International News

စင်္ကာပူ နိုင်ငံမှ အသက် ၁၃ နှစ်အရွယ် အလယ်တန်းကျောင်းသားလေး တစ်ဦး iPad တွင် ကစားနိုင်သော ဂိမ်းတစ်ခုကို ရေးသား

စင်ကာပူနိုင်ငံမှ အသက် ၁၃ နှစ်အရွယ် အလယ်တန်းကျောင်းသား ကေဒန်ချန်းသည် Apple iPad တွင် ကစားနိုင်သော Game တစ်ခုကို ရေးသားနိုင်ခဲ့ပြီဖြစ်သည်။

ကေဒန်ချန်းသည် စင်ကာပူနိုင်ငံ Pathlight ကျောင်းမှ Secondary 1 ကျောင်းသားငယ် တစ်ဦးဖြစ်ပြီး၊ သူ့ဆရာ၏ ကူညီမှုဖြင့် လူနှစ်ဦးကစားနိုင်သော ယှဉ်ပြိုင်ရသည့် Game တစ်ခုကို ရေးသားဖန်တီးနိုင်ခဲ့ခြင်းဖြစ်သည်။

”ဒီဂိမ်းရေးပြီးသွားလို့ နောက်ဆုံးရလာဒ်ကိုစောင့်ကြည့်ရာမှာ အင်မတန်ကျေနပ်အားရမိပါတယ်”ဟု ကေဒန်ချန်းကပြောသည်။ ”ကျွန်တော်ဟာ ကွန်ပျူတာပရိုဂရမ်မာတစ်ယောက်ဖြစ်ချင်ပြီး ဂိမ်းတွေကိုရေးချင်တာပါ”ဟုလည်း သူကပြောသေးသည်။

ကေဒန်ချန်းဖန်တီးပြုလုပ်လိုက်သော Game APP ကို ယနေ့တွင် Apple က ကြေညာလိုက်ပြီး၊ စင်ကာပူနိုင်ငံရှိ ကျောင်းသုံးကျောင်းနှင့်အတူပူးပေါင်းကာ ကျောင်းသားများ ကွန်ပျူတာပရိုဂရမ်ရေးသားမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မည်ဟုလည်းဆိုသည်။

Apple ၏ ကွန်ပျူတာပရိုဂရမ်ရေးသားခြင်းနှင့် APP ရေးသားမှု ဖွံ့ဖြိုးရေး ဆိုင်ရာ သင်တန်းများကို ယမန်နှစ် မတ်လမှ နိုဝင်ဘာလ အတွင်းက စင်ကာပူရှိ စာသင်ကျောင်း ၁၂ကျောင်းတွင်သင်ကြားပေးခဲ့သည်။ ယင်းသင်တန်းများကို Apple အသိအမှတ်ပြု နည်းပြများက စာသင်ချိန်စုစုပေါင်း ၁၄၄ နာရီမျှသင်ကြားပေးခဲ့ခြင်းဖြစ်သည်။ ယင်းကျောင်းများအနက် Pathlight ကျောင်းသည်လည်း တစ်ကျောင်းအပါအ၀င်ဖြစ်ပြီး အလယ်တန်းနှင့် အထက်တန်းကျောင်းသားများအဆင့် အစီအစဉ်များကို ပူးပေါင်းဆောင်ရွက်ခဲ့သည်။

ref:popularnews

About the author

လက်ခတ်သံ