Local News

ပခုက္ကူမြို့နယ်တွင် လူသတ်မှု၊ လက်နက်မှုတို့ဖြင့် ထွက်ပြေးတိမ်းရှောင်နေသူ တရားခံပြေးအား ရဲတပ်ဖွဲ့က လုံးထွေးဖမ်းဆီးခဲ့

Written by LatKhat Than

ပခုက္ကူမြို့နယ် တွင် လူသတ်မှု ၊ လက်နက်မှု တို့ဖြင့် ထွက်ပြေးတိမ်းရှောင် နေသည့် တရားခံပြေးကို သက်ဆိုင် ရာက ဖမ်းဆီးစဉ် အိမ်ခေါင်မိုး များပေါ်သို့ ကျော်လွှား ထွက်ပြေးသဖြင့် ရဲတပ် ဖွဲ့က လုံးထွေး ဖမ်းဆီးခဲ့ကြောင်း ဧပြီ (၁၅) ရက် က ပခုက္ကူမြို့မ ရဲစခန်းမှ သိရသည်။

ပခုက္ကူမြို့မရဲစန်း(ပ)၁၁၇၂/ ၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၂၄၊ ပခုက္ကူမြို့မရဲစခန်း(ပ)၁၂၆၆/၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အမှုတို့မှ ထွက်ပြေးတိမ်းရှောင်နေသူ ပခုက္ကူမြို့နယ်နေ နိုင်လင်းအောင်(၂၈ နှစ်)သည် ပခုက္ကူမြို့၊ အမှတ်(၆)ရပ်ကွက်ရှိ ၎င်း၏ အစ်ကိုဖြစ်သူ၏ နေအိမ်တွင်ရောက်ရှိ ပုန်းအောင်းနေကြောင်း သတင်းအရ ဧပြီ ၁၄ ရက် ည ၉ နာရီအချိန်တွင် ပခုက္ကူခရိုင်မှုခင်းနှိမ်နင်းရေးဌာနမှ ရဲအုပ် အောင်သန်း ဦးစီးသောတပ်ဖွဲ့ဝင်များက ပိတ်ဆို့ဖမ်းဆီးခဲ့သည်။

ထိုသို့ ဖမ်းဆီးစဉ် နိုင်လင်းအောင်က ဓါးကိုင်ဆောင်လျက် နေအိမ် ခေါင်မိုးပေါ်သို့တက်ရောက်၍ အခြားအိမ်ခေါင်မိုးများပေါ်သို့ကူးပြီး ဆက်လက်ထွက်ပြေးကာ တစ်ရပ်ကွက်တည်းရှိ နေအိမ်တစ်ခု၏ နောက်ဖက်သို့ ခုန်ဆင်းစဉ် ရဲတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းလုံးထွေးပြီး လက်ရဖမ်းဆီးနိုင်ခဲ့သည်။

၎င်းတွင် ဦးခေါင်းယာဘက်ဂျိုစောင်းပေါက်ပြဲ ဒဏ်ရာ တစ်ချက် ရရှိသဖြင့် ပခုက္ကူမြို့ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသကာ ဆက်လက်စစ်ဆေးအရေးယူထားသည်။

credit:The Myanmar Time

About the author

LatKhat Than