Local News

ကမ္ဘာပေါ်တွင် အစိုးရ ရုံးပိတ်ရက် အများဆုံးနိုင်ငံ ဆိုသည့် ဂုဏ်ထူးကို မလိုချင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

အုပ်ချုပ်ရေး တာဝန်ရှိသူများ အမုန်းခံရဲရမည် ဟုဆို

ကမ္ဘာပေါ်တွင် မြန်မာ နိုင်ငံသည် အစိုးရ ရုံးပိတ်ရက်အ များဆုံးဖြစ်သည်ဟူသောဂုဏ် ထူးကို မလိုချင်ကြောင်း နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ် အောင်ဆန်းစုကြည်က ယမန်နေ့ တွင် ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် သည် ရှမ်းပြည်နယ်ကျိုင်းတုံမြို့ ပြည်သူလူထုနှင့်တွေ့ဆုံပွဲပြုလုပ် ရာဒေသခံတိုင်းရင်းသားတစ်ဦး က ၎င်းတို့၏မျိုးနွယ်စုနေ့အထိမ်း အမှတ်အဖြစ် ပြည်နယ်အတွင်း အစိုးရရုံးပိတ်ရက်သတ်မှတ်ပေး ရန် တင်ပြတောင်းဆိုမှုကို ယင်း သို့ ပြန်လည်ရှင်းလင်းပြောကြား ခဲ့သည်။

‘‘နံပါတ်(၁)ပြောချင်တာက ကျွန်မတို့နိုင်ငံမှာ တရားဝင်အစိုး ရရုံးပိတ်ရက်တွေ မနည်းပါဘူး။ တော်တော်ကိုများပါတယ်။ အဲဒီ ထဲမှာ ကျွန်မတို့တိုင်းရင်းသားများ အားလုံး၊ ပြည်နယ်များအားလုံး လိုချင်တဲ့ရက်တွေပါ ပေးရမယ် ဆိုရင် ကျွန်မတို့နိုင်ငံဟာ ကမ္ဘာ ပေါ်မှာ ရုံးပိတ်ရက်အများဆုံးနိုင် ငံသေချာပေါက်ဖြစ်သွားမှာဖြစ်ပါ တယ်’’ ဟု ၎င်းကဆိုသည်။

ယင်းသို့ ပြောကြားချက် သည် ဖြောင့်ဖြောင့်မတ်မတ်နှင့် ပွင့်ပွင့်လင်းလင်းပြောကြားခြင်း ဖြစ်ပြီး ပြည်သူအကြိုက်ကိုလိုက် ပြောပါက တိုင်းပြည်အပေါ်စေတ နာမဲ့ရာရောက်ကြောင်း ဒေါ် အောင်ဆန်းစုကြည်က ရှင်းလင်း သည်။

‘‘အဲဒီတော့ရုံးပိတ်ရက်တွေ သိပ်မစဉ်းစားပါနဲ့။ ရုံးဖွင့်ရက်တွေ မှာ အလုပ်များများလုပ်ဖို့ပဲ စဉ်း စားကြပါလို့ မေတ္တာရပ်ခံပါရစေ’’ ဟု ၎င်းကဆိုသည်။

လက်ရှိအစိုးရလက်ထက် တွင် သင်္ကြန်ကာလရုံးပိတ်ရက် များကို လျှော့ချခဲ့သော်လည်း တစ်နှစ်အတွင်းရရှိသည့် ရုံးပိတ် ရက်များကို လျှော့ချခြင်းမရှိ ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ရှင်းလင်းသည်။

ကျိုင်းတုံမြို့သို့ရောက်ရှိစဉ် ဒေါ်အောင်ဆန်းစုကြည်က အုပ် ချုပ်ရေးတာဝန်ရှိသူများသည် တာဝန်ခံမှုရှိရှိဖြင့် အမုန်းခံသင့် သည့်နေရာတွင် အမုန်းခံရမည် ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရ ကို သတိပေးပြောကြားသည်။

‘‘အဆင့်တိုင်း အဆင့်တိုင်း မှာ အုပ်ချုပ်ရေးတာဝန်ယူထား တဲ့သူတွေက တာဝန်ယူရဲရမယ်။ တစ်ခါတလေ ကျွန်မသတိထားမိ တယ်။ ငြင်းတဲ့တာဝန်ကျတော့ မယူချင်ဘူး။ ငြင်းစရာရှိရင် ဗဟို က ငြင်းမှာပေါ့။ သဘောတူညီစ ရာရှိရင်တော့ ဗဟိုကသဘောတူ မှာပေါ့။ မင်္ဂလာတော့ ယူလိုက် မယ်။ အမုန်းတော့မခံဘူးပေါ့’’ ဟု ၎င်းကဆိုသည်။

ယင်းလုပ်ရပ်ကို လုံးဝ မကြိုက်ကြောင်း၊ မင်္ဂလာယူခြင်း နှင့်အမုန်းခံခြင်းနှစ်ခုတွင် အမုန်း ခံရဲခြင်းက ပိုမိုအရေးကြီးကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် က ပြောသည်။

ရှမ်းပြည်နယ်ခရီးစဉ်အ တွင်း သတိထားမိသည့်အ ကြောင်းအရာတစ်ခုသည် ပြည် နယ်ပြည်သူလူထုနှင့် ပြည်နယ်အ စိုးရအကြား ဆက်သွယ်မှုရှိသင့် သလောက်မရှိကြောင်း ဒေါ် အောင်ဆန်းစုကြည်က မှတ်ချက် ပြုသည်။

ref: 7 Day News

About the author

လက်ခတ်သံ

Leave a Comment