KIA တပ္ဖြဲ႔၏ တပ္သားသစ္ အဓမၼ စုေဆာင္းမႈ ျပႆသနာေျဖရွင္းနိုင္ရန္ ၈ ရြာအုပ္စုေဒသခံမ်ား အေရးေပၚအစည္းေဝး ျပဳလုပ္

zawgyi version

၂၀၁၈ ခုနစ္ ေဖေဖာ္ဝါရီလအတြင္း တရုတ္-ကခ်င္ နယ္စပ္ေဒသ ကခ်င္ျပည္နယ္ မိုင္းဝမ္းေဒသ ၈ ရြာအုပ္စုတြင္  (KIA) တပ္ဖြဲ႔မွ တပ္သားသစ္မ်ား အတင္းအဓမၼ စုေဆာင္းမႈေၾကာင့္ ေဒသခံရြာသားမ်ား တရုတ္ျပည္တြင္းသို႔ ထြက္ေျပးခိုလံႈေနရမႈနွင့္ ပတ္သက္ျပီး ထိုျပႆနာမ်ား ေျဖရွင္းနိုင္ရန္အတြက္ ၈ ရြာအုပ္စု ေဒသခံမ်ား အေရးေပၚအစည္းအေဝး ျပဳလုပ္ခဲ့ရေၾကာင္း သတင္းရရွိ။

၂၀၁၈ ခုနွစ္ ေဖေဖာ္ဝါရီလ ၁၁ ရက္ေန့၌ KIA တပ္ဖြဲ႔မွ တပ္မဟာ-၁၆ တပ္ဖြဲ႔ဝင္မ်ားသည္ ကုန္းဆာရြာေန ၈ ရြာအုပ္စု ဥကၠ႒အား ေခၚယူကာ – ၄င္းတို႔တပ္ဖြဲ႔မွ တပ္သားသစ္စုေဆာင္းသည့္ သတင္းပ်ံ႕နွံ႔မႈနွင့္ ပတ္သက္၍ မေက်မနပ္ျဖစ္ကာ ၈ ရြာအုပ္စု ဥကၠ႒အား ၄င္းတို႔ေက်းရြာအုပ္စုအတြင္းမွ တပ္သားသစ္ အနည္းဆံုး ၅ ေယာက္ ရွာေပးရမည္ ဟု ျခိမ္းေျခာက္ေျပာ ဆိုခဲ့ေၾကာင္း သိရသည္။

ျဖစ္စဉ္နွင့္ ပတ္သက္၍ ၈ ရြာအုပ္စု ဥကၠ႒မွ ၄င္း ေဖေဖာ္ဝါရီလ ၁၁ ရက္ေန႔ ည ၈ နာရီတြင္ အေရးေပၚ အစည္းအေဝးေခၚယူကာ KIA တပ္ဖြဲ႔၏ တပ္သားသစ္စုေဆာင္းမႈနွင့္ ပတ္သက္ျပီး ထိုျပႆသနာကို ေျဖရွင္းနိုင္ဖို႔အတြက္ အစည္းအေဝးျပဳလုပ္ခဲ့ရာ မည္သူမွ် KIA တပ္ထဲသို႔ စစ္မႈထမ္းေဆာင္ဖို႔ မသြားေရာက္ လိုသည့္ အတြက္ ထိုေန႔ညအခ်ိန္တြင္ KIA တပ္ဖြဲ႔မွ ကုန္းဆာရြာေဒသခံ ၂ ဦးကို ထပ္မံဖမ္းဆီးခဲ့ျပီး ၄င္း ေဖေဖာ္ဝါရီလ ၁၂ ရက္ေန႔၌ ျပန္လႊတ္ေပးခဲ့ေၾကာင္း အစည္းအေဝးသို႔ တက္ေရာက္သူ အမည္မေဖာ္လိုသူ ေဒသခံတစ္ဦး၏ ေျပာျပခ်က္အရ သိရသည္။

