International News

အိန္ဒိယနိုင်ငံက အမြန်တုံ့ပြန် တိုက်ခိုက်နိုင်သည့် မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်ကို စမ်းသပ်ခဲ့ခြင်း

အိန္ဒိယနိုင်ငံ၏ ကာကွယ်ရေး သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်မှု အဖွဲ့အစည်း (India Defence Research & Development Organisation-DRDO) သည် အမြန်တုံ့ပြန်တိုက်ခိုက်နိုင်သည့် မြေပြင်မှဝေဟင်ပစ်ဒုံးကျည် (Quick Reaction Surface to Air Missile-QRASM) စနစ်ကို အောင်မြင်စွာပစ်လွှတ်စမ်းသပ်နိုင်ခဲ့သည်ဟု DefPost သတင်းဌာနက အစီရင်ခံထား ပါသည်။

အဆိုပါဒုံးကျည်စနစ်ကို လှည့်လည် ပစ်ခတ်နိုင်သော ယာဉ်တင် ပစ်လွှတ်မှုစနစ်တွင် တပ်ဆင် ၍ Balasore ပြည်နယ် Chandipur လေ့ကျင့်ရေးကွင်းတွင် စမ်းသပ်ပစ်လွှတ်ခဲ့ခြင်း ဖြစ်သည်။ ၎င်းဒုံးကျည်၏ ပထမဆုံးအကြိမ် စမ်းသပ်ပစ်လွှတ်မှုကို ၂၀၁၇ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့က ပြုလုပ် ခဲ့ခြင်းဖြစ်ပြီး ဒုတိယအကြိမ်စမ်းသပ်မှုကိုမူ ၂၀၁၇ ခုနှစ်၊ ဇူလှိုင်လ ၃ ရက်နေ့က ပြုလုပ်ခဲ့ပါသည်။

ထို့နောက် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် တတိယအကြိမ်စမ်းသပ်မှုကိုလည်း ကောင်း၊ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့တွင် စတုတ္တအကြိမ်အဖြစ်လည်းကောင်း အောင်မြင်စွာ ပစ်လွှတ်စမ်းသပ်ဆောင်ရွက်ခဲ့သည်ဟုဆိုသည်။

QRASM စနစ်ကို DRDO မှ တီထွင် ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ၎င်းနှင့်အတူ Bharat Electronics Limited-BEL နှင့် Bharat Dynamics Limited-BDL အဖွဲ့အစည်းတို့မှလည်းပါဝင်ဆောင်ရွက်ခဲ့ပါသည်။

စမ်းသပ်ပစ်လွှတ်ခြင်းအတွက်မှု DRDO ၏ ကာကွယ်ရေးသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု ဓာတ်ခွဲခန်း (Defence Research & Development Laboratory-DRDO) မှ ဦးဆောင် နေခြင်းဖြစ်သည်။ ဒုံးကျည်စနစ်အနေဖြင့် ရာသီဥတုအမျိုးမျိုးနှင့် မြေပြင်အခြေအနေအမျိုးမျိုးတွင် အသုံးပြုနိုင်မည်ဖြစ်ပြီး လေယာဉ်ရှိရေဒါများမှ ပြုလုပ်နေသည့် အီလက်ထရောနစ်တန်ပြန်နှောင့် ယှက်မှုစနစ်များကိုလည်း တွန်းလှန်နိုင်မည်ဖြစ်သည်။

ယာဉ်ပေါ်တွင် တပ်ဆင်ပစ်ခတ်နိုင်မည်ဖြစ် ပြီး၎င်းသည် အခဲလောင်စာသုံးစွမ်းအင်စနစ်ကိုအသုံးပြုထားပြီး ကီလိုမီတာ ၂၅ မှ ၃၀ အတွင်း ရောက်ရှိနိုင်မည် ဖြစ်ကြောင်း သတင်းများအရသိရှိရပါသည်။

ref:myanmarnews24

About the author

လက်ခတ်သံ