International News

နယူးဇီလန် ခရစ်ချာ့ခ်ျမြို့ ဗလီ ၂ ခုအတွင်း ပစ်ခတ်မှုဖြစ် လူ ၄၉ ဦးသေဆုံး ၄၀ ကျော်ဒဏ်ရာရ

နယူးဇီလန်နိုင်ငံ ခရစ်ချာ့ခ်ျမြှိုရှိ ဗလီနှစ်ခုတွင် သေနတ် သမားနှစ်ဦးက အကြမ်းဖက်ပစ်ခတ်မှု ဒေသစံတော်ချိန် မွန်းလွဲ (၁ နာရီ ၄၀မိနစ်ခန့်)က ဖြစ်ပွားခဲ့ပြီး လူလေးဆယ့်ကိုးဦးသေဆုံးကာ လေးဆယ်ထက်မနည်း ဒဏ်ရာရ ရှိခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် အကြမ်းဖက်ပစ်ခတ်သူနှစ်ဦး အနက်တစ်ဦးကို ဖမ်းဆီးရမိထားပြီး ပစ်ခတ်မူပြုလုပ်ရသည့် အကြောင်းအရင်းကို မသိရသေးဘဲ မြို့သူမြို့သားများကို အိမ်ထဲတွင်သာနေထိုင်ကြရန် ရဲတပ်ဖွဲ့က တိုက်တွန်းထားသည်။

ဒဏ်ရာရသူများနှင့် သေဆုံးသူအများစုမှာ ပြောင်းရွှေ့အခြေချနေထိုင်သူများဖြစ်ကြောင်း နယူးဇီလန်ပိုစ့် သတင်းဌာနက ဖော်ပြခဲ့သည်။

ပစ်ခတ်မှုဖြစ်ပွားခဲ့သော ဗလီနှစ်ခုသည် ခရစ်ချာ့ခ်ျမြို့ လင်းဖို့ရိပ်သာလမ်းနှင့် ဒင်း(စ်)ရိပ်သာလမ်းတို့တွင်တည်ရှိသည်။

ဓာတ်ပုံ – BBC
ref:The Standard Time Daily

About the author

လက်ခတ်သံ