Local News

မီးရှို့နေသော အရက်မူးသူက တားဆီးသူများကို ဓားဖြင့်ခုတ်၍ လူ ၄ ဦး ဒဏ်ရာရ

ရေဦးမြို့နယ် ဆီဆုံကျေး ရွာတွင် အရက်ကြောင်ကြောင်နေ သော အမျိုးသား တစ်ဦးက ကောက်ရိုးပုံနှင့် နေ အိမ်များကို မီးရှို့နေစဉ် လာရောက် တားဆီး သူများကို ဓားဖြင့်ခုတ်၍ လူလေး ဦး ဒဏ်ရာရခဲ့ကြောင်း ရွှေဘိုခရိုင် မီးသတ်ဦးစီးမှူး ဦးအေးမြင့်က ပြောသည်။

ရေဦးမြို့ အနောက်ဘက် ၁၆ မိုင်ခန့်အကွာ ဆီဆုံကျေးရွာ နေ အသက်(၄၆)နှစ်အရွယ် အမျိုးသားတစ်ဦးသည် ဖေဖော်ဝါရီ ၁၀ ရက် မွန်းလွဲ ၁ နာရီခန့်တွင် အ ထက်ပါအမှုကို ကျူးလွန်သဖြင့် တင်းတိမ်ယံကျေးရွာ မီးသတ်ဌာနက သွားရောက်ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်၌ မီးလုံးဝငြိမ်းခဲ့သည်။

‘‘မီးရှို့တဲ့သူက အရင်တုန်း က အရက်အလွန်သောက်ပြီး အ ရက်ဖြတ်တာ သိပ်မကြာသေးဘူး လို့ ပြောတယ်။ ပြီးခဲ့တဲ့ တစ်ပတ် လောက်ကစပြီး အရက်ဖြတ်ထား တာ ဒေသခံတွေကိုယ်တိုင်က သူ့ ကိုအရက်ကြောင်နေတယ်လို့ ယူ ဆထားတယ်။ မီးရှို့မလို့ လုပ်နေတုန်း တားတဲ့သူကို လက်ထဲပါလာတဲ့ ဓားနဲ့ခုတ်တယ်။ နောက်တော့ မီးလိုက်ရှို့တယ်’’ဟု ရေဦးမြို့နယ် မီးသတ်ဦးစီးမှူး ဦးရန်ပိုင်ဖြိုးက ပြောသည်။

ဓားဖြင့်ခုတ်သောကြောင့် ဒဏ်ရာရသူ လေးဦးတွင် နှစ်ဦး စိုးရိမ်ရပြီး ကျန်နှစ်ဦး မစိုးရိမ်ရကြောင်း၊ ၎င်းတို့သည် ရေဦးမြို့ပြည်သူ့ဆေးရုံ၌ ဆေးကုသမှု ခံယူနေကြောင်း မီးသတ်ဦးစီးဌာန မှတ်တမ်းများတွင် ဖော်ပြထားသည်။

အဆိုပါ မီးရှို့မှုကြောင့် ဆုံး ရှုံးမှုတန်ဖိုး ကျပ် ရှစ်သိန်းကိုး သောင်းခန့် ရှိခဲ့သည်။

မီးရှို့ပြီး ဓားဖြင့်ခုတ်သူအ မျိုးသားကို ဖမ်းဆီးကာ ရေဦးမြို့ နယ် တင်းတိမ်ယံကျေးရွာ နယ် မြေရဲစခန်းက အကျိုးဖျက်ဆီးမှု၊ လက်နက်ဖြင့် နာကျင်စေမှုနှင့် အပြင်းအထန် နာကျင်စေမှု ပုဒ်မများ ဖြင့် အမှုဖွင့် စစ်ဆေးနေသည်။

Credit:7 day daily

About the author

လက်ခတ်သံ

Leave a Comment