KIA တပ္ဖြဲ႔မွ တပ္သားသစ္စုေဆာင္းရန္ လူရွာမရသည့္အတြက္ ၈ ရြာအုပ္စု ဥကၠ႒အား ၄င္းတို႔ KIA တပ္ထဲ စစ္မႈထမ္းသင့္သည့္ နာမည္စာရင္းမ်ား ေကာက္ေပးခိုင္းေၾကာင္း ၊ သို႔ေသာ္လည္း ၈ ရြာအုပ္စု ဥကၠ႒မွ ျငင္းဆိုခဲ့ေသာေၾကာင့္ KIA တပ္ဖြဲ႔က “အခ်ိန္တစ္ရက္ဘဲ ေပးမယ္ ၊ လူ ၅ ေယာက္ရွာ မရရင္ ရြာေတြထဲထိ လိုက္ဖမ္းမယ္ ၊ လူဘဲရွာေပးမလား ဒါမွမဟုတ္ အလုပ္ဘဲ အပ်က္ခံမလားဆိုတာ ၾကည့္ၾကတာေပါ့” ဟု ျပင္းထန္စြာ ထပ္မံျခိမ္းေျခာက္ေျပာဆိုခဲ့ေၾကာင္း သိရသည္။

အဆိုပါ KIA တပ္ဖြဲ႔မွ တပ္သားသစ္စုေဆာင္းမႈျပႆသနာနွင့္ ပတ္သက္၍ အမည္မေဖာ္လိုသူ ေဒသခံတစ္ဦးက တိုင္းဖရီးဒြမ္းထံ – “သူတို႔ KIA တပ္မကေနျပီးေတာ့ ရြာသားေတြကို ကတိေပးထားတာ ကြ်န္ေတာ္တို႔ ကုန္းဆာတစ္ရြာလံုး အလွည့္က် သူတို႔ KIA အက်ဉ္းစခန္းထဲက အခ်ဳပ္သမားေတြကို ထမင္းခ်က္ေကြ်းရင္ ကုန္းဆာရြာသားေတြကို ဖမ္းဆီးတာေတြ မလုပ္ဘူးလို႔ ကတိေပးထားတာ ၊ ဒါေပမယ့္ ကြ်န္ေတာ္တို႔ ရြာသားေတြကို မေန႔ညက ျပန္လာဖမ္းတယ္” ဟု ေျပာၾကားခဲ့သည္။

တရုတ္-ကခ်င္နယ္စပ္ ကခ်င္ျပည္နယ္ လြယ္ဂ်ယ္ျမိဳ႕နယ္ ၈ ရြာအုပ္စု မိုင္းဝမ္းေဒသအတြင္း KIA တပ္ဖြဲ႔မွ တပ္သားသစ္ စုေဆာင္းမႈသည္ ၂၀၁၈ ခုနွစ္ ေဖေဖာ္ဝါရီလ ၆ ရက္ေန႔မွ စ၍ ယေန႔ ေဖေဖာ္ဝါရီလ ၁၃ ရက္ေန႔အထိ ပိုမိုျပဳလုပ္လာလွ်က္ရွိျပီး ထိုေဒသရွိ ေဒသခံမ်ား တရုတ္ျပည္တြင္းသို႔ ထြက္ေျပးခိုလံႈေနရေၾကာင္း သတင္းရရွိသည္။

စိုင္းပီး

==========================

Unicode version

KIA တပ်ဖွဲ့၏ တပ်သားသစ် အဓမ္မ စုဆောင်းမှု ပြဿသနာဖြေရှင်းနိုင်ရန် ၈ ရွာအုပ်စုဒေသခံများ အရေးပေါ်အစည်းဝေး ပြုလုပ်
============================

၂၀၁၈ ခုနစ် ဖေဖော်ဝါရီလအတွင်း တရုတ်-ကချင် နယ်စပ်ဒေသ ကချင်ပြည်နယ် မိုင်းဝမ်းဒေသ ၈ ရွာအုပ်စုတွင် (KIA) တပ်ဖွဲ့မှ တပ်သားသစ်များ အတင်းအဓမ္မ စုဆောင်းမှုကြောင့် ဒေသခံရွာသားများ တရုတ်ပြည်တွင်းသို့ ထွက်ပြေးခိုလှုံနေရမှုနှင့် ပတ်သက်ပြီး ထိုပြဿနာများ ဖြေရှင်းနိုင်ရန်အတွက် ၈ ရွာအုပ်စု ဒေသခံများ အရေးပေါ်အစည်းအဝေး ပြုလုပ်ခဲ့ရကြောင်း သတင်းရရှိ။

