International News

လစ်ဗျားစင်ပြိုင် အစိုးရ စစ်လေယာဉ်များ ထရီပိုလီကို သိမ်းယူရန် တပ်ဖြန့်တိုက်ခိုက်။ မြို့တွင်းလမ်းများအား ပိတ်ဆို့ခုခံနေသော ထရီပိုလီ အစိုးရသစ္စာခံတပ်များနှင့် တိုက်ပွဲများပြင်းထန်

လစ်ဗျားစင်ပြိုင် အစိုးရ စစ်လေယာဉ်များ ထရီပိုလီကို သိမ်းယူရန် တပ်ဖြန့်တိုက်ခိုက်။ မြို့တွင်းလမ်းများအား ပိတ်ဆို့ခုခံနေသော ထရီပိုလီ အစိုးရသစ္စာခံတပ်များနှင့် တိုက်ပွဲများပြင်းထန်။ LNA တို့၏ မြို့တွင်း လက်တစ်ကမ်းတိုက်ပွဲများဖြင့် ထရီပိုလီကျဆုံးဖွယ်ရှိနေ
======================

((( Russia Today., 12 Apr, 2019.” East Libyan forces deploy warplanes to hit Tripoli govt positions – reports” ကို Htay Oung , Oung Marine ဆီလျှော်အောင် ဘာသာပြန် ပေါင်းစပ်သည်။ သတင်းမှတ်ချက်၊ ဓါတ်ပုံများနှင့် ဆက်စပ်အကြောင်းအရာများမှာ ပေးထားပါ Links များအတိုင်း ဖြစ်သည်။ )))

ကုလသမဂ္ဂအသိအမှတ်ပြုလစ်ဗျားအစိုးရကို ဖယ်ရှားရန် တိုဘရုခ်စင်ပြိုင်အစိုးရတပ်များသည် ထရီပိုလီမြို့ တော်အား ၀ိုင်းရံတိုက်ခိုက်လျှက်ရှိသည်။ ထရီပိုလီအစိုးရ ၀န်ကြီးချုပ် ဖေယက်အယ်ရှာဂျားရ်၏ သစ္စာခံတပ်များသည်မြို့တွင်းလမ်းများတွင် ပိတ်ဆို့ခုခံလျှက်ရှိရာ လမ်းကြိုလမ်းကြားတွင် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားကြောင်း သတင်းရရှိသည်ဟု Reuters အား ကိုးကား၍ နိုင်ငံတကာမီဒီယာများက ဧပြီ ၁၃-ရက်နေ့တွင် ရေးသားသည်။

လူဦးရေ ၁.၂ – သန်း နေထိုင်ရာ ထရီပိုလီမြို့တော်အား သိမ်းယူရန် လွန်ခဲ့သော ရက်သတ္တပတ်မှ စတင်၍ အင်အားအလုံးအရင်းဖြင့် ချီတက်လာသော ဗိုလ်ချုပ်ကြီး ခါလီဖာဟဖ်တာ၏ “ လစ်ဗျားအမျိုးသားတပ်မတော် “ LNA ၏ အပြင်းအထန် ထိုးစစ်ဆင်လာမှု့ကို ရှာဂျားရ်သစ္စာခံတပ်များက ခုခံလျှက်ရှိနေသည်။

ထရီပိုလီမြို့လယ်မှ ၇- မိုင်အကွာရှိ LNA တပ်များ သိမ်းယူထားသည့် အသုံးမပြုတော့သော လေဆိပ်အနီးတွင် တိုက်ပွဲများပြင်းထန်နေစဉ် အိမ်နီးချင်း တူနီရှားနယ်စပ်အနီး ထရီပိုလီမြို့အနောက်ဖက် ဇူဝါနာမြို့ရှိ ရှာဂျားရ် သစ္စာခံတပ်များအား စင်ပြိုင်အစိုးရက စစ်လေယာဉ်များ အသုံးပြုတိုက်ခိုက်ကြောင်း ဒေသခံများနှင့် LNA က အတည်ပြုပြောဆိုသည်။

ဇူဝါနာမြို့သည် ထရီပိုလီအစိုးရနှင့် အီတလီ ENI ရေနံကုမ္ပဏီတို့ ဖက်စပ်လုပ်ကိုင်လျှက်ရှိသော မဲလီတားရ်ရေနံတွင်းများနှင့် မနီးမဝေးတွင် တည်ရှိပြီး နိုင်ငံတကာအသိအမှတ်ပြု ၀န်ကြီးချုပ် ဖေယက်အယ်ရှာဂျားရ်၏ တစ်နိုင်ငံလုံး၌ ၇ ရာခိုင်နှုန်းသာ အာဏာသက်ရောက်သော အုပ်ချုပ်မှု့နယ်မြေအတွင်း၌ ပါဝင်သည်။

