ျမန္မာျပည္ေျမပံုအား လူအမ်ားနဲ႔ ပံုေဖာ္မႈ ကမၻာ့ဂင္းနစ္စံခ်ိန္သစ္ တင္ႏိုင္ခဲ့

Zaw Gyi Version

မေကြးတိုင္းေဒသႀကီး မေကြးၿမိဳ႕ ၌ ေဖေဖာ္ဝါရီလ ၁၂ ရက္ေန႔(ျပည္ေထာင္စုေန႔) လူဦးေရ ၃၄၀၀ ေက်ာ္ျဖင့္ ျမန္မာႏိုင္ငံေျမပံု ကို ပံုေဖာ္ကာ ဂင္းနစ္ ကမာၻ႕စံခ်ိန္သစ္ တစ္ခု မွတ္တမ္းဝင္ေအာင္ ေဆာင္ရြက္ႏိုင္ခဲ့သည္ဟု သိရသည္။

လူ အေယာက္ ၃,၄၆၆ ပါ၀င္ျပီး ျမန္မာျပည္ေျမပံု ပံုေဖာ္ခဲ့ၾကျခင္း ျဖစ္ျပီး ဂင္းနစ္ ကမာၻ႕စံခ်ိန္ခ်ိဳးႏိုင္ေအာင္ ႀကိဳးပမ္းခဲ့ၾကျခင္းျဖစ္ကာ ဂင္းနစ္ကမၻာ့စံခ်ိန္ အဖြဲ႕ဝက္ဘ္စာမ်က္ႏွာတြင္ ေဖာ္ျပထားသည္။

” မေကြးတိုင္းေဒသႀကီးဟာ ျမန္မာ့လြတ္လပ္ေရးေခါင္းေဆာင္ႀကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္းရဲ႕ ေမြးရပ္ဇာတိ နတ္ေမာက္ၿမိဳ႕ တည္ရိွရာ တိုင္းေဒသႀကီးျဖစ္လို႕ ျမန္မာႏိုင္ငံနဲ႔ ကမာၻ႕တစ္လႊားမွာ လူသိမ်ား ထင္ရွားတဲ႕ ေဒသတစ္ခုျဖစ္သလို ဒီေန႕ျပဳလုပ္တဲ့ ကမာၻ႕စံခ်ိန္သစ္ တစ္ခု ေရးထိုးမႈ အခမ္းအနားေၾကာင့္လည္း မေကြးတိုင္းေဒသႀကီးကို ကမာၻ႕အလယ္မွာ ပိုမို ထင္ရွားေစမွာ ျဖစ္တယ္လို႔ ယံုၾကည္ပါတယ္ ”ဟု တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ေဒါက္တာ ေအာင္မိုးညိဳက ေဖေဖာ္၀ါရီလ ၁၂ ရက္က အဖြင့္မိန္႔ ခြန္းတြင္ ထည့္သြင္းေျပာၾကားခဲ့သည္။

အဆိုပါ သရုပ္ေဖာ္ျခင္းကို တယ္လီေနာျမန္မာမွ ဦးေဆာင္ၿပီး မေကြးၿမိဳ႕မွ ေဒသခံျပည္သူမ်ား ပူးေပါင္းပါ၀င္ခဲ့ၾကျခင္းျဖစ္သည္။

ေဖေဖာ္၀ါရီ ၁၂ ရက္တြင္ မေကြးတိုင္းေဒသႀကီး ခ႐ုိင္အားကစားကြင္းအတြင္း၌ ေျမပုံပုံေဖာ္မႈတြင္ ပါ၀င္ၾကေသာ လူအင္အား ၃၄၆၆ ဦးစလုံးသည္ အျပာေရာင္ ၀တ္ဆင္လ်က္ ျမန္မာႏိုင္ငံ ေျမပုံအား ပုံေဖာ္ခဲ့ၾကျခင္း ျဖစ္သည္။

Ref : Mizzima

======================

Unicode Version

မကွေးတိုင်းဒေသကြီး မကွေးမြို့ ၌ ဖေဖော်ဝါရီလ ၁၂ ရက်နေ့(ပြည်ထောင်စုနေ့) လူဦးရေ ၃၄၀၀ ကျော်ဖြင့် မြန်မာနိုင်ငံမြေပုံ ကို ပုံဖော်ကာ ဂင်းနစ် ကမ္ဘာ့စံချိန်သစ် တစ်ခု မှတ်တမ်းဝင်အောင် ဆောင်ရွက်နိုင်ခဲ့သည်ဟု သိရသည်။

လူ အယောက် ၃,၄၆၆ ပါ၀င်ပြီး မြန်မာပြည်မြေပုံ ပုံဖော်ခဲ့ကြခြင်း ဖြစ်ပြီး ဂင်းနစ် ကမ္ဘာ့စံချိန်ချိုးနိုင်အောင် ကြိုးပမ်းခဲ့ကြခြင်းဖြစ်ကာ ဂင်းနစ်ကမ္ဘာ့စံချိန် အဖွဲ့ဝက်ဘ်စာမျက်နှာတွင် ဖော်ပြထားသည်။

” မကွေးတိုင်းဒေသကြီးဟာ မြန်မာ့လွတ်လပ်ရေးခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးရပ်ဇာတိ နတ်မောက်မြို့ တည်ရှိရာ တိုင်းဒေသကြီးဖြစ်လို့ မြန်မာနိုင်ငံနဲ့ ကမ္ဘာ့တစ်လွှားမှာ လူသိများ ထင်ရှားတဲ့ ဒေသတစ်ခုဖြစ်သလို ဒီနေ့ပြုလုပ်တဲ့ ကမ္ဘာ့စံချိန်သစ် တစ်ခု ရေးထိုးမှု အခမ်းအနားကြောင့်လည်း မကွေးတိုင်းဒေသကြီးကို ကမ္ဘာ့အလယ်မှာ ပိုမို ထင်ရှားစေမှာ ဖြစ်တယ်လို့ ယုံကြည်ပါတယ် ”ဟု တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ဖေဖော်ဝါရီလ ၁၂ ရက်က အဖွင့်မိန့် ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

အဆိုပါ သရုပ်ဖော်ခြင်းကို တယ်လီနောမြန်မာမှ ဦးဆောင်ပြီး မကွေးမြို့မှ ဒေသခံပြည်သူများ ပူးပေါင်းပါ၀င်ခဲ့ကြခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၁၂ ရက်တွင် မကွေးတိုင်းဒေသကြီး ခရိုင်အားကစားကွင်းအတွင်း၌ မြေပုံပုံဖော်မှုတွင် ပါ၀င်ကြသော လူအင်အား ၃၄၆၆ ဦးစလုံးသည် အပြာရောင် ၀တ်ဆင်လျက် မြန်မာနိုင်ငံ မြေပုံအား ပုံဖော်ခဲ့ကြခြင်း ဖြစ်သည်။

Ref : Mizzima

======================

Share သြားေပးပါမိတ္ေဆြ

Add a Comment

Your email address will not be published. Required fields are marked *