သုံးစွဲရန်မသင့်သော တိုင်းရင်းဆေးများကို အသိပေးကြေညာ

Zaw Gyi Version





Ref : The Ladies News

==========================

Unicode Version

သုံးစွဲရန်မသင့် တိုင်းရင်းဆေးတချို့ကို ပြည်သူများသိရှိရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာ အသိပေးထားသည်။

မြစ်ကြီးနားမြို့မှ ထုတ်လုပ်သည့် ခန်းတောက်မြစ် ဆေးထုပ်၊ Gasspro အကိုက်အခဲပျောက်ဆေးမှုန့်၊ ကုလားအုပ် သန်ချဆေး၊ ပန်းခါးပျားရည် ဆေးလုံး၊ Myanmar မဟူရာပဲနက်စေ့ (ခ) ခွေးလှေးယားစေ့၊ Win ပုံတောင်ဆေးမြစ်စုံ လိမ်းဆေး နှင့် Win ခွေးလှေးယားသီးနက်စေ့ တို့ကို သုံးစွဲရန်မသင့်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်း မရှိသော တိုင်းရင်းဆေးဝါးများကို ၀ယ်ယူသုံးစွဲခြင်း မပြုကြရန်နှင့် တိုင်းရင်းဆေး ပညာဦးစီးဌာနတွင် မှတ်ပုံတင်ထားသော တိုင်းရင်းဆေးဝါးများကိုသာ စိစစ်ဝယ်ယူသုံးစွဲရန် နှိုးဆော်ထားသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် အရည်အသွေး စစ်မှန်ကောင်းမွန်ပြီး ဘေးဥပဒ်အန္တရာယ်ကင်းရှင်းကာ အကျိုးအာနိသင်ရှိသော တိုင်းရင်းဆေးဝါးများကို အများပြည်သူတို့သုံးစွဲနိုင်ရန် စဉ်ဆက်မပြတ် စနစ်တကျ စစ်ဆေးလျက်ရှိသည်။

Ref : The Ladies News

==========================

Share သွားပေးပါမိတ်ဆွေ

Add a Comment

Your email address will not be published. Required fields are marked *