔ တခ်ိဳ႕ကေတာ့ ေပ်ာက္ဆံုးေနသူေတြျဖစ္ပါတယ္။

ကုလသမဂၢလူ႔အခြင့္အေရးေကာင္စီရဲ႕ ေျပာခြင့္ရသူ ေရာလန္ဒို – ဂိုးမက္ဇ္ Rolando Gomez ကေတာ့ ဘယ္အဖြဲ႔ဝင္ႏိုင္ငံကိုမဆို UNHRC အဖြဲ႔ဝင္အျဖစ္က ယာယီရပ္ဆိုင္းဖို႔ဆိုရင္ အဖြဲ႔ဝင္ႏိုင္ငံ ၃ ပံု ၂ ပံု ပါဝင္တဲ့ အေထြေထြညီလာခံက်င္းပၿပီး မဲခြဲဆံုးျဖတ္ရမွာျဖစ္တယ္လို႔ ေျပာပါတယ္။

ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီ အေထြေထြညီလာခံကေန မဲခြဲဆံုးျဖတ္ၿပီး အဖြဲ႔ဝင္ႏိုင္ငံအျဖစ္က ယာယီရပ္ဆိုင္းခံခဲ့ရတဲ့ တခုတည္းေသာႏိုင္ငံကေတာ့ လစ္ဗ်ားျဖစ္ပါတယ္။ ၂၀၁၁ ခုႏွစ္က လစ္ဗ်ား ေခါင္းေဆာင္ ဂဒါဖီရဲ႕ အစိုးရဆန္႔က်င္သူေတြကို အၾကမ္းဖက္ၿဖိဳခြဲခဲ့မႈအတြက္ အဲဒီလို UNHRC အဖြဲ႔ဝင္ႏိုင္ငံအျဖစ္ကေန ရပ္ဆိုင္းခံခဲ့ရတာပါ။

Credit :

=====================

Unicode Version

လူ ၆၁ ယောက်ကို ဖမ်းဆီးထားတဲ့ ဆော်ဒီအာရေးဗီးယားနိုင်ငံကို အဖွဲ့ဝင်နိုင်ငံအဖြစ်က ယာယီရပ်ဆိုင်းဖို့ ဗြိတိသျှလူ့အခွင့်အရေးရှေ့နေ ၂ ယောက်က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို ဒီညနေ တောင်းဆိုမယ်လို့ သိရပါတယ်။

အဲဒီလူ ၆၁ ယောက်ဟာ ဆော်ဒီအာရေးဗီးယားနိုင်ငံထဲမှာ ၂၀၁၇ စက်တင်ဘာလထဲက ထိန်းသိမ်းခံနေရတာနဲ့ တချို့ကတော့ ပျောက်ဆုံးနေသူတွေဖြစ်ပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ ပြောခွင့်ရသူ ရောလန်ဒို – ဂိုးမက်ဇ် Rolando Gomez ကတော့ ဘယ်အဖွဲ့ဝင်နိုင်ငံကိုမဆို UNHRC အဖွဲ့ဝင်အဖြစ်က ယာယီရပ်ဆိုင်းဖို့ဆိုရင် အဖွဲ့ဝင်နိုင်ငံ ၃ ပုံ ၂ ပုံ ပါဝင်တဲ့ အထွေထွေညီလာခံကျင်းပပြီး မဲခွဲဆုံးဖြတ်ရမှာဖြစ်တယ်လို့ ပြောပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အထွေထွေညီလာခံကနေ မဲခွဲဆုံးဖြတ်ပြီး အဖွဲ့ဝင်နိုင်ငံအဖြစ်က ယာယီရပ်ဆိုင်းခံခဲ့ရတဲ့ တခုတည်းသောနိုင်ငံကတော့ လစ်ဗျားဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်က လစ်ဗျား ခေါင်းဆောင် ဂဒါဖီရဲ့ အစိုးရဆန့်ကျင်သူတွေကို အကြမ်းဖက်ဖြိုခွဲခဲ့မှုအတွက် အဲဒီလို UNHRC အဖွဲ့ဝင်နိုင်ငံအဖြစ်ကနေ ရပ်ဆိုင်းခံခဲ့ရတာပါ။

Credit :

=====================

ႏွစ္သက္ရင္ Share သြားႏိုင္ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *