International News

(F 35A) တိုက်လေယာဉ် နည်းပညာကို တရုတ်နဲ့ ရုရှားတို့ လက်ထဲမရောက်ဖို့ အသဲအသန် ရှာပုံတော်ဖွင့်နေတဲ့ အမေရိကန်

ဂျပန် ကမ်းလွန်တွင် ဧပြီ ၉ ရက်နေ့ က ပျက်ကျသွား သည်ဟု ယုံကြည်ရသော နောက်ဆုံးပေါ်ဂျက် တိုက်လေယာဉ် F 35A အား တရုတ် နှင့် ရုရှားတို့ လက်ဝယ် ကျရောက်မသွားစေရန် ရှိသမျ အရင်းအမြစ် များ ထုတ်သုံးကာရှာပုံတော် ဖွင့်လျက် ရှိတယ်လို့ ဂျပန်သတင်းများက ဆိုပါတယ်။ ဒီလေယာဉ်ကိုသာ ရုရှား နဲ့ တရုတ်တို့ လက်ထဲ ရောက်သွားက အမေရိကန်တို့ လေ ကြောင်း အသာစီးရနေမှု အနေအထား ပြောင်းလဲသွားနိုင်တယ် ဆိုတာ သိနေတဲ့ အတွက် အမေရိကန်တို့ အသဲအသန်ရှာနေကြတာလည်း ဖြစ်ပါတယ်။

ရေငုပ်သင်္ဘော ရှာဖွေရာမှာသုံးတဲ့ P 8A ကင်းလှည့်ရေယာဉ်၊ လွန်စွာ စွမ်းအားကောင်းသော Aegis ရေဒါ တပ်ထားတဲ့USS Stethem ဖျက်သင်္ဘော အပြင် ဂူအမ်မှ အမြန်စေလွှတ်လိုက်တဲ့ B 52 ဗုံးကြဲလေယာဉ်တွေလည်း လာနေပြီ ဖြစ်ပါတယ်။ အမေရိကန်သက်တမ်း တလျောက်မှာ ဒီလို အင်နဲ့ အားနဲ့ အထူးဦးစားပေး အဆင့် ရှာဖွေနေပုံမျိုး တခါမှ မမြင်တွေ့ ခဲ့ရဖူးဟု လေ့လာ သူတွေက တအံ့တသြ ပြောဆိုနေကြပါတယ်

ဒါကလည်း အနာဂါတ် စစ်ပွဲတွေမှာ ဒီ တိုက်လေယာဉ်ကို အဓိက အခန်း ကနေ အသုံးချ သွားဖို့ အမေရိကန်တွေမှာ အစီအစဉ်တွေ ရှိထားလို့ ပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းက KC-130 ဟာကျုလီ အမျိုးအစား ဆီဖြည့်လေယာဉ် နဲ့ F/A 18 တိုက်လေယာဉ် တို့ ဂျပန် ကမ်းလွန်မှာ တိုက်မိလို့ ပျက်ကျသွား ခဲ့တုန်းက ဒီလိုပုံစံမျိုး ရှာခဲ့တာ မတွေ့ခဲ့ရပါဖူး။

လော့ဟိခ် မာတင် က ထုတ်တဲ့ F35 ကို အနာဂါတ်စစ်ပွဲမှာ အသုံးချနိုင်ဖို့ အမေရိကန်က ဘီလျံပေါင်း များစွာ အကုန်အကျ ခံ သုတေသနတွေ လုပ်ပြီး ရင်းနှီးမြု ပ်နှံ ထားခဲ့ ပြီးသား လည်း ဖြစ်ပါတယ်။ အဓိက ကတော့လေယာဉ်မှာ တပ်ဆင်ထားတဲ့ လွန်စွာ စွမ်းရည်မြင့် ရေဒါ စနစ်ကြောင့် ဒုံးကျည် ကာ ကွယ်ရေး စနစ်မှာ အသုံးပြု ဖို့ ရည်ရွယ်ထားပါတယ်။

ဒုံးကျည်ကို ကြားဖြတ် ပြစ်ချနိုင်မယ့် နောက်ဆုံးပေါ် စနစ်ကို လေယာဉ်မှာ နောက်ပိုင်း ကျ ထည့်သွင်းသွားဖို့ အစီအစဉ် ရှိပြီးသား ဖြစ်တယ်လို့ သိရ
ပါတယ်။ အဲ့ဒီလို တပ်ဆင်ပြီးသွားရင်တော့ ရန်သူရဲ့ ဒုံးကျည် အရှိန်နှေးနေသေးတဲ့ ကနဦး ပြစ်လွှတ်စ အနေအထား boost stage မှာပဲ ပြစ် ချနိုင်မှာ ဖြစ်ပါတယ်။ ဒီလို ဖြစ်အောင်လည်း လေယာဉ်ကို အမြဲလို အဆင်သင့် အနေအထားနဲ့ ထားသွားမှာလည်း ဖြစ်ပါတယ်။

ထိုကဲ့သို့ ဝေဟင်ထဲမှာပင် ဒုံးကျည်များကို ပြစ်ချ နိုင်စွမ်းသည် တရုတ် နှင့် မြောက်ကိုရီယားကို ကောင်းစွာ ထိမ်းချုပ်နိုင်မည်သာမက ရုရှားရန် မှ ကာကွယ်ရန် ကြားခံ အလွှာ တခု အဖြစ် ထားရှိနိုင်ဦးမည် ဖြစ်သည်။ စစ်ပွဲကြီး ဖြစ်လာပါက ရုရှားမှ လက်ဦးမှု ရယူကာ မြေပြင်ရှိ Aegis system တပ် ဒုံးကျည်များကို ညူ ကလီယား လက်နက်ငယ်များဖြင့်ပြစ်ခတ်ကာ လက်ဦးမှု ရယူနိုင်စွမ်း ရှိနေ သောကြောင့် ဖြစ်ပါတယ်။

