အေမရိကန္ကို စစ္ေအးေခတ္ကာလအယူအဆနွင့္ ႏ်ဴကလီးယားစြမ္းရည္ တိုးခ်ဲ႕ေနသည္ကို ရပ္တန္ ့ဖို့တ႐ုတ္တိုက္တြန္း

Zaw Gyi Version

အေမရိကန္ျပည္ေထာင္စုသည္ စစ္ေအးေခတ္ကာလ အေတြးအေခၚျဖင့္ ႏ်ဴကလီးယားမူဝါဒသစ္ အေကာင္အထည္ေဖာ္ေနျခင္းကို စြန္႔လႊတ္ရန္ တ႐ုတ္အစိုးရက တိုက္တြန္းလိုက္ေၾကာင္း Reuters သတင္းဌာနက ေရးသားေဖာ္ျပသည္။

အေမရိကန္အစိုးရက အျခားေသာႏိုင္ငံမ်ား၏ အႏၲရာယ္ျပဳမႈမ်ားကို ဟန္႔တားရန္အလို႔ငွာ ႏ်ဴကလီးယား စြမ္းေဆာင္ရည္မ်ား တိုးခ်ဲ႕မည့္ အစီအစဥ္တစ္ရပ္အား ထုတ္ျပန္ခဲ့ၿပီးေနာက္ တ႐ုတ္ႏိုင္ငံက ယင္းသို႔ တိုက္တြန္းျခင္းျဖစ္သည္။ထို႔ျပင္ တ႐ုတ္ႏိုင္ငံ၏ စစ္ေရးအင္အား တိုးျမႇင့္တည္ေဆာက္ေနမႈအေပၚတြင္လည္း အထင္အျမင္ မမွားေစလိုေၾကာင္း တ႐ုတ္အစိုးရက ဆိုသည္။

“ၿငိမ္းခ်မ္းေရးႏွင့္ ဖြံ႔ၿဖိဳးေရးသည္ ကမၻာႀကီး၏ ျပန္လွည့္၍မရႏိုင္ေသာ လားရာျဖစ္သည္။ ကမၻာေပၚတြင္ ႏ်ဴကလီးယားလက္နက္ကို အႀကီးမားဆံုး အတိုင္းအတာျဖင့္ ပိုင္ဆိုင္ထားေသာ အေမရိကန္ ျပည္ေထာင္စုအေနႏွင့္ ယင္းၿငိမ္းခ်မ္းေရးႏွင့္ ဖြံ႔ၿဖိဳးေရးဟူေသာ လမ္းေၾကာင္း ေနာက္သို႔သာ လိုက္သင့္ေပသည္”ဟု တ႐ုတ္ကာကြယ္ေရး ဝန္ႀကီးဌာနက ေၾကညာခ်က္တစ္ရပ္ ထုတ္ျပန္သည္။

ႏ်ဴကလီးယားမူဝါဒကို အေမရိကန္ ျပည္ေထာင္စု ျပန္လည္ ဆန္းစစ္မႈက ႐ုရွားႏိုင္ငံကိုပါ အမ်က္ေဒါသ ျဖစ္ေစခဲ့သလို ႏွစ္ႏိုင္ငံအၾကား အထင္မွား အျမင္မွားျဖစ္ကာ ျပႆနာမ်ား ႀကီးထြားလာေစႏိုင္သည့္ အႏၲရာယ္ကိုလည္း ျဖစ္ေပၚေစသည္။

