International News

အိန္ဒိယ လုံခြုံရေးတပ်ဖွဲ့ဝင်များ အကြမ်းဖက်သမား ၁၈- ယောက်ကို အသေပစ်သတ်

( မတ် – ၁၂၊ ၂၀၁၉ ) အိန္ဒိယ လုံခြုံရေးတပ်ဖွဲ့ဝင်များ အကြမ်းဖက်သမား ၁၈- ယောက်ကို အသေပစ်သတ်။ ရဲတပ်ဖွဲ့ မော်တော်ယာဉ်တန်းအား အသေခံဗုံးခွဲရာ၌ အရေးပါသူနှင့် ဂျာအစ်ရှ်အီးမိုဟာမက် JeM အကြမ်းဖက်အဖွဲ့ဝင် ၆-ဦးပါဝင်
===================
((( Times of India., Mar 12, 2019. ” 18 terrorists, including 6 from JeM, killed since Pulwama attack: Army ” ကို Htay Oung, Oung Marine ဆီလျှော်အောင် ဘာသာပြန်ဆိုသည်။ )))

အိန္ဒိယလုံခြုံရေးတပ်ဖွဲ့ဝင်များသည် အကြမ်းဖက်သမား ၁၈- ယောက်ကို အသေဖမ်းဆီးခဲ့ရာ ၄င်းတို့အနက် ၆-ဦးမှာ လွန်ခဲ့သည် ဖေဖော်ဝါရီ ၁၄-ရက် အိန္ဒိယဗဟိုအရံရဲတပ်ဖွဲ့ဝင် ၄၀-ဦးတို့ ကျဆုံးခဲ့ရသော ကက်ရှ်မီးယား ပူဝါမာ ဒေသ မော်တော်ယာဉ်တန်းအား အသေခံဗုံးခွဲမှု့ကျူးလွန်သည့် ဂျာအစ်ရှ်အီးမိုဟာမက် JeM အကြမ်းဖက်အဖွဲ့ဝင်များ ဖြစ်ကြောင်း အိန္ဒိယတပ်မတော်က အတည်ပြုပြောဆိုသည်ဟု Times of India Online Media က ယမန်နေ့ဖော်ပြသည်။

ပင်းဂလိပ်ရှ်ဒေသ၌ အကြမ်းဖက်သမားများ ပုန်းခိုနေကြောင်း ထူးခြားထောက်လှမ်းရေးသတင်းများအရ အိန္ဒိယလုံခြုံရေးတပ်များက ပိတ်ဆို့ရှာဖွေမှု့များ ပြုလုပ်စဉ် အပြန်အလှန် ပစ်ခတ်မှု့မျာဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများအား အသေဖမ်းဆီးနိုင်ခဲ့သည်ဆို၏။

ထူးခြားချက်အဖြစ် ရဲတပ်ဖွဲ့ယာဉ်တန်း အသေခံဗုံးခွဲမှု့၌ အဓိက အရေးပါသူ မူဒါစာ အာမက်ခန်းကိုလည်း ကက်ရှ်မီးယား တောင်ပိုင်း တာရယ်လ် ဧရိယာတွင် အိန္ဒိယလုံခြုံရေးတပ်ဖွဲ့ဝင်များက အသေဖမ်းဆီးရမိခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။

လက်စာအဖြစ် လူသိများသူ JeM အကြမ်းဖက်သမား ခန်းသည် အသက် ၂၃-နှစ်အရွယ်ရှိပြီး ပူဝါမာဒေသခံ လျှပ်စစ်အင်ဂျင်နီယာတစ်ဦးဖြစ်သည်။ ရဲတပ်ဖွဲ့ မော်တော်ယာဉ်တန်းအား အကြမ်းဖက်ဖောက်ခွဲခဲ့သည့် ဗုံးမှာ ခန်း၏ လက်ရာဖြစ်သည်။ သူသည် တောင်ကြားဒေသ အကြမ်းဖက်သမားများအား ကူညီနေသည့် နူးမိုဟာမက် ၏ စည်းရုံးမှု့ဖြင့် ၂၀၁၇-ခုနှစ်တွင် JeM အဖွဲ့ဝင်ဖြစ်လာပြီး၊ စောစောပိုင်းတွင် မြေပေါ်တာဝန်များ ထမ်းဆောင်ခဲ့သည်။ နူးမိုဟာမက်အသတ်ခံရသည့် ထိုနှစ် ဒီဇင်ဘာလတွင် ခန်း ကိုလည်း မတွေ့ရတော့ဘဲ ၂၀၁၈-ခုနှစ် ဇန်န၀ါရီတွင် ပေါ်လာပြန်သည်။

ဖေဖော်ဝါရီ ၁၄-ရက်နေ့ အိန္ဒိယရဲတပ်ဖွဲ့ဝင်တို့၏ မော်တော်ယာဉ် တန်းနောက်ဖက်သို့ အသေခံဗုံးခွဲသမား အဒဲလ်အာမက်ဒါရ်၏ ဗုံးအပြည့်တင်ထားသော မော်တော်ယာဉ်ချဉ်းကပ်ရောက်ရှိချိန်အထိ ခန်းနှင့် ပုံမှန် အဆက်အသွယ်ပြုလုပ်နေခဲ့ကြောင်း ကက်ရှ်မီးယားဒေသဆိုင်ရာ အိန္ဒိယတပ်မတော်က သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုသည်။

Writer:Htay Oung

About the author

လက်ခတ်သံ