International News

အမေရိကန်၏ တိုက်ရိုက်စစ်ရေးခြိမ်းခြောက်မှု၊ ပြည်တွင်း အတိုက်အခံတို့နှင့် အားပြိုင်မှု့ ပြင်းထန်နေစဉ် ဗင်နီဇွဲလားတွင် အကြီးမားဆုံး သမိုင်းဝင်စစ်ရေးလေ့ကျင့်မှုပြုလုပ်

( ဖေဖော်ဝါရီ – ၁၁၊ ၂၀၁၉ ) အမေရိကန်၏ တိုက်ရိုက်စစ်ရေးခြိမ်းခြောက်မှု့၊ ပြည်တွင်း အတိုက်အခံတို့နှင့် အားပြိုင်မှု့ ပြင်းထန်နေစဉ် ဗင်နီဇွဲလားတွင် အကြီးမားဆုံး သမိုင်းဝင်စစ်ရေးလေ့ကျင့်မှု့ပြုလုပ်။ သမ္မတနီကိုလပ်စ်မဒူရို ကြီးကြပ်ကွပ်ကဲ။ မိမိကိုယ်မိမိ ကြားဖြတ်သမ္မတဆိုသူ အတိုက်အခံခေါင်းဆောင်က သမ္မတမဒူရို ဖြုတ်ချရေး R2P နည်းလမ်း အသုံးပြုရန် ပြည်ပနိုင်ငံများအား တောင်းဆို။
=======================================
((( Russia Today., 10 Feb, 2019. “Maduro kicks off Venezuela’s ‘most important military drills in history’ (PHOTOS, VIDEOS).” Htay Oung , Oung Marine ဘာသာပြန်ဆိုသည်။ Video ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ်မဒူရို၏ Twitter စာမျက်နှာနှင့် အကြောင်းအရာတူ AL News မှ ဖြစ်ကြောင်း ၀န်ခံပါသည်။ )))

ပြည်တွင်း အတိုက်အခံတို့ခေါင်းဆောင် ၀ှမ်ဂွာဒိုက မိမိကိုယ်မိမိ ကြားဖြတ်သမ္မတဖြစ်ကြောင်းကြေညာခြင်းဖြင့် နိုင်ငံရေးအားပြိုင်မှု့နှင့် အမေရိကန်၏ စစ်ရေးခြိမ်းခြောက်မှု့ပြင်းထန်နေစဉ် ဗင်နီဇွဲလား၌ အကြီးမားဆုံးစစ်ရေးလေ့ကျင့်မှု့ပြုလုပ်ရာ သမ္မတနီကိုလပ်စ်မဒူရို တက်ရောက် ကြီးကြပ်ကွပ်ကဲသည်ဟု Russia Today က ယနေ့ရေးသားသည်။

ဗင်နီဇွဲလားနိုင်ငံ၏ အနှစ် ၂၀၀ သက်တမ်းအတွင်း “ အရေးပါဆုံး “ ဟု ရည်ညွှန်းထားသော သမိုင်းဝင် စစ်ရေးလေ့ကျင့်မှု့ကို ဖေဖော်ဝါရီ ၁၅-ရက်နေအထိ ကျင်းပပြုလုပ်မည်ဟုဆို၏။ မီရန်ဒါစစ်အခြေစိုက်စခန်းသို့ ရောက်ရှိလာသော သမ္မတမဒူရိုက ဗင်နီဇွဲလားနိုင်ငံတော်၏ လွတ်လပ်ခြင်း၊ အချုပ်အာဏာနှင့် နယ်မြေပိုင် ဆိုင်မှု့ကို ကာကွယ်ကြရမည်ဖြစ်ကြောင်း မိန့်ခွန်းပြောကြားသည်။ အမေရိကန်နှင့် ၄င်း၏မဟာမိတ် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ အတိုက်အခံခေါင်းဆောင် ၀ှမ်ဂွာဒိုက ဗင်နီဇွဲလားတွင် အစိုးရအဖွဲ့အပြောင်းအလဲ ပြုလုပ်ရန် အားထုတ်မှု့ပြင်းထန်လာစဉ် မဒူရိုအနေဖြင့် ယခုကဲ့သို့ အင်အားပြသခြင်းဖြင့် တုန့်ပြန်ပုံရကြောင်းသိရှိရသည်။

ဗင်နီဇွဲလားတွင် အာဏာရှင် မဒူရိုအား ဖယ်ရှားရန် စစ်ရေးအပါအ၀င် မည်သည့်နည်းလမ်းမဆို အသုံးပြုရန် အသင့်ရှိကြောင်း ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။ အတိုက်အခံ ဂွာဒိုကလည်း မဒူရိုအား ဖြုတ်ချရာတွင် လူသားချင်း စာနာမှု့အတွက် ပြည်ပစစ်ရေးကျူးကျော်စွက်ဖက်ပိုင်ခွင့်ရှိသည်ကို ချန်လှပ်မထားရန် အမေရိကန်၊ ဥရောပနှင့် လက်တင်အမေရိကရှိ ၄င်းအပေါ် ထောက်ခံသူများအား တောင်းဆိုခြင်းဖြင့် ” အငြင်းပွားဖွယ် ” ဖြစ်ပေါ်လျှက်ရှိသည်။

(( မိမိကိုယ်မိမိ ကြားဖြတ်သမ္မတဆိုသူ အတိုက်အခံခေါင်းဆောင်က ဗင်နီဇွဲလားတွင် လူသားချင်းစာနာမှု့ကို အကြောင်းပြုလျှက် ပြည်ပနိုင်ငံများက စစ်ရေးဖြင့် ကျူးကျော်စွက်ဖက်ရန် ပြောဆိုသည်မှာ R2P ဟု လူသိ များသော Responsibility to protect နည်းလမ်းဖြင့် သမ္မတမဒူရိုအား ဖြုတ်ချရန် ပြောဆိုရာရောက်ပါသည်။ ။ သတင်းဘာသာပြန်သူ ))

Video ကြည့်ရန်

Writer:Htay Oung

About the author

လက်ခတ်သံ

Leave a Comment