နေပူဒဏ်ကို ဝေဖန်လေကန်နိုင်ရင်း တောင့်ခံနေသလား

Posted on

ဧပြီ ၂၀ ရက်က နိုဗိုတယ် ဟိုတယ်တွင် ဧရာဝတီကိုပြန်ရွေး ကြမယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ စကား ၀ိုင်းတစ်ခု ပြုလုပ်ခဲ့ပါတယ်။ဆွေးနွေးပွဲမှာ ပညာရှင် တွေ၊ နိုင်ငံရေးသမားတွေ၊ ရုပ်ရှင်၊ ဂီတ၊ စာပေအနုပညာရှင်တွေ လူစုံ ပါပါတယ်။မြစ်ဆုံကို ပြန်မလုပ်ပါနဲ့၊ လျော်ကြေးအနေနဲ့ မြန်မာပြည်သူ တွေက တစ်ယောက်တစ်ဒေါ်လာ ပေး ရွေးကြမယ်၊ တစ်ဦးကို တစ် ဒေါ်လာပေးလျော်မယ့် လှုပ်ရှားမှု စတင်မယ်လို့ ကြေညာလိုက်တဲ့အ တွက် ပွဲပြီးမှ အကြီးအကျယ်ဂယက် ထပါတယ်။

ပြည်သူလေးစားတဲ့ စာပေ ပညာရှင်တွေလည်း ကြားညပ်သွား ပါတယ်။ ဝေဖန်ပြောဆို ခံရပါတယ်။ ထောက်ခံသူတွေရှိသလို ပြင်းပြင်း ထန်ထန် ကန့်ကွက်ပြောဆိုကြသူ တွေလည်းရှိပါတယ်။ ဒါ မရိုးသား ဘူး။ နိုင်ငံရေးလှည့်ကွက်။ ဧရာဝတီကို ပြန်ရွေးမယ် ဆိုတော့ ဘယ်သူ ပေါင်နှံရောင်းစား သွားလို့လဲ။ မြစ်ဆုံရေကာတာအပြီး တိုင် ဖျက်သိမ်းဖို့ လျော်ကြေးပေး ရွေးဖို့နည်းလမ်းပဲရှိတာလား၊ တခြား နည်းလမ်းမရှိတော့ဘူးလား။

အဲဒီ တစ်ဒေါ်လာကို ဘယ် သူက ကောက်မှာလဲ။ ဘယ်မှာ သိမ်းထားမှာလဲ။ တစ်ဒေါ်လာကောက် ရုံနဲ့ရပြီလား စသည်ဖြင့်လည်း မေး ခွန်းတွေ မေးထားကြပါတယ်။ဘာပဲပြောပြော အတော် ပွဲဆူသွားတဲ့ ပွဲတစ်ပွဲပါပဲ။

သို့သော်လည်း မြန်မာပြည် ထုံးစံအတိုင်း ဒီသတင်းကလည်း ကြာကြာမခံပါဘူး။
အိုင်ဗရီကို့စ်နိုင်ငံမှာ မြန်မာ ဆန်တန်ချိန်ပေါင်းများစွာကို စားသုံး ရန်မသင့်ဟူသော စွဲချက်ဖြင့် ဖျက် ဆီးပစ်ခံရသည့် သတင်းတက်လာ သည်။ ဘာကြောင့်၊ ဘယ်လို၊ ဘာ ဖြစ်မှန်း သေသေချာချာ ဂဃနဏ မသိဘဲ ၀ိုင်းဝေဖန်ပြစ်တင်ကြပြန် သည်။

အချိန် အားအားယားယား ရှိသဖြင့် တစ်နေ့တစ်မျိုး မရိုးရ အောင် တက်လာသော သတင်းများ ကို ၀ိုင်းဝန်းဝေဖန်လေကန်ကြ like တွေ၊ Share တွေလုပ်ကြ၊ comment တွေပေးကြနှင့် အတော်ပျော်ဖို့ကောင်း နေကြသလိုပါပဲ။

အခုနောက်ဆုံးသတင်းက ဖေ့စ်ဘွတ်ခ်ပေါ်က မြမြသတင်းဖြစ် ၏။
အဓမ်္မပြုကျင့် သတ်ဖြတ် ခံရသည်ဟု ၀ိညာဉ်ပူးကပ်ကာ ပြော ဆိုခဲ့သည့် မြမြသတင်းက ဖေ့စ် ဘွတ်ခ်သုံးစွဲသူတွေကြား ပေါ်ပြူ လာဖြစ်နေသည်။

