AA တို့ ရက္ခိတ လမ်းစဉ်​နှင့်​ အာရကန်​ နိုင်​ငံ​တော်​ ကြီး​​အောင်​မြင်​ မလား?

Posted on

အားလုံးသိကြတဲ့ အတိုင်းပင်​ရခိုင်​ အမည်​ ပြု၍ အာရကန်​အာမီ AAဟု အမည်​ တတ်​ကာရခိုင်​ပြည်​နယ်​အတွင်း အကြမ်းဖက်​ လုပ်​ရပ်​ များ နှင့်ေ​ဒသဖွံ့ ဖြိုး​ရေးလပ်​ငန်းများကို ​နှောက်​ယှက်​ဖျက်​စီးလာတဲ့ အတွက်​ နိုင်​ငံ​တော်​မှနှိမ်နင်း ​ချေမှုန်းလျှက်​ ရှိပါသည်​။

AA အစွန်း​ရောက်​​သောင်းကျန်းသူ
အဖွဲ့ကို ၂၀၁၄ ခုနှစ်​တွင်​ ဖားကန့်​တွက်
လာ​ရောက်​ အလုပ်​လုပ်​​သော

ရခိုင်​ များကို စည်းရုံးကာ ထွန်းမြတ်​နိုင်
နှင့်​ ညိုထွန်း​အောင်​က ဦးစီး
KIO/KIA ၏ လက်​​အောက်​တွင်
ဖွဲ့စည်းခဲ့ကြပါသည်​။

၂၀၁၅ ခုနှစ်​တွင်​ ရခိုင်​ပြည်​နယ်​သို့
စိမ့်​ဝင်​ပြီး အစွန်း​ရောက်​ ရခိုင်​တချို့ကို
စည်းရုံးကာ ချင်းပြည်​နယ်​ ပလပ်​ဝ
နယ်​​မြေမှ တဆင့်​ ရခိုင်​ပြည်​နယ်
မြောက်​ပိုင်းသို့ စိမ့်​ဝင်​ခဲ့ပါသည်​။

၂၀၁၅ /၂၀၁၇ ခုနှစ်​အထိ သာမန်
ထိ​တွေ့မှု မျှသာ ရှိ​သော်​ လည်း ၂၀၁၈
ခုနှစ်​ ​နှောင်းပိုင်းတွင်​ ​မောင်း​တော
မြိ့နယ်​ အတွင်းရှိ ရဲကင်းစခန်း ၁၃ခု

ကို ဝင်​ တိုက်​ပြီး နိုင်​ငံ၏ အချုပ်​အခြာ
အာဏာကို ထိခိုက်​လာ​သော အကြမ်းဖက်
အဖွဲ့ ဖြစ်​ပါသည်​။

လူမျိုး​ရေး နှင့်​ ရခိုင်​နိုင်​ငံခွဲထွက်
တည်​​ထောင်​​ရေးကို တစိုက်​မက်​မက်
ရည်​ရွယ်​ချက်​ ထားပြီး ရခိုင်​ပြည်​နယ်
အတွင်း လူမျိုး​ရေး ခွဲ ခြား မှုများနှင့်

ရခိုင်​အစွန်း​ရောက်​ ပ​ဒေသရာဇ်​ စိတ်
သွတ်​သွင်းခြင်းဖြင့်​ အစွန်း​ရောက်​ ရခိုင်
လူမျိုး တချို့ကို အသုံးချ နိုင်​ခဲ့ပြီး
လူသစ်​ ​သောင်းဂဏန်း ခန့်​စုစည်းနိုင်
ခဲ့ပါသည်​။

AA၏ ​ ရက္ခိတ လမ်းစဉ်​ ရခိုင်​နိုင်​ငံ ​တော်​ ရည်​ရွယ်​ချက်​ အတွက်​ AA၏ လုပ်​ရပ်​များသည်​ အမှန်​ဟု ယူဆကာ AAအဖွဲ့အား မ​ထောက်​ခံ​သော ဝန်​ထမ်း ပြည်​သူ ရဲတပ်​ဖွဲ့ဝင်​များကို သုတ်​သင်​သတ်​ဖြတ်​ရှင်းလင်း မှု များ လုပ်​ကိုင်​ခဲ့ရာ အပြစ်​မဲ့ ပြည်​သူ များ ဝန်​ထမ်းများ ရဲတပ်​ဖွဲ့ဝင်​များအသက်​​များစွာ ဆုံးရှုံးခဲ့ရပြီး AAသည်​ ARSAကဲ့သို့ အကြမ်းဖက်​အဖွဲ့အစည်း တစ်​ခုသာ ဖြစ်​လာပါသည်​။

ရခိုင်​အစွန်း​ရောက်​ တချို့မှ အပ
မည်​သည်​ အဖွဲ့အစည်း ကမှ AA၏
အကြမ်းဖက်​လုပ်​ရပ်​များကို လက်​မခံ​ပါ
နိုင်​ငံ​တော်​အစိုးရမှ AAအဖွဲ့အား
တိုက်​ခိုက်​ရန်​ တပ်​မ​တော်​အားတာဝန်​​ပေးခဲ့ပါသည်​။

