Local News

NDF ပါတီ မန်းတိုင်းစည်းရုံးရေး ကော်မတီရုံးကို ခဲဖြင့် ၂ ကြိမ်တိတိ လာထုသည့်အတွက် တိုင်ကြားအမှု ဖွင့်ထားဟုဆို

အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၏ မန္တလေးတိုင်းဒေသကြီး တိုင်းစည်းရုံးရေး ကော်မတီရုံးကို ဖေဖော်ဝါရီလ ၁၀ ရက် နံနက်ပိုင်းကအမည်မသိ လူတစ်စုလာရောက်ကာ ခဲဖြင့် နှစ်ကြိမ်တိုင်တိုင် ထုခဲ့ကာ ဆိုင်းဘုတ်နှင့်မှန်တံခါးများကိုဖျက်ဆီးသွားကြောင်း အဆိုပါ ပါတီကသိရသည်။

No photo description available.

“ကျွန်တော်တို့ ဖေဖော်ဝါရီ ၉ ရက်နေ့မှာ မြစ်ဆုံနဲ့ပတ်သက်ပြီး ကြေညာချက်ထုတ်တယ်။ အဲဒါအပြီး ၁၀ ရက်နေ့မှာ မန္တလေးတိုင်းက တိုင်းစည်းရုံးရေးကော်မတီရုံးကို ဆိုင်ကယ်နဲ့လာပြီးလူတစ်စုက ခဲနဲ့ ၂ကြိမ်လာထုတယ်၊ ပထမတစ်ကြိမ် ဆိုင်ကယ်နဲ့လာပြီး ဆိုင်းဘုတ်ကို ခဲနဲ့ထုတယ်။ ဒုတိယတစ်ကြိမ် ဆိုင်ကယ်နဲ့ရောက်လာပြီး မှန်တံခါးတွေကို ဖျက်ဆီးတယ်။ဘာ့ကြောင့်ဆိုတာတော့ မသိရသေးဘူး၊ဘယ်သူတွေဆိုတာလည်းမသိရသေးဘူး”ဟု NDF ပါတီ ဥက္ကဌ ဦးခင်မောင်ဆွေက ပြောသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ရဲစခန်းတွင် တိုင်ကြားအမှုဖွင့်ထားကြောင်း ဦးခင်မောင်ဆွေက ပြောသည်။

ref:Pyi Myanmar

About the author

လက်ခတ်သံ

Leave a Comment