Local News

“အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့အား ဌာနဆိုင်ရာ အချို့က လက်ခံရန်ဝန်လေးနေသည်”ဟု ကော်မရှင်ဥက်္ကဋ္ဌပြော

အဂတိလိုက်စားမှု တားဆီး ကာကွယ်ရေးအဖွဲ့(CPU)အား ဌာန ဆိုင်ရာအချို့က လက်ခံရန်ဝန်လေး နေသည်ဟု အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင်ဥက်္ကဋ္ဌ ဦးအောင် ကြည်က ပြောကြားသည်။

“အဂတိ လိုက်စားခြင်း ဆိုတာဟာ ကိုယ်ကျင့်တရားပျက် ပြားတာဖြစ်တဲ့အပြင် စက်ဆုတ် ရွံ ရှာဖွယ်ကောင်းတဲ့ပြစ်မှုကို ကျူးလွန် တာလည်းဖြစ်တဲ့အတွက် ဌာနဆိုင် ရာ ၀န်ထမ်းများအတွက် ဂုဏ်သိက်္ခာ နဲ့ လူထုရဲ့ယုံကြည်မှုကို ကျဆင်းစေ နိုင်တယ်ဆိုတဲ့အချက်ကို ဘယ်သူ ကမှ မငြင်းနိုင်ပါဘူး။ ပြည်ထောင်စု ၀န်ကြီးဌာနတချို့ဟာ ဒီနေ့စတင်ပြီး တော့မှ ဖွဲ့စည်းနေတဲ့ အဂတိလိုက် စားမှုတားဆီးကာကွယ်ရေးအဖွဲ့များ ရဲ့ လုပ်ငန်းတာဝန်ဟာ ဌာနဆိုင်ရာ ၀န်ထမ်းများရဲ့ ဂုဏ်သိက်္ခာနဲ့ လူထု ရဲ့ယုံကြည်မှုကို ပြန်လည်မြင့်မား နိုင်အောင် ဆယ်တင်ပေးနိုင်တာဖြစ် တဲ့အတွက် ဒီလုပ်ငန်းကို ကျွန်တော် တို့ အောင်မြင်စွာ အကောင်အထည် ဖော် ဆောင်ရွက်ဖို့အတွက် အလွန်ပဲ အရေးကြီးပါတယ်။ ဒါပေမဲ့ CPU ကို ဌာနဆိုင်ရာတချို့က အခုချိန်ထိ အသေအချာလက်ခံဖို့ ၀န်လေးနေတာ ဟာ အတိတ်ကာလတုန်းက ထားရှိ ခဲ့ကြတဲ့ တန်ဖိုးထားမှုတွေနဲ့ မျက် မှောက်ခေတ် ဒီမိုကရေစီပြုပြင်ပြောင်း လဲရေးကာလတွေမှာ ထားရှိအပ်တဲ့ တန်ဖိုးထားမှုတွေရဲ့ ကွာဟချက် အတော်အတန် ရှိနေဆဲဖြစ်တာကြောင့် လို့ ယူဆပါတယ် ”ဟု ပြောကြား ခဲ့သည်။

နေပြည်တော်ရှိ Kampinski ဟိုတယ်တွင် ပြည်ထောင်စုဝန် ကြီးဌာန ၁၄ ခုတွင် ရှေ့ပြေးစီမံကိန်း အရ ဖွဲ့စည်းသည့် အဂတိလိုက်စား မှုတားဆီးကာကွယ်ရေးအဖွဲ့ Corruption Prevention Unit(CPU) နည်းပညာသင်တန်း အမှတ်စဉ် ၁/၂၀၁၉ ကို ဖွင့်လှစ်ခဲ့ကြောင်း၊ ထိုသို့ သင်တန်းပို့ချ၍ အသိပညာ ပေးခြင်းဖြင့် ပြည်သူလူထုနှင့်အစိုးရ ကြား ယုံကြည်မှုပြန်လည်တည်ဆောက် နိုင်ရန် ရည်ရွယ်ပြီးဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ကော်မရှင်ကို ရောက်ရှိ လာတဲ့ တိုင်ကြားစာတွေထဲမှာ ဘယ် ၀န်ကြီးဌာနတွေက များသလဲဆိုပြီး ရွေးချယ်လိုက်ပါတယ်။ နောက်ပြီး တော့ ၂၀၁၇ ခုနှစ် ဇူလိုင်လအတွင်း က ထုတ်ပြန်ထားတဲ့ မြန်မာ့အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ လေ့လာရေး စာတမ်းထဲမှာလည်း ပါပါတယ်။ အဲဒီမှာလည်း ပါတဲ့ အတွက်ကြောင့်မို့လို့ ဒီဌာန ၁၄ ခု ကို ရှေ့ပြေးစီမံကိန်းမှာ ဦးစားပေး အနေနဲ့ ဆောင်ရွက်ခြင်းဖြစ်ပါတယ်” ” ဟု အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ညွှန် ကြားရေးမှူးချုပ် ဦးကျော်စိုးကပြော သည်။

အဂတိလိုက်စားမှုဖြင့် အများဆုံးတိုင်ကြားခံရသည့် ၀န်ကြီး ဌာနမှာ ၁၄ ခုရှိနေကြောင်း၊ ထို ၀န်ကြီးဌာန ၁၄ ခုမှာ ပြည်သူလူ ထုနှင့် အမြဲတမ်းထိတွေ့နေရသည့် ဌာနများဖြစ်ကြောင်း၊ တိုင်ကြားခံရ သည့် ၀န်ကြီးဌာနများထဲမှ ပြည် ထဲရေးဝန်ကြီးဌာနမှာ အများဆုံးဖြစ် သည်ဟု ၂၀၁၈ ခုနှစ် မတ်လအတွင်း ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်း ပွဲတွင် ကော်မရှင်အဖွဲ့ဝင်တစ်ဦးက ပြောကြားခဲ့ဖူးသည်။

သက်ဆိုင်ရာဝန်ကြီးဌာန တွင် အဂတိလိုက်စားမှုဖြစ်ပွားခဲ့ပါ က ၀န်ကြီးထံသို့ တင်ပြသွားရမည် ဖြစ်ပြီး ပြည်ထောင်စုဝန်ကြီး၏ အ ဆုံးအဖြတ်ကို ရယူဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ နောက်ပိုင်းတွင်ဝန်ကြီး ဌာနအားလုံးကို သင်တန်းများပို့ချရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

နေလှိုင်း
ref:weeklyheadline

About the author

လက်ခတ်သံ

Leave a Comment