Knowledge Local News

တပ်မတော်(လေ)ရဲ့ Mil Mi-35Pတွေ ဘာ့ကြောင့် ညတိုက်ပွဲ ဆင်နွဲနိုင် တာလဲ

မြန်မာ့တပ်မတော် Mi 35P တွေဟာ ယခုအခါ
ရုရှလုပ် TV/FLIR ဖြစ်တဲ့ GOES-342 (OPS-24N) EO/IR Electro-Optical/Infrared တွေ
တပ်ဆင်ထားတယ်လို့ ဆိုပါတယ်။

တချို့ကလည်း မြန်မာနိုင်ငံက Mi 35Pမှာ တပ်ဆင်
ထားတဲ့ TV/FLIR တွေဟာ အစ္စရေးနိုင်ငံ Controp ကုမ္ပဏီလုပ် EO/IR ဖြစ်တဲ့ iSky-50HD Controp EO/FLIR တွေတပ်ဆင်ထားတာလို့ မှန်းဆကြပါတယ်။

မြန်မာ့တပ်မတော်ရဲ့ Mi 35P တွေမှာ EO/FLIR တွေတပ်ဆင်လိုက်တဲ့အတွက် ရရှိတဲ့ အကျိုးကျေးဇူးများမှာ
Thermal imager ပါဝင်ပြီး ချဲ့အား ၃၆ ဆ ခန့်အထိရှိမှာဖြစ်တဲ့အတွက် ရာသီဥတု ဆိုးရွားချိန်နဲ့
ညအချိန်တွေမှာ ပစ်မှတ်တွေကို တိကျစွာ ရှာဖွေ
ချိန်ရွယ် ပစ်ခတ်လာနိုင်မှာ ဖြစ်ပါတယ်။

ရာသီဥတုမကောင်း၊ မြင်ကွင်းမကောင်းလို့ ပစ်မှတ်ကို မတိုက်ခိုက်နိုင်ဘဲ ပြန်လှည့်ခဲ့ရတာမျိုးတွေ လုံးဝ
ကင်းဝေးသွားပါလိမ့်မယ်။

Electro Optical Device မှာ Full HD Zoom Camera ပါဝင်တဲ့အတွက် နေ့အချိန်မှာလည်း
လေသူရဲတွေဟာ ပစ်မှတ်ကို မျက်မြင်ခွဲခြားစီစစ်ဖို့မလိုဘဲ အလွန်ဝေးကွာတဲ့နေရာကနေ zoom နဲ့
ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

Electro Optical Device ပါတဲ့အတွက် နေ့အချိန်မှာလည်း လေသူရဲတွေဟာ ပစ်မှတ်ပေါ်မှာ ရန်သူကို
သဲသဲကွဲမြင်တွေ့အောင် အားကောင်းတဲ့ ကင်မရာတွေနဲ့ ရှာဖွေ ပစ်ခတ်တိုက်ခိုက်လာနိုင်မှာ ဖြစ်ပါတယ်။
ဒါကြောင့် မြေပြင်က သောင်းကျန်းသူတွေရဲ့
လေယာဉ်ပစ် စက်သေနတ်ကြီးတွေ ကောင်းစွာ
ချိန်ရွယ် ပစ်ခတ်နိုင်ခြင်းမရှိတဲ့ အကွာအဝေးကနေ
မိမိက ချိန်ရွယ်ပစ်ခတ်လာနိုင်မှာ ဖြစ်ပါတယ်။

ATGM လို လက်နက်တွေကို နေ့/ည မရွေး stand off distance ကနေ ပစ်လွှတ် တိုက်ခိုက်နိုင်လာမှာ ဖြစ်ပါတယ်။

Laser range finder ပါဝင်တဲ့အတွက် အကွာအဝေးကို တိကျစွာတွက်ချက်နိုင်မှာဖြစ်လို့ ပစ်ခတ်တိုက်
ခိုက်မှုတွေ ပိုမိုတိကျလာမှာ ဖြစ်ပါတယ်။

မြန်မာ့တပ်မတော်ကသုံးတဲ့ Mi 35P ဟာ မြေပြင်တိုက်ခိုက်ရေးအတွက် အဓိကတည်ဆောက်ထားတာ
ဖြစ်ပြီး ၃၀ မီလီမီတာ ပြောင်း ၂ လုံးတွဲ GSh 30K ကို ကိုယ်ထည်ဘေးမှာ အသေတပ်ဆင်ထားပါတယ်။

Mi 35P ဟာ GSh 30K စက်အမြောက် ကို
ကိုယ်ထည်ဘေးမှာ တပ်ဆင်ထားတဲ့အတွက်
တည်ငြိမ်မှုပိုကောင်းတဲ့အပြင် ကျည်ဆံ ၇၅၀ အထိ
သယ်ဆောင်လာနိုင်ပါတယ်။

Mi-35P မှာ အောက်ပါလက်နက်များတပ်ဆင်နိုင်ပါ
တယ်။ ဒါပေမယ့် မြန်မာ့တပ်မတော်(လေ)က Mi-35P
တွေမှာတော့ Option အနေနဲ့ ကြိုက်နှစ်သက်တာကို
သာ ရွေးချယ်တပ်ဆင်ထားတာ ဖြစ်ပါတယ်။

30mm GSh-30K autocannon
AT-6 Spiral anti-tank missiles
57mm S-5 rockets
80mm S-8 rockets
122mm S-13 rockets
240mm S-24 rockets
GUV gunpod
UPK-23 gunpod
free fall bombs
(FAB-250 bomb, KMGU dispenser or 4x FAB-100 bomb on each hardpoint)

ဒါကြောင့် ယခုအခါမှာ ရခိုင်ပြည်နယ်က သောင်းကျန်းသူ နှိမ်နင်းရေး တိုက်ပွဲတွေမှာ Mi-35P တွေဟာ
ညတိုက်ပွဲတွေကို ကောင်းစွာတိုက်ခိုက်နိုင်စွမ်း ရှိနေ
ကြောင်း သိရပါတယ်ဗျာ။

Writer:Than Lwin Oo

About the author

လက်ခတ်သံ