Local News

ကြည့်ရှုသူ သိန်းနဲ့ချီ ညတွင်းချင်း ရှိခဲ့တဲ့ မနောရဲ့သင်္ကြန်သီချင်း

Written by LatKhat Than9

အဆိုတော် မနောတစ်ယောက်ကတော့ သူပြောထားတဲ့ သင်္ကြန်သီချင်းအသစ်လေးတစ်ပုဒ်ကို မနေ့ညကပဲ မိတ်ဆက်ပေးလိုက်ပြီဖြစ်ပါတယ်။ သင်္ကြန်သီချင်းသုံးပုဒ် ဖန်တီးနေတယ်လို့ ပြီးခဲ့တဲ့လက မနောက ပရိတ်သတ်တွေကို ပြောထားဖူးပါတယ်။ အမ်တီဗီမဟုတ်ပေးပေမယ့် သူ့ရဲ့ သီချင်းသစ်လေးတစ်ပုဒ်ကို မိတ်ဆက်ပေးလိုက်တာပဲဖြစ်ပါတယ်။

သင်္ကြန်သီချင်းအသစ်လေး တင်ပြီနော် အချိန်မှီဖွင့်ရအောင် Share ပေးအုန်းဗျာ့ *နှစ်ကူးသက်သေ*တေးရေး သဟာအောင် တေးဆို မနော ဆိုပြီး ရေးကာ မနေ့ညက ၉ နာရီလောက်က တင်လိုက်တဲ့သူ့ရဲ့ သီချင်းလေးကို ပြန်လည်မျှဝေသူ သုံးသောင်းကျော်၊ ကြည့်ရှုသူ ညတွင်းချင်း ၂သိန်းကျော်ခဲ့တာကို တွေ့ရပါတယ်။

သူပြောတဲ့အတိုင်းဆိုရင် သင်္ကြန်မတိုင်ခင် နောက်ထပ်နှစ်ပုဒ်တင်ပေးအုံးမယ်လို့ ယူဆရပါတယ်။ မနောက အောင်မြင်တဲ့သီချင်းများစွာကို ဖန်တီးထားပြီး ပရိတ်သတ်မျက်ခြေမပြတ်အောင်လည်း သီချင်းသစ်လေးတွေ ပုံမှန်ဖန်တီးနေပြီး ပြီးတာနဲ့ အွန်လိုင်းက တင်ပေးလေ့ရှိပါတယ်။

ခုတင်လိုက်တဲ့ သင်္ကြန်သီချင်းမှာတော့ သံစဉ်ထူးထူးခြားခြား ခွဲထွက်ထားတာလည်း မတွေ့ရသလို စွဲဆောင်မှုအရမ်းကြီးလည်းမရှိပါဘူး။ ဒါပေမယ့်လည်း နားထောင်လို့တော့ အဆင်ပြေတဲ့ သီချင်းတစ်ပုဒ်ဖြစ်တယ်လို့ ယူဆရပါတယ်။

`နှစ်ကူးသက်သေ´

မနောရဲ့ သင်္ကြန် သီချင်းအသစ်စက်စက်လေး 😎ကြိုက်ရင် Like & Share နော်`နှစ်ကူးသက်သေ´တေးရေး – သဟာအောင်တေးဆို – မနောဟာသ ကြည့်မယ် 👈🏿👈🏿 ဒါနှိပ်ပြီး Like & Follow ထား

Posted by ဟာသ ကြည့်မယ် Video Channel on Tuesday, February 20, 2018

Credit :

About the author

LatKhat Than9

Leave a Comment