Local News

မြန်မာနိုင်ငံသို့ ပေးပို့မည့် Su-30SM တိုက်လေယာဉ်တွေ ရုရှား တပ်ဆင်နေ

၂၀၁၈ ခုနှစ်က အပြန်အလှန် သဘောတူ စာချုပ်အရ မြန်မာနိုင်ငံဆီ ပေးပို့မယ့် Su-30SM တိုက်လေယာဉ် ခြောက်စင်းကို ရုရှနိုင်ငံက စတင် တပ်ဆင်ထုတ်လုပ်နေပြီဖြစ်ကြောင်း မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရုရှားက Sputnik News သတင်းဌာနကို ပြောပါတယ်။

Su-30SM တိုက်လေယာဉ် ၆ စင်း ဝယ်ယူရေးကို ရုရှားနဲ့ မြန်မာ နှစ်နိုင်ငံဟာ ၂၀၁၈ ခုနှစ်မှာ သဘောတူစာချုပ် ချုပ်ဆိုခဲ့တာပါ။

ဂျက်တိုက်လေယာဉ်တွေဖြစ်တဲ့ Su-30SM တွေကို ရုရှား Sukhoi ကုမ္ပဏီက တည်ဆောက်ထုတ်လုပ်တာဖြစ်ပြီး တိကျတဲ့ လက်နက်ခဲယမ်း အမျိုးအစား တော်တော်များများကို တပ်ဆင်ပြီး ဝေဟင်မှ ဝေဟင်၊ ဝေဟင်မှ မြေပြင် မစ်ရှင်တွေကို ဆင်နွဲနိုင်တဲ့ ဂျက်တိုက်လေယာဉ် အမျိုးအစား ဖြစ်ကြောင်း အဆိုပါ သတင်းမှာ ဖော်ပြပါတယ်။

 

About the author

လက်ခတ်သံ