တပ်​မ​တော်​ မှ AA​အစွန်း​ရောက်​ အကြမ်းဖက်​အဖွဲ့အား နှိမ်​နင်း ရန်
၂၀၁၉ ခုနှစ်​ ဇန်​နဝါရီလ တွင်​ အမှတ်
ူ(၂၂)​ခြေမြန်​တပ်​မဌာနချုပ်​ အမှတ်​(၅၅)​ခြေမြန်​တပ်​မဌာနချုပ်​ ၂ ခုအား
တာဝန်​​ပေးခဲ့ရာ တပ်​​တော်​၏ တိုက်​ခိုက်​​ရေး တပ်​မ များက ရခိုင်​ပြည်​နယ်
သို့ေ​လ​ကြောင်းမှ ချီတက်​ပြီးAA အစွန်း​ရောက်​ အဖွဲ့အား နှိမ်​နင်းခဲ့ပါသည်​။

၂၀၁၉ မတ်​လ အထိ ၂၈ရက်​​နေ့​လောက်
အထိ တိုက်​ပွဲများ အနည်းငယ်​ပြင်း
ထန်​​သော်​လည်း ​နောက်​ပိုင်း AAသင်​တန်း
ကျောင်းများ စခန်းများ ကျဆုံးပြီး
ကျိုကြားကျိုကြား ပစ်​​ပြေး မိုင်း​ထောင်​အဆင့်သာ ရှိပါ​တော့သည်​။

သို့​သော်​ မြို့​ပေါ် ရပ်​ကွက်​ ​ကျေးရွာများ
တွင်​ အမာခံများ သုတ်​သင်​​ရေး အဖွဲ့များ
ရှိ​နေပြီး ရဲစခန်းမှူး နှင့်​ ​ကျေးရွာ အုပ်​ချုပ်
ရေးမှူးများ ​နေ့စဉ်​ လိုလို သတ်​ဖြတ်​ခံ
ရမှုများ ရှိ​​နေဆဲဖြစ်​ပါသည်​။

AA​ လူမျိုး​ရေးအစွန်း​ရောက်​ ​အကြမ်း
ဖက်​ အဖွဲ့ အား မြန်​မာလူထု နှင့်​ အခြား
တိုင်းရင်းသားများ ပင်​ ရက္ခိတ လမ်းစဉ်
တိုင်းပြည်​က ခွဲထွက်​ပြီး အာရကန်​ နိုင်​ငံ​တော်​ ဆိုသည်​ ပ​ဒေသရာဇ်​ အယူအဆ ကို
လက်​မခံ ကြပဲ AAအစွန်း​ရောက်​ အဖွဲ့၏လုပ်​ရပ်​ကို ရွံ့ ရှာစက်​စုတ်​ ကြပါသည်​။

မြန်​မာပြည်​တွင်​ တချိန်​ တခါက
ပ​ဒေသရာဇ်​ မြို့ပြ နိုင်​ငံများ ကမ္ဘာနိုင်​ငံ
များ နည်းတူ ထွန်းကားခဲ့ ရာရခိုင်​သည်​ တစ်​နိုင်​ငံ ​တောင်​ငူသည်​ တစ်​နိုင်​ငံ ပဲခူးသည်​ တစ်​နိုင်​ငံ
ရွှေဘိုသည်​ တစ်​နိုင်​ငံ ဖြစ်​ခဲ့ပြီး ရခိုင်​ကို ​ဝေသာလီ ပြည်​ဟု ​ခေါ်ခဲ့ကြပါသည်

ထိုမြို့ပြ နိုင်​ငံ များသည်​ မြို့အဆင့်
သာ ဖြစ်​ပြီး ဘယ်​တုံးကမှ
နိုင်​ငံ မဟုတ်​ခဲ့သည်​ကို ရခိုင်​အစွန်း
ရောက်​တချို့ လက်​မခံကြပါ။

မီး​လောင်​ရာ​လေပင့်​ ရခိုင်​ပြည်​နယ်
အတွင်း ၁၃ ​နေရာမဲနို​င်​ခဲ့​သော
ANPပါတီသည်​ အစိုးရ ဖွဲ့ခွင့်​မရ
ခဲ့ပါ။ အ​ခြေခံဥပ​ဒေအားနည်းချက်​​ကြောင့်​ ၇ ​နေရာနိုင်​​သော Nldပါတီက
အစိုးရဖွဲ့ခွင့်​ရခဲ့ရာ ရခိုင်​ပြည်​နယ်​အတွင်း နိုင်​ငံ​ရေး မ​ကျေနပ်​ချက်​များကြီးမားလာခဲ့ပါသည်​။