ထို့ အတွက် F35 နှင့် ပါတ်သက်သော နည်းပညာပိုင်းဆိုင်ရာ အချက်အလက်များ ရရှိနိုင်ရန် ရုရှားနှင့် တရုတ်တို့မှ အပူတပြင်းကြိုးစားနေကြပါတယ်။ တရုတ်မှ F 35 ရဲ့ ဒီ ဇိုင်း တစိတ်တပိုင်းကို ဆိုက်ဘာမှ တဆင့်ခိုးယူရရှိသွားပြီလို့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ တရုတ်က ယခုအခါ F 35ကို ယှဉ်နိုင်ရန် J-20 အမျိုးအစား StealthFighter တိုက်လေယာဉ်ကို ထုတ်လုပ်ဖို့ပြင်ဆင်နေပြီ ဖြစ်ပါတယ်။

သို့သော်လည်းရေဒါက ဖမ်းမမိအောင် F 35 ရဲ့ လေယာဉ်ကိုယ်ထည်ကို ဘယ်လို ဆေးမျိုးတွေ သုတ်ထားတယ်၊ ကိုယ်ထည်ကို ဘယ်လို ပစ္စည်းမျိုးတွေနဲ့ တည်ဆောက်ထားတယ် ဆိုတာကိုတော့ တရုတ်တို့ မည်သည့်နည်းနှင့်မျ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်း မရှိသေးတာကြောင့် ဒီတိုက်လေယာဉ်ကို သူတို့ လက်ထဲ အကျခံ လို့ မဖြစ်ဟု အမေရိကန်က စိတ်ပိုင်းဖြတ် ထားပုံ ရှိတယ်ဟု စစ်ဖက် သုတေသီများက ယူဆခဲ့ကြပါတယ်။ ရန်သူများ ဇဝေဇ၀ါ ဖြစ် အောင် အမေရိကန်မှ သတင်းအချက် အလက် အတုတွေကိုလည်း ဆိုက်ဘာမှ တဆင့် ထုတ်လွှင့်ထားပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။

လေယာဉ် ရှာဖွေရေး မှာ B 52 လေယာဉ် ကြီးတွေ စေလွှတ်ခဲ့ခြင်းကလည်း အားလုံး ကို လက်ရှောင်ဖို့ အမေရိကန်က အပြင်းထန်ဆုံး သတိပေးချက် အဖြစ် ရှု့မြင်ခဲ့ကြပါတယ် အမေရိကန်တို့ က သူတို့ကိုယ်တိုင်လည်း ၁၉၆၈ အတွင်း ဟာဝိုင်အီ အနီးမှာ ပေါက်ကွဲ နစ်မြု ပ်သွားတဲ့ ဆိုဗီယက် နောက်ဆုံးပေါ် ရေငုပ်သင်္ဘောကို K-129 ကို ဆယ်ယူနိုင် ခဲ့လို့ စစ်ရေးလျို့ဝှက်ချက်များ အားလုံး ရရှိ သွားခဲ့ဖူုးပါတယ်။ ဆိုဗီယက်တို့မှာ ထိုအချိန် က sonar technology မရှိသေးတဲ့ အတွက် အမေရိကန်တို့ လက်ဦးမူ ရယူနိုင်ခဲ့တာ လည်း ဖြစ်ပါတယ်။

ယခု လေယာဉ်က ပင်လယ် ရေအောက်၁၅၀၀ မီတာအထိ ထိုးကျသွားနိုင်တယ်လို့ယူဆနေတဲ့ အတွက် အခက်အခဲတွေ တွေ့ နိုင်ပေမယ့် ဆယ်ယူလို့ မရဖူးတော့ မဟုတ် ပါဖူး။ပျက်ကျတဲ့ နေရာမှာ အေအိုမိုရိ ခရိုင် ဂျပန် ကမ်းရိုးတန်းကနေ မိုငိ ၁၅၀ လောက်ပဲရှိပြီး ဂျပန်ရဲ့ အထူး စီးပွားရေး ဇုံ အတွင်း ရောက်နေပါတယ်။ ဒီအတွက် နိုင်ငံတကာ ဥပဒေအ ရ ဂျပန် ရဲ့ ခွင့်ပြု ချက် မရပဲ တရုတ် နဲ့ ရုရှား တို့ ၀င်ရောက်ဆယ်ယူလို့ တော့ မဖြစ်နိုင်ပါ ဖူး။ သို့ပေမယ့် ရေငုတ်သင်္ဘော နဲ့ ဒရုန်းတို့ သုံးပြီး ၀င်ရောက်လာနိုင်တဲ့ အန္တရာယ် ရှိနေ ပါသေးတယ်။

ပျက်ကျသွားတဲ့ ဂျပန် ပိုင်းလော့ ဗိုလ်မှုး အာကီနိုရီ ဟိုဆိုမီကတော့ ပျောက်ဆုံးနေဆဲဖြစ် ပေမယ့် ၎င်းနှင့် အတူ ကွယ်ပျောက်သွားတဲ့ F 35 A တိုက်လေယာဉ်ကျြီး ရဲ့ ကံကြမ္မာက တော့ အင်အားကျြီး နိုင်ငံများရဲ့ လေကြောင်း အင်အား ချိန်ခွင်လျာ ကို ကောင်းစွာ ပြောင်း လဲသွားစေနိုင်ပါတယ်။

ကိုးကား။ ။ Nikkei Asian Review
Credit-Hla Soewaiw

About the author

လက်ခတ်သံ