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့၌ KIA တပ်ဖွဲ့မှ တပ်မဟာ-၁၆ တပ်ဖွဲ့ဝင်များသည် ကုန်းဆာရွာနေ ၈ ရွာအုပ်စု ဥက္ကဋ္ဌအား ခေါ်ယူကာ – ၄င်းတို့တပ်ဖွဲ့မှ တပ်သားသစ်စုဆောင်းသည့် သတင်းပျံ့နှံ့မှုနှင့် ပတ်သက်၍ မကျေမနပ်ဖြစ်ကာ ၈ ရွာအုပ်စု ဥက္ကဋ္ဌအား ၄င်းတို့ကျေးရွာအုပ်စုအတွင်းမှ တပ်သားသစ် အနည်းဆုံး ၅ ယောက် ရှာပေးရမည် ဟု ခြိမ်းခြောက်ပြော ဆိုခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ၈ ရွာအုပ်စု ဥက္ကဋ္ဌမှ ၄င်း ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ည ၈ နာရီတွင် အရေးပေါ် အစည်းအဝေးခေါ်ယူကာ KIA တပ်ဖွဲ့၏ တပ်သားသစ်စုဆောင်းမှုနှင့် ပတ်သက်ပြီး ထိုပြဿသနာကို ဖြေရှင်းနိုင်ဖို့အတွက် အစည်းအဝေးပြုလုပ်ခဲ့ရာ မည်သူမျှ KIA တပ်ထဲသို့ စစ်မှုထမ်းဆောင်ဖို့ မသွားရောက် လိုသည့် အတွက် ထိုနေ့ညအချိန်တွင် KIA တပ်ဖွဲ့မှ ကုန်းဆာရွာဒေသခံ ၂ ဦးကို ထပ်မံဖမ်းဆီးခဲ့ပြီး ၄င်း ဖေဖော်ဝါရီလ ၁၂ ရက်နေ့၌ ပြန်လွှတ်ပေးခဲ့ကြောင်း အစည်းအဝေးသို့ တက်ရောက်သူ အမည်မဖော်လိုသူ ဒေသခံတစ်ဦး၏ ပြောပြချက်အရ သိရသည်။

KIA တပ်ဖွဲ့မှ တပ်သားသစ်စုဆောင်းရန် လူရှာမရသည့်အတွက် ၈ ရွာအုပ်စု ဥက္ကဋ္ဌအား ၄င်းတို့ KIA တပ်ထဲ စစ်မှုထမ်းသင့်သည့် နာမည်စာရင်းများ ကောက်ပေးခိုင်းကြောင်း ၊ သို့သော်လည်း ၈ ရွာအုပ်စု ဥက္ကဋ္ဌမှ ငြင်းဆိုခဲ့သောကြောင့် KIA တပ်ဖွဲ့က “အချိန်တစ်ရက်ဘဲ ပေးမယ် ၊ လူ ၅ ယောက်ရှာ မရရင် ရွာတွေထဲထိ လိုက်ဖမ်းမယ် ၊ လူဘဲရှာပေးမလား ဒါမှမဟုတ် အလုပ်ဘဲ အပျက်ခံမလားဆိုတာ ကြည့်ကြတာပေါ့” ဟု ပြင်းထန်စွာ ထပ်မံခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သိရသည်။

အဆိုပါ KIA တပ်ဖွဲ့မှ တပ်သားသစ်စုဆောင်းမှုပြဿသနာနှင့် ပတ်သက်၍ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက တိုင်းဖရီးဒွမ်းထံ – “သူတို့ KIA တပ်မကနေပြီးတော့ ရွာသားတွေကို ကတိပေးထားတာ ကျွန်တော်တို့ ကုန်းဆာတစ်ရွာလုံး အလှည့်ကျ သူတို့ KIA အကျဉ်းစခန်းထဲက အချုပ်သမားတွေကို ထမင်းချက်ကျွေးရင် ကုန်းဆာရွာသားတွေကို ဖမ်းဆီးတာတွေ မလုပ်ဘူးလို့ ကတိပေးထားတာ ၊ ဒါပေမယ့် ကျွန်တော်တို့ ရွာသားတွေကို မနေ့ညက ပြန်လာဖမ်းတယ်” ဟု ပြောကြားခဲ့သည်။

တရုတ်-ကချင်နယ်စပ် ကချင်ပြည်နယ် လွယ်ဂျယ်မြို့နယ် ၈ ရွာအုပ်စု မိုင်းဝမ်းဒေသအတွင်း KIA တပ်ဖွဲ့မှ တပ်သားသစ် စုဆောင်းမှုသည် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့မှ စ၍ ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့အထိ ပိုမိုပြုလုပ်လာလျှက်ရှိပြီး ထိုဒေသရှိ ဒေသခံများ တရုတ်ပြည်တွင်းသို့ ထွက်ပြေးခိုလှုံနေရကြောင်း သတင်းရရှိသည်။

စိုင်းပီး

ႏွစ္သက္ရင္ Share သြားႏိုင္ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *