Local News

မာန်အောင်မြို့နယ်တွင် ဆင်ပြောင်သင်္ဘောနစ်မြုပ်၊ ၁၉ ဦး ပျောက်ဆုံးနေ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူ ခရိုင်၊ မာန်အောင်မြို့နယ်၊ ဇီးတောကျေးရွာ အနီးရှိ မီးပြတိုက်ကိုပြုပြင်ဖို့ ရောက်ရှိနေတဲ့ ဆင်ပြောင်အမည်ရှိ သင်္ဘောတစီး ဒီကနေ့ ​ဖေ​ဖော်​၀ါရီ ၁၁ ရက်​​ မနက်​ ၄ နာရီလောက်က နစ်မြုပ်ပြီး သင်္ဘောသား ၁၉ ဦး ပျောက်ဆုံးနေပါတယ်။

ပျောက်​ဆုံးနေသူတွေကို ရှာ​ဖွေကူညီကယ်​ဆယ်​​ပေးနေသူတဦးက “အခု ရှာ​နေကြပါတယ်။ မာန်အောင်မြို့နယ်က မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ရေတပ်အပါအဝင် ဌာနဆိုင်ရာအကြီးအကဲတွေပါ ရှာ​ဖွေတာတွေ ပြု​နေကြပါတယ်​။”လို့ ပြောပါတယ်။

သင်္ဘောပေါ်မှာ လူ ၂၆ ဦးလိုက်ပါသွားတဲ့အနက် ၇ ဦးသာ မီးပြတိုက်ဆီ ပြန်ရောက်လာတယ်လို့ လည်း ပြောပါတယ်​။

မြန်မာ့ဆိပ်ကမ်းအာဏာပိုင် သင်္ဘောနစ်မြုပ်မှုနဲ့ ပတ်သက်ပြီး အခြေအနေ အသေးစိတ်သိရဖို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့ကို ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။

ဇီးတောကမ်းခြေနဲ့ ၄ မိုင်ခန့်အကွာ လက်ဖက်ကျွန်းမီးပြတိုက်သို့ ပြုပြင်ရန်လာရောက်တဲ့ “ဆင်ပြောင်”သဘောင်္နစ်မြုပ်မှုကို မာန်အောင်မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်တွေက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။

သတင်း – ဗညား၊

ref:DVB

 

About the author

လက်ခတ်သံ

Leave a Comment