Local News

လမ်းဘေးဈေးသည်များ ပပျောက်ဖို့ ကြန့်ကြာနေရတဲ့ အကြောင်းအရင်းကို ရန်ကုန်မြို့တော်ဝန်ပြော

တရားစီရင်​ရေးတွင်​ တရားရုံး၏ ကြန့်​ကြာ မှုကြောင့် လမ်းဘေးတွင် ကျူးကျော် ရောင်းချသည့် လမ်းဘေးဈေးသည်များကို ဥပဒေအရဆောင်ရွက်ရန် အခက်အခဲနှင့် ကြုံနေရကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ဆိုသည်။

ဖေဖော်ဝါရီလ ၁၁ ရက်တွင်ကျင်းပသည့် ရန်ကုန်တိုင်းလွှတ်တော်အစည်းဝေးတွင် တွံတေးမြို့နယ်မဲဆန္ဒနယ် ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဇင်ဦး၏ ကျူးကျော်များကို ဥပဒေနှင့်​အညီ စနစ်တကျရောင်းချစေရေး စီမံပေးရန်ရှိမရှိ မေးမြန်းချက်ကို ပြန်လည်ဖြေကြားစဉ် ၎င်းကအထက်ပါအတိုင်း တည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

တွံတေးမြို့မဈေးရှေ့ပန်းတန်း၊ န၀ဒေးအထက်လမ်နှင့် န၀ဒေးအောက်လမ်း တွင်ရှိသည့် ကျူးကျော် ပျံကျဈေးသည်များကို နေရာသတ်မှတ်ကာ ပြောင်းရွေ့ရောင်းချခိုင်းသော်လည်း ပြောင်းရွေ့ခြင်း မရှိသောကြောင့်​ တွံတေးတရားရုံးတွင် စည်ပင်မှတရားလိုပြုကာ ဈေးသည် ၁၀ ဦးကို တရားစွဲခဲ့သော်လည်း ၉ လကြာသည်အထိ တစ်မှုသာ ဒဏ်ကြေးကျပ်တစ်သောင်းဒဏ်ရိုက်နိုင်ပြီး ကျန်သည့် အမှုများ မပြီးပျက်သေးကြောင်း ဦးမောင်မောင်စိုးက ဆိုသည်။

ရုံးချိန်းပေါင်း ၁၆ ချိန်းရှိသည့်တိုင် တရားလိုတစ်ဦးစစ်ဆေးရန်ကျန်ရှိနေသေးသည့်အတွက် ပြစ်ဒဏ်ချမှတ်နိုင်ခြင်းမရှိဘဲ ယင်းဈေးသည်များက မူလနေရာတွင်ပင် ကျူးကျော်ရောင်းချနေဆဲဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

“ကျူးကျော်ဈေးသည်တွေကို ဥပဒေနဲ့အညီ တရားဆွဲတဲ့အခါမှာလည်း ရှိတဲ့ပြဿနာက မြို့နယ်တရားရုံးတွေမှာ အမှုတွေမပြီးပျက်သေးဘဲ ကျန့်ကြာနေတဲ့ အတွက်ကြောင့် စည်ပင်သာယာရေးအဖွဲ့က ဥပဒေနဲ့အညီ တရားဆွဲတဲ့အခါမှာလည်း အခက်​အခဲနဲ့ကြုံရပါတယ်”ဟု ၀န်ကြီး ဦးမောင်မောင်စိုးက ဆိုသည်။

ထိုကြောင့် အဆိုပါကျူးကျော်ဈေးသည်များကို ဥပဒေအရ တရားစွဲခြင်းအပြင် ဖေဖော်ဝါရီလ ၂၂ ရက်အထိ သတ်မှတ်နေရာသို့ ပြောင်းရွေ့ခြင်းမရှိပါကစီမံခန့်ခွဲမှုနည်းအရ ဥပဒေနှင့်အညီ အင်အားသုံးရှင်းလင်းရန် စီစဉ်နေပြီဖြစ်​ကြောင်း ၎င်းက တိုင်းလွှတ်တော်အစည်းအဝေးတွင် ပြောကြားသည်။

ref:The Voice

About the author

လက်ခတ်သံ

Leave a Comment