( ယခုအတိုင်းဆိုလျှင် ထရီပိုလီသည် ကျဆုံးရန် အလွန်နီးကပ်လာပြီး ဟဖ်တာပြောဆိုသည့်အတိုင်း လစ်ဗျားတွင် အစိုးရတစ်ဖွဲ့တည်းသာဖြစ်လိမ့်မည်ဆိုသည်မှာ သေချာသလောက်ရှိနေသည်။ ၂၀၁၁- တွင် စစ်ရေးကျူးကျော် ၀င်ရောက်တိုက်ခိုက်ပေးခဲ့သော အမေရိကန်တပ်များလည်း ဆုတ်ခွာသွားလေပြီ။ ကုလသမဂ္ဂလုံခြုံရေး ကောင်စီကိုယ်တိုင်ပင် ဟဖ်တာအား ထိုးစစ်ရပ်ဆိုင်းပေးရန်တောင်းဆိုယုံမှတစ်ပါး တုန့်ဆိုင်းလျှက်ရှိသည်။ လစ်ဗျားသည် R2P သာမက ICC ကိုပါ လက်တွေ့ကြုံခဲ့ ခံစားခဲ့ရသော တိုင်းပြည်ဖြစ်သည်။

ကျွန်တော်သည် ၂၀၁၂-ခုနှစ်ခန့်မှစတင်က မြန်မာနိုင်ငံအနောက်တံခါးနှင့် ပတ်သက်သော နိုင်ငံတကာသတင်းများကို လက်လှမ်းမီသမျှ ဘာသာပြန်ဖော်ပြခဲ့ပါသည်။ ထို့ကြောင့် ရက်စွဲစဉ်အလိုက် မှတ်တမ်းသဖွယ် ရှိနေသည်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ဖျားတွင် Saze Zone ဆိုသည်ကို ပထမဆုံးပြောဆိုသူမှာ ရိုဟင်ဂျာဆိုသူများ၏ လော်ဘီတို့ဖြစ်ပြီး၊ ၂၀၁၃-ခုနှစ်တွင် ဖြစ်ပါသည်။ ထို့နောက် ၂၀၁၆ – ၀န်းကျင်တွင် R2P သာမက ICC ပါ ပါဝင်လာပြီး နိုင်ငံတကာအခွင့်ရေးတက်ကြွလှုပ်ရှားသူများနှင့် မွတ်စလင်နိုင်ငံအချို့ဖြစ်သည်။

၂၀၁၈-ခုနှစ် ဧပြီလနှောင်းပိုင်းတွင် ကုလသမဂ္ဂလုံခြုံရေကောင်စီအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်များသည် ဘင်္ဂလားဒက်ရှ်နှင့် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။ ကော့ခ်ဘဇားဒုက္ခသယ်စခန်းတွင် ဘင်္ဂလီများနှင့် တွေ့ဆုံရာ၌ ၄င်းတို့တောင်းဆိုသည့် “ ရိုဟင်ဂျာလူမျိုး “ အမည်သတ်မှတ်ပေးရန် UNSC ကိုယ်တိုင်ပင် အခက်အခဲ ရှိကြောင်း အဖြေပေးခဲ့သည်ဟု Prothom Alo ဘင်္ဂလားအခြေစိုက်သတင်းဌာနက ဖော်ပြသည်။

နောက်ဆုံး “ Safe Zone “ ဆိုသည်ကို ဘင်္ဂလားဒက်ရှ်သမ္မတက OIC အစည်းအဝေးတွင် တင်ပြလာသည်။ ARSA ကလည်း ရိုဟင်ဂျာဆိုသူတို့အား ကယ်တင်ရန်ဟုဆိုပါသည်။ ARSA ကို အစ္စလာမ်ဘာသာဝင်အများစု နိုင်ငံများကပင် လက်မခံနိုင်ပါ။ အရှေ့အလယ်ပိုင်း အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်စပ်မှု့ရှိသည်ဟု သတင်းများကြောင့်ဖြစ်သည်။ ARSA သည် ယခုအခါ ရခိုင်ပြည်နယ်အတွင်း ရောက်ရှိနေကြောင်း ကော့ခ်ဘဇားဒုက္ခသယ်စခန်းမှ ဘင်္ဂလီများကိုယ်တိုင်သိရှိသည်ဟု ဘင်္ဂလားဒက်ရှ်သတင်းစာများတွင် ဖော်ပြခဲ့သည်။ သို့သော် ကျွန်တော်လက်လှမ်းမီသမျှ ရက်ပိုင်း လပိုင်းသတင်းများတွင် ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ယာဉ်တန်းအား ARSA က ခြုံခိုတိုက်ခိုက်သည့်သတင်းမှလွဲ၍ ARSR မှာ ကိုယ်ယောင်ပျောက်လျှက်ရှိသည်။ ARSA ငြိမ်သက် နေပါသလား။ ဘာတွေများ လုပ်နေသနည်း။

ယခုအခါ မြန်မာနိုင်ငံ အနောက်တံခါးဝတွင် တိုက်ပွဲများပြင်းထန်လျှက်ရှိသည်။ ဘာတွေဖြစ်နေသည်ကို ပြည်တွင်းမီဒီယာများကျေးဇူးဖြင့် အများသိကြပါသည်။

ယနေ့ လစ်ဗျားဖြစ်စဉ်ကို ကောင်းစွာသင်ခန်းစာယူတတ်လျှင် ကျွန်တော်များ သန်း ၅၀ ကျော် နိုင်ငံသားတို့၏ “ အမျိုးသားလုံခြုံရေး “ သည် ယခုအနောက်တံခါးတိုက်ပွဲများ၏ အနှစ်သာရနှင့် ဦးတည်ချက်အပေါ်တွင် မှီတည်လျှက်ရှိသည်ဟု ကျွန်တော် လုံးဝ ယုံကြည်ပါသည်။ ။ သတင်းဘာသာပြန်သူ )

Writer:Htay Oung

About the author

လက်ခတ်သံ