အ​ခြေခံဥပ​ဒေ တွင်​ ပြည်​နယ်​များ
တွင်​ တိုင်းရင်းသားပါတီများ အစိုးရဖွဲ့ခွင့်​ ရ​ရေး ပုဒ်​မ ၂၆၁ ပြင်​ဆင်​​ရေးအတွက်
usdpမှ တင်​သွင်းပြီး တပ်​မ​တော်​က ​ထောက်​ခံ​သော်​လည်းရခိုင်​ပြည်​နယ်​ အပါအဝင်​ ပြည်​နယ်
များလက်​လွှတ်​မခံလို​သော NLDပါတီမှ ကန့်​ကွက်​ သဖြင့်​ ​အောင်​မြင်​မှုမရခဲ့ပါ။

ထို့​ကြောင့်​ ANPပါတီသည်​ ရခိုင်​ပြည်​နယ်
တည်​ငြိမ်​​ရေးကို အ​ထောက်​အကူ
မပြုသည့်​ အပြင်​ ပြည်​သူများ အကြား​သွေးထိုးလှုံ့ ​ဆော်​ မီး​လောင်​ရာ
လေပင့် လုပ်​​ဆောင်​ လာခဲ့ကြသည်​။

ရခိုင်​ပြည်​နယ်​သည်​ တချိန်​က
ဝေသာလီ ပြည်​ မြို့ပြ အဆင့်​သာ
ဖြစ်​ပြီး ဘယ်​တုံးက မှ အာရကန်​နိုင်​ငံ
တော်​ မရှိခဲ့ပါ။

နိုင်​ငံ​တော်​၏ အချုပ်​အခြာအာဏာနှင့်​ ပိုင်​နက်​နယ်​​မြေ ကိုကာကွယ်​ ရန်​မှာ
တပ်​မ​တော်​၏ တာဝန်​ဖြစ်​ပါသည်​။ကုလသမဂ္ဂတွင်​ အဖွဲ့ဝင်​နိုင်​ငံ
ဖြစ်​ပြီး နိုင်​ငံ၏ ​မြေပုံကိုထိခိုက်​လာ​သော အ​ခြေအ​နေတွင်​ တပ်​မ​တော်​ သည်​ မလွှဲ မ​ရှောင်​သာ
နှိမ်​နင်းရပြီး ​လေ​ကြောင်းတိုက်​ခိုက်​မှုကိုလည်း ဥပ​ဒေ နှင့်​ အညီလုပ်​​ဆောင်
လုပ်​​ဆောင်​ခဲ့ပါသည်​။

အာရကန်​ နိုင်​ငံ​တော်​ဟု ​ကြွေး​ကျော်
လာ​သော AAလူမျိုး​ရေး အစွန်း​ရောက်​​အကြမ်းဖက်​အဖွဲ့သည်​ ရခိုင်​လူမျိုး
တို့ အ​ပေါ် အကြမ်းဖက်​သတ်​ဖြတ်​​နေ​သော ARSAနှင့်​ မဟာမိတ်​ဖွဲ့ထားပြီး
ထိ​တွေ့မှု မရှိပဲ ​နေရာပိုင်းခြား
လှုပ်​ရှား​နေရခြင်း ဖြစ်​ပါသည်​။

အာရကန်​နိုင်​ငံ​တော်​ ဘယ်​​တော့ဖြစ်​လာမလဲ မသိပါ။ ရခိုင်​ပြည်​နယ်
အတွင်း AA၏ အကြမ်းဖက်​လုပ်​ရပ်​များ​ကြောင့်​ အတိဒုက္ခ​ရောက်​​နေကြရပြီ
ဖြစ်​ပါသည်​။

ထွန်းမြတ်​နိုင်​ ညိုထွန်း​အောင်​တို့
မှာ ဆပ်​​ကြေး​ငွေ မူးယစ်​ကုန်​ကူ​ငွေ
များဖြင့်​ တရုတ်​ပြည်​ဘက်​ခြမ်းတွင်
ကောင်းစား​နေမြဲ ဖြစ်​ပါသည်​။

ရခိုင်​နိုင်​ငံ​တော်​ကြီး ​ကြွေး​ကျော်
နေ​သော AA အဖွဲ့ကို တပ်​မ​တော်​က
တပ်​မ ၂ ခု​ ကန့်​သတ်​ အင်​အားဖြင့်​သာ
နှိမ်​နင်း​နေပြီး သာလွန်​အင်​အား အသုံးမပြုပါ။

မြန်​မာပြည်​တွင်​ တိုက်​ခိုက်​​ရေးတပ်​မ
ပေါင်း ၃၀ ခန့်​ရှိရာ တပ်​မ​တော်​၏
တိုင်းရင်းသားချင်း ညှာတာ​ထောက်​ထား
မှုကို မြန်​မာပြည်​သူများ အားမလို
အားမရ ပင်​ ဖြစ်​​နေကြ​ပေသည်​။

မြန်​မာပြည်​သူတို့သည်​ AAလူမျို​ရေး
အစွန်း​ရောက်​ ​အကြမ်းဖက်​အဖွဲ့အား
လုံးဝ လက်​မခံကြပဲ အပြီးအပြတ်
နှိမ်​နင်​​ပေးရန်​သာ ဆန္ဒ ရှိကြ ပါသည်​။

Credit:Kyaw Swar