ပူစီနံရြက္ ၏ေဆးဘက္ဝင္ပံု

Zaw Gyi Version

ပူစီနံရြက္ထဲမွာ ပါဝင္တဲ႔ ပူရွိန္းဓာတ္က အေအးမိျခင္း၊ ႏွာရည္ယို ႏွာပိတ္ျခင္းတို႔ကို ေပ်ာက္ကင္းေစသလို တျခားက်န္းမာေရး အက်ိဳးေက်းဇူးေတြလည္း အမ်ားႀကီးရွိပါတယ္။

ပူစီနံရြက္ဟာ ဟင္းပြဲထဲမွာ ဟင္းခတ္အေမႊးအႀကိဳင္တစ္မ်ိဳးလို ထည္႔သြင္းအသံုးျပဳလို႔ရသလို mojito လိုမ်ိဳး ေကာ႔ေတးလ္ထဲမွာလည္း ထည္႔သြင္းႏိုင္ပါတယ္။ ပူစီနံရြက္ထဲမွာ ပါဝင္တဲ႔ ပူရွိန္းဓာတ္က အေအးမိျခင္း၊ ႏွာရည္ယို ႏွာပိတ္ျခင္းတို႔ကို ေပ်ာက္ကင္းေစသလို တျခားက်န္းမာေရး အက်ိဳးေက်းဇူးေတြလည္း အမ်ားႀကီးရွိပါတယ္။ ပူစီနံရြက္ရဲ႕ က်န္းမာေရးအက်ိဳးေက်းဇူးေတြကေတာ႔

၁။ ခြန္အားတိုးေစတယ္
အားနည္းေနတယ္လို႔ ခံစားရပါက ပူစီနံရြက္ေလး ရွဴလိုက္ရံုနဲ႔ စိတ္ပိုင္းဆိုင္ရာ တက္ၾကြေစႏိုင္ပါတယ္။ Wheeling Jesuit တကၠသိုလ္က သုေတသနတစ္ခုုရဲ႕ အဆိုအရဆိုရင္ ပူစီနံရြက္ဟာ လူကို ပိုမိုတက္ၾကြေစျခင္း၊ စြမ္းေဆာင္ရည္ေကာင္းမြန္ေစျခင္း၊ စိတ္အားထက္သန္ေစျခင္းတို႔နဲ႔ ဆက္စပ္ေနပါတယ္တဲ႔။ ဘာလို႔လဲဆိုေတာ႔ ပူစီနံရြက္ဟာ အာရံုေၾကာမႀကီးစနစ္ကို လႈံ႕ေဆာ္ေပးႏိုင္လို႔ပါပဲ။ ဒါေၾကာင္႔ အလုပ္ထဲမွာ ပူစီနံရြက္ဆီေလး တစ္ပုလင္းေလာက္ ေဆာင္ထားၿပီး မူးေဝလာတိုင္း ရွဴျခင္းျဖင္႔ တက္ၾကြလန္းဆန္း ေစႏိုင္ပါတယ္။

၂။ ေခါင္းကိုက္ေပ်ာက္ေစတယ္
ပူစီနံရြက္ဆီကို နဖူးနဲ႔ နားထင္ေပၚမွာ ပြတ္ေပးျခင္းက ေခါင္းကိုက္ျခင္းကို (၁၅) မိနစ္ဆိုတဲ႔ အခ်ိန္တိုအတြင္းမွာ ယူပစ္သလို သက္သာေပ်ာက္ကင္းေစပါတယ္။ ပူစီနံရြက္ရဲ႕ ေသြးလည္ပတ္မႈ ပိုမိုေကာင္းမြန္ေစျခင္းနဲ႔ ၾကြက္သားတင္းမာမႈ ေျပေပ်ာက္ေစျခင္းတို႔က ေခါင္းကိုက္ေဝဒနာကို သက္သာေပ်ာက္ကင္းေစတာပါ။ ကြန္ပ်ဴတာအၾကည္႔မ်ားသူေတြ၊ ဝိုင္ဖိုင္ အသံုးမ်ားသူေတြ ပူစီနံရြက္ဆီေလး ေဆာင္ထားသင္႔ပါတယ္။

၃။ ႏွာေခါင္းအေျမွးေရာင္ေရာဂါကို သက္သာေစတယ္
အေအးမိေခ်ာင္းဆိုးျခင္းကို တိုက္ဖ်က္ဖို႔အတြက္ မင္ေသာ္ (menthol) ကို ႏွစ္ေပါင္းမ်ားစြာကတည္းက အသံုးျပဳလာခဲ႔ၾကၿပီး ပူစီနံရြက္ထဲမွာ မင္ေသာ္ပမာဏမ်ားစြာ ပါရွိပါတယ္။ Tea Mavens ဝက္ဘ္ဆိုဒ္တည္ေထာင္သူ Lindsey Goodwin ကေတာ႔ ပူစီနံရြက္ လက္ဖက္ရည္ရဲ႕အေငြ႕ကို ရွဴေပးရံုနဲ႔ ႏွာေခါင္းအေျမွးပါး ျပႆနာေတြကို ရွင္းလင္းေပးႏိုင္ပါတယ္တဲ႔။

၄။ အစာမေၾကျခင္းကို သက္သာေပ်ာက္ကင္းေစတယ္
Maryland တကၠသိုလ္၊ ေဆးဝါးဆိုင္ရာ႒ာနရဲ႕ အဆိုအရ ပူစီနံရြက္ဟာ အစာအိမ္ၾကြက္သားေတြကို တည္ၿငိမ္ေစျခင္းျဖင္႔ သည္းေျခရည္ စီးဆင္းမႈကို ပိုမိုေကာင္းမြန္ေစပါတယ္တဲ႔။ သည္းေျခရည္ စီးဆင္းမႈ ပိုမိုေကာင္းမြန္လာတဲ႔အခါ အစားအစာေတြလည္း အစာအိမ္ထဲကို ပိုမိုလြယ္ကူစြာ ေရွာက္ရွိသြားေစႏိုင္ပါတယ္။

ဒါေၾကာင္႔ ေလေအာင္႔ျခင္း၊ ဗိုက္နာျခင္းနဲ႔ ဝမ္းေလွ်ာျခင္းတို႔ကိုလည္း တားဆီးေပးႏိုင္ပါတယ္။ ဒါေၾကာင္႔ အစာစားၿပီးတိုင္း ပူစီနီရြက္လက္ဖက္ရည္ တစ္ခြက္ေလာက္ ေသာက္ေပးျခင္းက အၾကံေကာင္းပါပဲ။

၅။ ဓမၼတာေၾကာင္႔ နာက်င္ကိုက္ခဲမႈမ်ားကို သက္သာေစတယ္
ပူစီနံရြက္က ၾကြက္သားျပႆနာေတြကို ေျဖရွင္းေပးႏိုင္ရာမွာ ထင္ရွားပါတယ္။ အထူးသျဖင္႔ သားအိမ္ေခါင္းနံရံ ၾကြက္သားေတြကို ကူညီေပးႏိုင္ပါတယ္။ ဒါေၾကာင္႔ အမ်ိဳးသမီးမ်ား လစဥ္ဓမၼတာလာခ်ိန္မွာ ပူစီနံလက္ဖက္ရည္ ႏွစ္ခြက္၊ သံုးခြက္ခန္႔ ေသာက္ေပးျခင္းက ဓမၼတာလာခ်ိန္မွာ နာက်င္ကိုက္ခဲျခင္းကိုလည္း သက္သာေစႏိုင္ပါတယ္။ ပူစီနံလက္ဖက္ရည္ကို ပူစီနံဆီထက္ေတာင္ အာနိသင္ ပိုေကာင္းမြန္တယ္လို႔ ဆိုၾကပါေသးတယ္။

Ref : Duwun

===================

Unicode Version

ပူစီနံရွက်ထဲမှာ ပါဝင်တဲ့ ပူရှိန်းဓာတ်က အအေးမိခြင်း၊ နှာရည်ယို နှာပိတ်ခြင်းတို့ကို ပျောက်ကင်းစေသလို တခြားကျန်းမာရေး အကျိုးကျေးဇူးတွေလည်း အများကြီးရှိပါတယ်။

ပူစီနံရွက်ဟာ ဟင်းပွဲထဲမှာ ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးလို ထည့်သွင်းအသုံးပြုလို့ရသလို mojito လိုမျိုး ကော့တေးလ်ထဲမှာလည်း ထည့်သွင်းနိုင်ပါတယ်။ ပူစီနံရွက်ထဲမှာ ပါဝင်တဲ့ ပူရှိန်းဓာတ်က အအေးမိခြင်း၊ နှာရည်ယို နှာပိတ်ခြင်းတို့ကို ပျောက်ကင်းစေသလို တခြားကျန်းမာရေး အကျိုးကျေးဇူးတွေလည်း အများကြီးရှိပါတယ်။ ပူစီနံရွက်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့….

၁။ ခွန်အားတိုးစေတယ်
အားနည်းနေတယ်လို့ ခံစားရပါက ပူစီနံရွက်လေး ရှူလိုက်ရုံနဲ့ စိတ်ပိုင်းဆိုင်ရာ တက်ကြွစေနိုင်ပါတယ်။ Wheeling Jesuit တက္ကသိုလ်က သုတေသနတစ်ခုုရဲ့ အဆိုအရဆိုရင် ပူစီနံရွက်ဟာ လူကို ပိုမိုတက်ကြွစေခြင်း၊ စွမ်းဆောင်ရည်ကောင်းမွန်စေခြင်း၊ စိတ်အားထက်သန်စေခြင်းတို့နဲ့ ဆက်စပ်နေပါတယ်တဲ့။ ဘာလို့လဲဆိုတော့ ပူစီနံရွက်ဟာ အာရုံကြောမကြီးစနစ်ကို လှုံ့ဆော်ပေးနိုင်လို့ပါပဲ။ ဒါကြောင့် အလုပ်ထဲမှာ ပူစီနံရွက်ဆီလေး တစ်ပုလင်းလောက် ဆောင်ထားပြီး မူးဝေလာတိုင်း ရှူခြင်းဖြင့် တက်ကြွလန်းဆန်း စေနိုင်ပါတယ်။

၂။ ခေါင်းကိုက်ပျောက်စေတယ်
ပူစီနံရွက်ဆီကို နဖူးနဲ့ နားထင်ပေါ်မှာ ပွတ်ပေးခြင်းက ခေါင်းကိုက်ခြင်းကို (၁၅) မိနစ်ဆိုတဲ့ အချိန်တိုအတွင်းမှာ ယူပစ်သလို သက်သာပျောက်ကင်းစေပါတယ်။ ပူစီနံရွက်ရဲ့ သွေးလည်ပတ်မှု ပိုမိုကောင်းမွန်စေခြင်းနဲ့ ကြွက်သားတင်းမာမှု ပြေပျောက်စေခြင်းတို့က ခေါင်းကိုက်ဝေဒနာကို သက်သာပျောက်ကင်းစေတာပါ။ ကွန်ပျူတာအကြည့်များသူတွေ၊ ဝိုင်ဖိုင် အသုံးများသူတွေ ပူစီနံရွက်ဆီလေး ဆောင်ထားသင့်ပါတယ်။
၃။ နှာခေါင်းအမြှေးရောင်ရောဂါကို သက်သာစေတယ်
အအေးမိချောင်းဆိုးခြင်းကို တိုက်ဖျက်ဖို့အတွက် မင်သော် (menthol) ကို နှစ်ပေါင်းများစွာကတည်းက အသုံးပြုလာခဲ့ကြပြီး ပူစီနံရွက်ထဲမှာ မင်သော်ပမာဏများစွာ ပါရှိပါတယ်။ Tea Mavens ဝက်ဘ်ဆိုဒ်တည်ထောင်သူ Lindsey Goodwin ကတော့ ပူစီနံရွက် လက်ဖက်ရည်ရဲ့အငွေ့ကို ရှူပေးရုံနဲ့ နှာခေါင်းအမြှေးပါး ပြဿနာတွေကို ရှင်းလင်းပေးနိုင်ပါတယ်တဲ့။

၄။ အစာမကြေခြင်းကို သက်သာပျောက်ကင်းစေတယ်
Maryland တက္ကသိုလ်၊ ဆေးဝါးဆိုင်ရာဋ္ဌာနရဲ့ အဆိုအရ ပူစီနံရွက်ဟာ အစာအိမ်ကြွက်သားတွေကို တည်ငြိမ်စေခြင်းဖြင့် သည်းခြေရည် စီးဆင်းမှုကို ပိုမိုကောင်းမွန်စေပါတယ်တဲ့။ သည်းခြေရည် စီးဆင်းမှု ပိုမိုကောင်းမွန်လာတဲ့အခါ အစားအစာတွေလည်း အစာအိမ်ထဲကို ပိုမိုလွယ်ကူစွာ ရှောက်ရှိသွားစေနိုင်ပါတယ်။

ဒါကြောင့် လေအောင့်ခြင်း၊ ဗိုက်နာခြင်းနဲ့ ဝမ်းလျှောခြင်းတို့ကိုလည်း တားဆီးပေးနိုင်ပါတယ်။ ဒါကြောင့် အစာစားပြီးတိုင်း ပူစီနီရွက်လက်ဖက်ရည် တစ်ခွက်လောက် သောက်ပေးခြင်းက အကြံကောင်းပါပဲ။

၅။ ဓမ္မတာကြောင့် နာကျင်ကိုက်ခဲမှုများကို သက်သာစေတယ်
ပူစီနံရွက်က ကြွက်သားပြဿနာတွေကို ဖြေရှင်းပေးနိုင်ရာမှာ ထင်ရှားပါတယ်။ အထူးသဖြင့် သားအိမ်ခေါင်းနံရံ ကြွက်သားတွေကို ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် အမျိုးသမီးများ လစဉ်ဓမ္မတာလာချိန်မှာ ပူစီနံလက်ဖက်ရည် နှစ်ခွက်၊ သုံးခွက်ခန့် သောက်ပေးခြင်းက ဓမ္မတာလာချိန်မှာ နာကျင်ကိုက်ခဲခြင်းကိုလည်း သက်သာစေနိုင်ပါတယ်။ ပူစီနံလက်ဖက်ရည်ကို ပူစီနံဆီထက်တောင် အာနိသင် ပိုကောင်းမွန်တယ်လို့ ဆိုကြပါသေးတယ်။

Ref : Duwun

===================

ႏွစ္သက္ရင္ Share သြားႏိုင္ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *