Knowledge

၂၀၁၉ မြန်မာ-ဗီယက်နမ် စစ်အင်အား နှိုင်းယှဉ်ချက်

၂၀၁၉ မြန်မာ-ဗီယက်နမ် စစ်အင်အား နှိုင်းယှဉ်ချက်

(ယခု ဆောင်းပါးသည် ဗဟုသုတ သက်သက်အတွက်သာ ဖြစ်ပါသည်။)

ဗီယက်နမ်ရော၊ မြန်မာနိုင်ငံဟာပါ အာဆီယံ အဖွဲ့ဝင်တွေဖြစ်ပြီး ကိုလိုနီခေတ်မှာ တိုင်းတစ်ပါးအောက် ဖြတ်သန်းရတဲ့ ခရီးကြမ်းခဲ့တဲ့ နှစ်နိုင်ငံပဲ ဖြစ်ပါတယ်။ ပြင်သစ်လက်အောက် ဘ၀ကျရောက်ခဲ့ပြီး လွတ်လပ်ရေး တိုက်ပွဲဝင်ခဲ့တဲ့ ဗီယက်နမ်ဟာ ကွန်မြူနစ်တစ်နိုင်ငံဖြစ်ခဲ့ပြီး ဗြိတိန်လက်အောက်က လွတ်မြောက်တဲ့ မြန်မာနိုင်ငံကတော့ ခေတ်စနစ်အချို့ကို ဖြတ်သန်းရင်း ဒီမိုကရေစီ အသွင်ပြောင်းနေတဲ့ နိုင်ငံပဲ ဖြစ်ပါတယ်။

စတုရန်းကီလိုမီတာ သုံးသိန်းသုံးသောင်းကျော် ကျယ်ဝန်းတဲ့ ဗီယက်နမ်နိုင်ငံဟာ လူဦးရေအားဖြင့် ၉၆ သန်း ကျော်ရှိပါတယ်။ မြန်မာနိုင်ငံဟာ စတုရန်းကီလိုမီတာ ခြောက်သိန်းခုနစ်သောင်းကျော် ကျယ်ဝန်းပြီး လူဦးရေကတော့ ၅၅ သန်း ကျော်ရှိပါတယ်။ လုပ်သားစွမ်းအားစု သန်း ၅၀ ကျော်ရှိတဲ့ ဗီယက်နမ်နိုင်ငံရဲ့ တင်းပြည်စစ်မှုထမ်းဦးရေဟာ ၄၄၈၅၀၀ ရှိပြီး အရန်က ၅၀၄၀၀၀၀ ရှိပါတယ်။ စစ်မှုထမ်းနိုင်ဖို့ သင့်တော်တဲ့ ဦးရေဟာ ၄၁၅၀၅၀၀၀ ရှိကာ စစ်မှုထမ်းနိုင်တဲ့ အသက်ရောက်ဦးရေဟာ ၁၆၄၀၀၀၀ ရှိပါတယ်။

မြန်မာနိုင်ငံရဲ့ လုပ်သားစွမ်းအားစုကတော့ သန်း ၃၀ ရှိပြီး တင်းပြည့်စစ်မှုထမ်း ၄၀၆၀၀၀ ရှိကာ အရန်အင်အားက ၁၁၀၀၀၀ ရှိပါတယ်။ စစ်မှုထမ်းဖို့ သင့်တော်သူဦးရေဟာ ၂၁၆၃၅၀၀၀ ရှိပြီး စစ်မှုထမ်းနိုင်တဲ့ အရွယ်ရောက် အင်အားကတော့ ၁၀၃၀၀၀၀ ရှိပါတယ်။ နှစ်နိုင်ငံ သုံးစွဲတဲ့ ကာကွယ်ရေးအသုံးစရိတ်အားဖြင့် ဗီယက်နမ်က အမေရိကန်ဒေါ်လာ ၃၃၆၅၀၀၀၀၀၀ ရှိကာ မြန်မာက ၂၄၀၀၀၀၀၀၀၀ ဒေါ်လာ ရှိပါတယ်။ နှစ်နိုင်ငံရဲ့ စစ်အင်အား ကမ္ဘာ့အဆင့် ၁၃၆ မှာ ဗီယက်နမ်က အဆင့် ၂၀ မှာ ရှိပြီး မြန်မာ အဆင့် ၃၅ မှာ ရှိတာကြောင့် အဆင့် ၁၅ ဆင့် ကွာပါတယ်။

ကြည်းတပ်၏ စစ်လက်နက်အင်အားအရာကို ကြည့်မယ်ဆိုရင် တင့်ကားစီးရေ ပိုင်ဆိုင်မှုမှာ ဗီယက်နမ်မှာ ၁၅၄၅ စီးရေရှိပြီး မြန်မာမှာ ၅၉၂ စီး ရှိပါတယ်။ သံချပ်ကာတိုက်ခိုက်ရေးယာဉ်မှာတော့ ဗီယက်နမ်က ၃၁၅၀ စင်းရှိပြီး မြန်မာမှာ ၁၃၅၈ စင်း ရှိတာ တွေ့ရပါတယ်။ ရွေ့လျားအမြောက်ကြီး self propelled artillery မှာ ဗီယက်နမ်နိုင်ငံက ၅၂၄ စင်းနဲ့ မြန်မာက ၁၀၈ စင်းရှိပါတယ်။ ရွေ့လျားလက်နက်ကြီး towed artillery ပိုင်ဆိုင်မှုမှာ ဗီယက်နမ်က ၂၂၀၀ စင်းရှိကာ မြန်မာက ၈၈၄ စင်းပဲ ရှိပါတယ်။ ဒုံးလွှတ်ယာဉ် ပိုင်ဆိုင်မှုမှာတော့ ဗီယက်နမ်နိုင်ငံဟာ ၁၁၀၀ စီးရှိပြီး မြန်မာက ၁၀၈ စီး ရှိပါတယ်။

ကွန်မြူနစ်နိုင်ငံ ဗီယက်နမ်ဟာ ကမ္ဘာပေါ်က လက်တစ်ဆုပ်စာ ကွန်မြူနစ်နိုင်ငံတွေနဲ့ ဆက်ဆံရေးကောင်းကို တည်ထောင်ထားတယ်ဆိုရမှာ ဖြစ်ပေမယ့် ဒေသတွင်း အင်အားအကြီးဆုံး တရုတ်နဲ့ ဆက်ဆံရေးက ပြောစမှတ်တော့ ရှိပါတယ်။ တစ်ချိန်က အုပ်စိုးသူဖြစ်ခဲ့ဘူးတဲ့ အကြီးဆုံး အိမ်နီးချင်း တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကို ဗီယက်နမ်အနေနဲ့ သမိုင်းတစ်လျှောက် အဓိက ထားခဲ့ပါတယ်။

ဒါပေမယ့် တောင်တရုတ်ပင်လယ် ရေပိုင်နက်အငြင်းပွားမှုမှာ တရုတ်နဲ့ တင်းမာတဲ့ ဆက်ဆံရေးတွေ ရှိထားပါတယ်။ ဗီယက်နမ်နိုင်ငံတွင်းက တရုတ် စီးပွားရေးလုပ်ငန်းတစ်ခုကို ပြည်သူတွေ အကြမ်းဖက်ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ဖူးတာကြောင့် နိုင်ငံတွင်းမှာ တရုတ် ဆန့််ကျင်ရေး စိတ်ဓာတ်တွေ အမြစ်တွယ်နေပြီလားဆိုပြီး စိုးရိမ်စရာလည်း ရှိနေပါတယ်။ အင်အားကြီးတရုတ်နဲ့ မြန်မာနိုင်ငံရဲ့ ဆက်ဆံရေးကတော့ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးဆိုပြီး ပြောစမှတ် ရှိခဲ့တာ ဖြစ်ပေမယ့် ခု လတ်တလော အခင်းအကျင်းမှာတော့ မြစ်ဆုံဆည်ကဲ့သို့သော မြန်မာနိုင်ငံတွင်းက တရုတ် စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်လို့ ပြည်သူတွေကြား မကျေနပ်စိတ် အရင်းခံ ရှိနေပါတယ်။

မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်အရေးမှာလည်း တရုတ်နိုင်ငံရဲ့ သြဇာက အဓိက ကျနေပြီး အစိုးရအနေနဲ့ အတော်လေး ထိန်းကျောင်းလျှောက်လှမ်းနေရတဲ့ သံတမန်အခင်းအကျင်းမှာ ရှိနေတာပါ။ ကမ္ဘာ့ဒုတိယစစ်အင်အားအကြီးဆုံး ရုရှနဲ့ မြန်မာနိုင်ငံရဲ့ ဆက်ဆံရေးကတော့ စစ်ရေးအဓိကအားဖြင့် ကောင်းမွန်တဲ့ အခြေအနေမှာ ရှိနေသလို နိုင်ငံငယ်ဖြစ်ပေမယ့် စစ်အင်အားအရာမှာ တာသွားတဲ့ အစ္စရေးနဲ့လည်း မြန်မာနိုင်ငံဟာ စစ်လက်နက်ပစ္စည်း ၀ယ်ယူရေးမှာ ဆက်ဆံမှုတွေ ရှိထားတာ ဖြစ်ပါတယ်။

မြန်မာနဲ့ ဗီယက်နမ်နဲ့ ရေတပ်အင်အားအရာမှာတော့ မြန်မာနိုင်ငံက အင်အားပိုသာတာကို တွေ့ရပါတယ်။ ရေတပ်စစ်ရေယာဉ် စုစုပေါင်း အင်အားမှာ ဗီယက်နမ်က ၆၅ စီးရှိပြီး မြန်မာမှာ ၁၅၅ စီးရှိပါတယ်။ ဖရီးဂိတ်သင်္ဘော ပိုင်ဆိုင်မှုမှာ ဗီယက်နမ်က ကိုးစီး ရှိပြီး မြန်မာက ငါးစီး ရှိပါတယ်။ အာရှကျားအဖြစ် နောက်ပိုင်းမှာ စီးပွားရေး ထူထောင်လာတဲ့ ဗီယက်နမ်ဟာ ရေငုပ်သင်္ဘော ခြောက်စီးအထိ ပိုင်ဆိုင်ထားပေမယ့် မြန်မာမှာ ရေငုပ်သင်္ဘော ပိုင်ဆိုင်ထားတာ မရှိပါဘူး။

မြန်မာစစ်တပ်သုံး တင့်ကားများ

Corvettes စစ်သင်္ဘေင်္ာငယ် ပိုင်ဆိုင်မှုမှာ ဗီယက်နမ်က ၁၄ စီးရှိပြီး မြန်မာက သုံးစီး ရှိပါတယ်။ ကင်းလှည်ရေယာဉ်မှာတော့ ဗီယက်နမ်ဟာ ၂၅ စီးသာ ရှိပြီး မြန်မာမှာ အစီးရေ ၄၀ ရှိပါတယ်။ မိုင်းရှင်းသင်္ဘောမှာ ဗီယက်နမ်က ရှစ်စီး ပိုင်ဆိုင်ပေမယ့် မြန်မာက နှစ်စီးပဲ ပိုင်ဆိုင်တာ ဖြစ်ပါတယ်။ နှစ်နိုင်ငံရဲ့ စစ်ရေးအရာမှာဆိုရင် ဗီယက်နမ်နိုင်ငံဟာ တောင်နဲ့ မြောက် ဗီယက်နမ်စစ်ပွဲမှာ စစ်ရေးအတွေ့အကြုံ ခိုင်မာခဲ့ပါတယ်။ အဲဒီစစ်ပွဲမှာ တောင်ပိုင်းအစိုးရဖက်က ၀င်ရောက်တိုက်ခိုက်ပေးခဲ့တဲ့ အမေရိကန်တပ်သားဟာ ငါးသိန်းမျှ ရှိခဲ့ပါတယ်။ တရုတ်နဲ့ ဆိုဗီယက်တွေရဲ့ လက်နက်အကူအညီနဲ့ စစ်ရေးအကြံပေး အင်အားနဲ့ တိုက်ပွဲဝင်ခဲ့တဲ့ ကွန်မြူနစ် မြောက်ပိုင်းရဲ့ ပြောကျားစစ်ဟာ အထင်ကရစစ်ဗျူဟာတစ်ခု ဖြစ်ခဲ့ပြီး ဗီယက်နမ်စစ်ပွဲကို အနိုင်ပန်းနိုင်တဲ့အထိ အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာစစ်တပ်ရဲ့ စစ်ရေးအရာမှာတော့ လွတ်လပ်ရေး တိုက်ပွဲအပြီး ပြည်ပကျူးကျော်မှုအဖြစ် ကူမင်တန် တရုတ်ဖြူတွေကို တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်နဲ့အတူ ပူးပေါင်းတိုက်ထုတ်နိုင်ခဲ့ပါတယ်။ ပြည်တွင်းစစ်ဟာလည်း ရေရှည်ဖြစ်ပွားနေတဲ့ စစ်တလင်းပဲ ဖြစ်နေပါတယ်။ ဒီနှစ်နိုင်ငံရဲ့ ပြည်ပကြွေးမြီအရာမှာတော့ ဗီယက်နမ်မှာ အမေရိကန်ဒေါ်လာ ၉၁၉၇၀၀၀၀၀၀၀ အထိ ရှိပြီး မြန်မာနိုင်ငံကတော့ ၉၇၁၃၀၀၀၀၀၀ ရှိပါတယ်။ နိုင်ငံခြားအရန်ငွေမှာ ဗီယက်နမ်ဟာ ၃၈၇၅၀၀၀၀၀၀၀ ရှိပြီး မြန်မာကတော့ ၅၀၂၀၀၀၀၀၀ ရှိပါတယ်။

စီးပွားရေးမှာ ရှေ့တစ်လှမ်း တာသွားနေတဲ့ ဗီယက်နမ်နဲ့ မြန်မာနိုင်ငံရဲ့ ရေတပ်အင်အားဟာဆိုရင် စုစုပေါင်း စစ်လေယာဉ် ပိုင်ဆိုင်မှုမှာ ဗီယက်နမ်နိုင်ငံက ၂၈၃ စီးနဲ့ မြန်မာက ၂၆၃ စီး ရှိပါတယ်။ တိုက်လေယာဉ်စီးရေမှာ မြန်မာဟာ ၅၆ စင်းရှိပြီး ဗီယက်နမ်က ၇၆ စင်း ရှိပါတယ်။ တိုက်ခိုက်ရေးစစ်လေယာဉ်မှာ ဗီယက်နမ်ဟာ ၇၆ စီး ရှိပြီး မြန်မာက ၇၇ စီးရှိပါတယ်။

မြန်မာစစ်တပ်

သယ်ယူပို့ဆောင်ရေးစစ်လေယာဉ် စင်းရေမှာ ဗီယက်နမ်ဟာ ၁၆၅ စီးနဲ့ မြန်မာက ၁၀၆ စီးရှိကြပါတယ်။ လေ့ကျင့်ရေးစစ်လေယာဉ်မှာ ဗီယက်နမ်ဟာ ၂၈ စီးနဲ့ မြန်မာက ၇၅ စီး ရှိပါတယ်။ ရဟတ်ယာဉ် ပိုင်ဆိုင်မှုမှာ ဗီယက်နမ်ဟာ ၁၃၉ စီးရှိပြီး တိုက်ခိုက်ရေးရဟတ်ယာဉ်က ၂၅ ရှိပါတယ်။ မြန်မာကတော့ ၈၆ စီးရှိပြီး တိုက်ခိုက်ရေးရဟတ်ယာဉ်က ကိုးစီး ဖြစ်ပါတယ်။

အာဆီယံ စစ်အင်အားအဆင့်မှာ အဆင့် ရှိတဲ့ ဗီယက်နမ်နဲ့ အဆင့် လေးရှိတဲ့ မြန်မာတို့ရဲ့ စစ်ရေးအခင်းအကျင်းဟာ ဗီယက်နမ်နိုင်ငံဟာ နောက်ပိုင်းမှာ ရေတပ်ကို ပိုမိုအားဖြည့် လာပုံတွေ့ရပြီး ကြည်းတပ် သန်မာတဲ့ မြန်မာနိုင်ငံကတော့ လေတပ်ကို ပိုမိုပံ့ပိုးလာနေတဲ့ ပုံကို မြင်တွေ့ရပါတယ်။

Rf; The Marine/ Global Firepower
Writer_မောင်သံဆင့် ( Daily Hot News )

About the author

လက်ခတ်သံ

Leave a Comment