International News

ဂြိုဟ်တုလွှတ်စင် အဖြစ် ဒီဇိုင်းဆွဲ တည်ဆောက်ထားတဲ့ ကိုယ်ထည် ၂ ခုပါ ကမ္ဘာ့အကြီးဆုံးလေယာဉ် ပထမဆုံး ပျံသန်း

ကမ္ဘာ့အကြီးဆုံး လေယာဉ်ကို ပထမဆုံးအဖြစ် စတင်ပျံသန်းပါတယ်။မိုက်ခရိုဆော့ဖ် ပူးတွဲတည်ထောင်သူဟောင်း ပေါလ်အလန်း ထူထောင်တဲ့ Stratolaunch ကုမ္ပဏီကနေပြီး ဒီ လေယာဉ်ကို တည်ဆောက် ခဲ့တာပါ။ဂြိုဟ်တုလွှတ်တင်တဲ့ ပျံသန်းနေတဲ့ လွှတ်စင်အဖြစ် ဒီဇိုင်းဆွဲထားတာပါ။

လေယာဉ်ကို ၆ ဒသမ ၂ မိုင်အထိ ပျံသန်းစေပြီး ဂြိုဟ်ပတ် လမ်းအတွင်း ဂြိုဟ်တုလွှတ်တင်ဖို့ အိုင်ဒီယာနဲ့ တည်ဆောက်ထားတဲ့ လေယာဉ်ကြီးလည်း ဖြစ်ပါတယ်။

လေယာဉ်ရဲ့ တောင်ပံအလျားဟာ အမေရိကန် ဘောလုံးကွင်းတစ်ကွင်းစာလောက် ရှိပြီး ပေ ၃၈၅ ပေ ရှိပါတယ်။

တကယ်လို့ ဒီဇိုင်းဆွဲတည်ဆောက်တဲ့အတိုင်းသာ အောင်မြင်မယ်ဆို မြေပြင် ဒုံးပျံတွေကနေ အာကာသလွှတ်တင်တာထက် စရိတ်စက ပိုပြီး သက်သာလာမှာပါ။
ကိုယ်ထည်နှစ်ခုတွဲ အင်ဂျင်ခြောက်လုံးတပ် ဒီလေယာဉ်ဟာ တစ်နာရီ မိုင် ၁၇၀ နှုန်းနဲ့ ပေ ၁၅၀၀၀ အထိ ပျံသန်းခဲ့ပါတယ်။

ဒီလေယာဉ်ကို မောင်းနှင်ရတဲ့ အတွေ့အကြုံဟာ ပျော်စရာကောင်းပြီး မျှော်မှန်းထားတဲ့အတိုင်း ပျံသန်းခဲ့တယ်လို့ လေယာဉ်မှူး အီဗန်သောမတ်စ်က ပြောပါတယ်။

“စီးပွားဖြစ် လေကြောင်းလိုင်းလေယာဉ် ပျံသန်းမှုအတိုင်း ဂြိုဟ်ပတ်လမ်းကို ပျံသန်းနိုင်ဖို့ ရည်ရွယ်ပါတယ်။”လို့ Stratolaunch ကုမ္ပဏီက ၎င်းတို့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

ဗြိတိန် ဘီလျှံနာသူဌေးကြီး ရစ်ချက်ဘရန်ဆန်ရဲ့ Virgin Galactic ကုမ္ပဏီကလည်း ဂြိုဟ်ပတ်လမ်းအတွင်း ဒုံးပျံလွှတ်တင်စင်ဖြစ်မယ့် လေယာဉ်ကို တီထွင်ထားကြောင်း ပြောဆိုထားပါတယ်။

Rf; BBC
Writer_မောင်သံဆင့် ( Daily Hot News )

About the author

လက်ခတ်သံ