Health

တည်သီးကိုစားခြင်းဖြင့် ရရှိလာနိုင်သည့် ကျန်းမာရေးအတွက် အစွမ်းထက် အကျိုးကျေးဇူးများ

Written by LatKhat Than

လူသားများ အတွက် အကျိုးများ သောအသီးအနှံမြောက် များစွာ ရှိသည့် အနက် တည်သီး (Persimmon) တစ်မျိုး လည်း ပါဝင်နေပါသည်။တည်သီးလတ်လတ် ဆတ်ဆတ် ကို စားသုံးခြင်းဖြင့် အစွမ်းထက်ပြီးလူ့ ကျန်းမာရေးအတွက် များစွာပင်အကျိုးများပါသည်။

တည်သီးတွင်ဗီတာမင်စီဓာတ်ပါဝင်ပြီး အင်တီအောက်ဆီးဒင့် (antioxidant ) များကြောင့် ကူးစက်ပိုးကြောင့် ဖျားနာခြင်း မဖြစ်ပေါ်စေနိုင်သလို ရောင်ရမ်းနာကျင်မှု့ များကိုလည်း လျှော့ကျစေသည့် အသီးတစ်မျိုးလည်း ဖြစ်ပါသည် ။

တည်သီးတွင် သကြားဓာတ် ဂလူးကို့ စ်ပါဝင်နှုန်းများပြားသည့်အတွက် သွေးကြောစနစ်များတွင် ပိုမိုအားကောင်းစေပြီး ကျန်းမာစေရန် များစွာ အထောက်အကူပြူနေပါသည် ။ လူခန္ဓာကိုယ့်အတွက် အရေးပါသော သတ္တုဓာတ်များလည်း ပါဝင်တာကြောင့် စားသုံးသင့်သော တည်သီးလည်း ဖြစ်ပါသည် ။ တစ်ခြား အသီးအနှံဖြစ်သော သစ်တော်သီး နှင့် ပန်းသီးတို့ လည်း စားသုံးသင့်ပါသည် ။

တည်သီးတစ်ခုတည်းမဟုတ်ဘဲ တစ်ခါတစ်လေ တွဲစားမိတာရှိတာရှိတက်ကြပါတယ် ။ တွဲစားမသင့်သလို သတိထားသင့်သည်က ကန်စွန်းဥ နှင့် တွဲဖက်ပြီး စားသုံးရန် မသင့်ပါ ကျောက်တည် ရောဂါဖြစ်တက်လို့ ပါ ။

နေ့ စဉ်လှု ပ်ရှားနေရသည့်အတွက် တစ်ခါတစ်ရံတွင် မူးဝေမှု့ မောပန်းမှု့ ဖြစ်တက်ပါသည် ။ မောပန်းမူးဝေခြင်းအတွက် သက်သာကောင်းမွန်စေသော ဗီတာမင် B6 လည်း ပါဝင်သည့် အသီးလည်း ဖြစ်ပါသည် ။

ဌင်းတည်သီးလတ်လတ်ဆက်ဆက်သည် စားကောင်းသည့် အပြင် ကျန်းမာရေးအတွက် ပါ များစွာပင် အထောက်ကူပြု့ သောအသီး ဖြစ်ပါတော့သည် ။

Credit : Mg Mandalay

About the author

LatKhat Than