Crime Local News

နောင်ချိုမြို့နယ် အတွင်း ၉ မမ ကျည် ၅၀၀ တောင့်၊ ပွိုင့် -၂၂ ကျည် ၁၄၅၀ တောင့်သယ် လာသူအား ဖမ်းဆီးမိ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ နောင်ချိုအိုရီယမ်တယ်တိုးဂိတ်၌ လုံခြုံရေးဆောင်ရွက် လျက်ရှိသော ပူးပေါင်းအဖွဲ့က မော်တော်ယာဉ်ဝင်/ထွက်မှုများအား စစ်ဆေးဆောင်ရွက်စဉ် ဖေဖော်ဝါရီ ၁၁ ရက် နံနက် ၉ နာရီခန့်တွင် ပြင်ဦးလွင်မြို့မှ နောင်ချိုမြို့ဘက်သို့ ဇေယျာမင်း(ဘ) ဦးအုန်းခင် မောင်းနှင်လာသည့် Mark-II အမျိုးအစား အဖြူရောင်မော်တော်ယာဉ်အမှတ်၊ MDY/ 5P —— အား ရပ်တန့်စစ်ဆေးရာ ဇေယျာမင်းအား ၉ မမ ကျည် ၅၀၀ တောင့်၊ ပွိုင့် -၂၂ ကျည် ၁၄၅၀ တောင့်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိသူအား တရားဥပဒေအရ အရေးယူနိုင်ရေး နောင်ချိုမြို့မ ရဲစခန်းသို့ စနစ်တကျလွှဲပြောင်းအပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ref:Pyi Myanmar

About the author

လက်ခတ်သံ

Leave a Comment