အေမရိကန္ ျပည္ေထာင္စုသည္ တ႐ုတ္ႏွင့္ ႐ုရွားတို႔၏ စစ္အင္အားတိုးခ်ဲ႕မႈကို ျပန္လည္ တစ္စခန္းထလာေသာ ပါဝါမ်ားဟုေဖာ္ျပၿပီး ၎တို႔ကို တန္ျပန္ ခ်ိန္ခြင္လွ်ာညႇိႏိုင္မည့္ အမ်ိဳးသား ကာကြယ္ေရး မဟာဗ်ဴဟာတစ္ရပ္ကို ယခုလဆန္းပိုင္းတြင္ ထုတ္ျပန္ခဲ့သည္။အေမရိကန္ ျပည္ေထာင္စု၏ ႏ်ဴကလီးယား စြမ္းေဆာင္မႈကို တိုးခ်ဲ႕ျခင္းျဖင့္ ႐ုရွားႏိုင္ငံ ႏ်ဴကလီးယားလက္နက္ အသံုးျပဳမည့္ကိစၥကို ဟန္႔တားႏိုင္လိမ့္မည္ဟု အေမရိကန္ အစိုးရအရာရွိမ်ားက ဆိုသည္။

တ႐ုတ္ႏိုင္ငံကမူ အေမရိကန္ ျပည္ေထာင္စုသည္ တ႐ုတ္၏ ဦးတည္ခ်က္မ်ားအေပၚ ဆင္ျခင္တံုတရားမဲ့သည့္ ထင္ျမင္မႈမ်ား ျပဳလုပ္ေနေၾကာင္း၊ တ႐ုတ္သည္ ႏ်ဴကလီးယားလက္နက္မ်ား ထုတ္လုပ္မႈအေပၚ သတိႀကီးစြာ ထိန္းခ်ဳပ္တတ္သည့္ သေဘာထား အၿမဲထားရွိခဲ့သလို ႏ်ဴကလီးယားတပ္ဖြဲ႔ကိုလည္း အင္အား အနည္းဆံုး ျဖစ္ေအာင္ ျပဳလုပ္ထားေၾကာင္း ေျပာၾကားသည္။

“စစ္ေအးေခတ္ကာလက အယူအဆေတြ၊ အေတြးအေခၚေတြကို အေမရိကန္ ျပည္ေထာင္စုအေနႏွင့္ စြန္႔လႊတ္လိမ့္မည္ဟု ကၽြႏု္ပ္တို႔ ေမွ်ာ္လင့္မိသည္။ ထို႔အတူ တ႐ုတ္ႏိုင္ငံ၏ မဟာဗ်ဴဟာ ဦးတည္ခ်က္မ်ားကို မွန္မွန္ကန္ကန္ နားလည္ၿပီး တ႐ုတ္အမ်ိဳးသား ကာကြယ္ေရးႏွင့္ စစ္ေရး တည္ေဆာက္မႈကို ဓမၼဓိ႒ာန္က်စြာ ႐ႈျမင္ေပးႏိုင္မည္ဟု ေမွ်ာ္လင့္ပါသည္”ဟု တ႐ုတ္ကာကြယ္ေရး ဝန္ႀကီးဌာန၏ ေၾကညာခ်က္ကဆိုသည္။

Ref : The Voice

=====================

Unicode Version

အမေရိကန်ပြည်ထောင်စုသည် စစ်အေးခေတ်ကာလ အတွေးအခေါ်ဖြင့် နျူကလီးယားမူဝါဒသစ် အကောင်အထည်ဖော်နေခြင်းကို စွန့်လွှတ်ရန် တရုတ်အစိုးရက တိုက်တွန်းလိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။

အမေရိကန်အစိုးရက အခြားသောနိုင်ငံများ၏ အန္တရာယ်ပြုမှုများကို ဟန့်တားရန်အလို့ငှာ နျူကလီးယား စွမ်းဆောင်ရည်များ တိုးချဲ့မည့် အစီအစဉ်တစ်ရပ်အား ထုတ်ပြန်ခဲ့ပြီးနောက် တရုတ်နိုင်ငံက ယင်းသို့ တိုက်တွန်းခြင်းဖြစ်သည်။ထို့ပြင် တရုတ်နိုင်ငံ၏ စစ်ရေးအင်အား တိုးမြှင့်တည်ဆောက်နေမှုအပေါ်တွင်လည်း အထင်အမြင် မမှားစေလိုကြောင်း တရုတ်အစိုးရက ဆိုသည်။

“ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးသည် ကမ္ဘာကြီး၏ ပြန်လှည့်၍မရနိုင်သော လားရာဖြစ်သည်။ ကမ္ဘာပေါ်တွင် နျူကလီးယားလက်နက်ကို အကြီးမားဆုံး အတိုင်းအတာဖြင့် ပိုင်ဆိုင်ထားသော အမေရိကန် ပြည်ထောင်စုအနေနှင့် ယင်းငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးဟူသော လမ်းကြောင်း နောက်သို့သာ လိုက်သင့်ပေသည်”ဟု တရုတ်ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာချက်တစ်ရပ် ထုတ်ပြန်သည်။

နျူကလီးယားမူဝါဒကို အမေရိကန် ပြည်ထောင်စု ပြန်လည် ဆန်းစစ်မှုက ရုရှားနိုင်ငံကိုပါ အမျက်ဒေါသ ဖြစ်စေခဲ့သလို နှစ်နိုင်ငံအကြား အထင်မှား အမြင်မှားဖြစ်ကာ ပြဿနာများ ကြီးထွားလာစေနိုင်သည့် အန္တရာယ်ကိုလည်း ဖြစ်ပေါ်စေသည်။

အမေရိကန် ပြည်ထောင်စုသည် တရုတ်နှင့် ရုရှားတို့၏ စစ်အင်အားတိုးချဲ့မှုကို ပြန်လည် တစ်စခန်းထလာသော ပါဝါများဟုဖော်ပြပြီး ၎င်းတို့ကို တန်ပြန် ချိန်ခွင်လျှာညှိနိုင်မည့် အမျိုးသား ကာကွယ်ရေး မဟာဗျူဟာတစ်ရပ်ကို ယခုလဆန်းပိုင်းတွင် ထုတ်ပြန်ခဲ့သည်။အမေရိကန် ပြည်ထောင်စု၏ နျူကလီးယား စွမ်းဆောင်မှုကို တိုးချဲ့ခြင်းဖြင့် ရုရှားနိုင်ငံ နျူကလီးယားလက်နက် အသုံးပြုမည့်ကိစ္စကို ဟန့်တားနိုင်လိမ့်မည်ဟု အမေရိကန် အစိုးရအရာရှိများက ဆိုသည်။

တရုတ်နိုင်ငံကမူ အမေရိကန် ပြည်ထောင်စုသည် တရုတ်၏ ဦးတည်ချက်များအပေါ် ဆင်ခြင်တုံတရားမဲ့သည့် ထင်မြင်မှုများ ပြုလုပ်နေကြောင်း၊ တရုတ်သည် နျူကလီးယားလက်နက်များ ထုတ်လုပ်မှုအပေါ် သတိကြီးစွာ ထိန်းချုပ်တတ်သည့် သဘောထား အမြဲထားရှိခဲ့သလို နျူကလီးယားတပ်ဖွဲ့ကိုလည်း အင်အား အနည်းဆုံး ဖြစ်အောင် ပြုလုပ်ထားကြောင်း ပြောကြားသည်။

“စစ်အေးခေတ်ကာလက အယူအဆတွေ၊ အတွေးအခေါ်တွေကို အမေရိကန် ပြည်ထောင်စုအနေနှင့် စွန့်လွှတ်လိမ့်မည်ဟု ကျွနု်ပ်တို့ မျှော်လင့်မိသည်။ ထို့အတူ တရုတ်နိုင်ငံ၏ မဟာဗျူဟာ ဦးတည်ချက်များကို မှန်မှန်ကန်ကန် နားလည်ပြီး တရုတ်အမျိုးသား ကာကွယ်ရေးနှင့် စစ်ရေး တည်ဆောက်မှုကို ဓမ္မဓိဋ္ဌာန်ကျစွာ ရှုမြင်ပေးနိုင်မည်ဟု မျှော်လင့်ပါသည်”ဟု တရုတ်ကာကွယ်ရေး ဝန်ကြီးဌာန၏ ကြေညာချက်ကဆိုသည်။

Ref : The Voice
=====================

Share သြားေပးပါမိတ္ေဆြ

Add a Comment

Your email address will not be published. Required fields are marked *