Local News

လေပြင်းတိုက်၊ မိုးကြိုးပစ်စေတဲ့ မိုးလေ၀သဖြစ်စဉ်များကိုအထူး ဂရုပြုရန် မိုးလေ၀သနှင့် ဇလဗေဒဌာန သတိပေး

Written by LatKhat Than

မိုးကြိုကာလ အတွင်း ဖြစ်ပေါ်တတ် တဲ့ လေပြင်းတိုက် ၊ မိုးကြိုးပစ် စေတဲ့ မိုးလေ၀သဖြစ်စဉ် တွေနဲ့ ပတ် သက်ပြီး မိုးလေ၀သ နှင့် ဇလဗေဒဌာန က ဒီကနေ့ ဧပြီ (၁၅) ရက်နေ့စွဲနဲ့ ကြိုတင် သတိပေးနှိုးဆော်ချက် ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံ အရပ်ရပ်မှာ မိုးကြိုကာလဖြစ်တဲ့ ဧပြီလမှ မြန်မာနိုင်ငံသို့ အနောက်တောင် မုတ်သုံလေ မ၀င်ရောက်မီ ကာလအတွင်း လေထု မငြိမ်မသက်မှုတွေကြောင့်နဲ့ နေ့အပူချိန်တွေ တဖြည်းဖြည်းမြင့်တက်လာရာက မွန်းလွဲပိုင်းနဲ့ ညနေပိုင်းတွေမှာ မိုးတိမ်တောင်တွေ ဖြစ်ထွန်းတာကြောင့် လေပြင်းတိုက်ခတ်၊ မိုးကြိုးပစ်၊ လျှပ်စီးလက်၊ မိုးသီးကြွေတာနဲ့ နေရာကွက်ကျား မိုးထစ်ချုန်းရွာစတဲ့ မိုးလေ၀သဖြစ်စဉ်တွေကို ဖြစ်ပေါ်နိုင်တယ်လို့ ဆိုပါတယ်။

လေပြင်းတိုက်ခတ်စဉ် မြေပြင်၊ရေပြင်လေဟာ တနာရီလျှင် ၃၅ မိုင်ကနေ မိုင် ၄ဝ အထိတိုက်ခတ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဒါကြောင့် အများပြည်သူတွေအနေနဲ့ မိုးကြိုကာလဖြစ်တဲ့ ဧပြီလကနေ မြန်မာနိုင်ငံသို့ အနောက်တောင် မုတ်သုံလေ မဝင်ရောက်မီကာလအတွင်း ဖြစ်ပေါ်လာနိုင်တဲ့ မိုးလေဝသဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး အထူးသတိပြုနေထိုင်သွားကြပါဖို့ မိုးဇလက ကြိုတင်သတိပေး နှိုးဆော် ထားပါတယ်။

credit:dvb news

About the author

LatKhat Than