နှစ်ဆန်းတစ်ရက်နေ့က တောင်ဒဂုံ ၁၀၇ ရပ်ကွက်တွင် ပရိသတ်ရွတ်ဖတ်နေစဉ် အမျိုးသမီး ငယ်တစ်ဦးအား ၀ိညာဉ်ပူးကပ်ကာ သူ့ကို လူ ၃ ဦးက အဓမ်္မပြုကျင့် သတ်ဖြတ်ခဲ့ပြီး အလောင်းဖျောက် ဖျက်ပစ်ခဲ့ကြောင်းပြောဆိုခဲ့သည်။

ထို့ပြင် ကျောက်စိမ်းစက် ရုံတွင် အလုပ်လုပ်သည့် အလုပ် သမားသမဂ်္ဂအဖွဲ့ဝင် အမျိုးသမီးကို လည်း ၀င်ပူးပြီး ၎င်းင်း၏အမည်ရင်း သည် သီတာအေးဖြစ်ပြီး မှတ်ပုံတင် အတုဖြင့် အလုပ်ဝင်ထားကြောင်း၊ ၎င်းကို မြှုပ်နှံထားသည့်နေရာကို ရွှေ့ပြောင်းထားကြောင်း တရားခံ များကို ဖမ်းဆီးပေးရန် ပြောဆိုခဲ့ ပြန်သည်။
သို့သော် ကျောက်စိမ်းဖိနပ် စက်ရုံတွင် မြမြဆိုသော အမျိုးသမီး မရှိကြောင်း စက်ရုံတာဝန်ရှိသူများ က ပြန်ပြောကြားသဖြင့် ပြည်သူ များကြား စိတ်ဝင်စားစရာ သတင်း တစ်ပုဒ်ဖြစ်လာသည်။

ထိုအခါ ဒါရိုက်တာ ညို မင်းလွင်ကလည်း မြမြအကြောင်း စိတ်ဝင်စားသဖြင့် ရုပ်ရှင်ရိုက်မည်ဟု ပြောလိုက်သောအခါ မြမြသည် မြန်မာပြည်တွင် စိတ်ဝင်စားဖွယ်ရာ နောက်ဆုံးသတင်း ဖြစ်နေသည်။ထိုအချိန် ဒေါ်အောင်ဆန်း စုကြည်က တရုတ်သမ်္မတ ရှီကျင်းပင် နှင့် တရုတ်ပြည်တွင် တွေ့ဆုံဆွေး နွေးနေသည်။ မြစ်ဆုံအရေးနှင့် ပတ် သက်ပြီး ဘာတွေများ ပြောဆိုနေ ကြပါလိမ့်ဟု စိတ်ဝင်တစား နားစွင့် နေသူ ရှိမှရှိပါ့မလားဟုပင် ထင် မိသည်။

ထိုအတောအတွင်း ဖား ကန့်တွင် နွံကန်ပွင့်ကျပြီး လူပေါင်း ၅၀ ကျော်သေဆုံးပြီး ၂၄ နာရီမပြည့် ခင်မှာ နောက်ထပ် နွံကန်တစ်ကန် ထပ်မံပွင့်ကျပြီး တောင်ကမ်းပါးယံ တစ်ခုပြိုပြီး လူထပ်သေပြန်သည်။
လောလောဆယ် ရန်ကုန် တွင် နေအရမ်းပူပြီး နေ့တိုင်း အချိန် ပိုင်း မီးပျက်နေသည်။
အပူလွန်ရသည့်ကြား မီးက ပျက်သဖြင့် မှောင်ထဲမှာ ပူအိုက်စပ် ပြီး ဖျတ်ဖျတ်လူးနေရသည်။
ဦးထုပ်၊ ထီး အဆောင်း အကာပါသော်လည်း မီးပုံကြီးနား ကပ်ဖြတ်သွားရသကဲ့သို့ အပူဟပ် သည်။ အလိုလို စိတ်ပင်ပန်းနွမ်း နယ်နေသည်။

သည်အခြေအနေမျိုးတွင် ယခုနှစ် နွေရာသီတွင် ရန်ကုန်အ တွက် ရေအလုံအလောက် သိုလှောင် ထားသော်လည်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကြောင့် ရေချွေတာ သုံးစွဲရန် စည်ပင်က ကြေညာပေး ပြန်သည်။

မြစ်ဆုံတို့၊ မြမြတို့က အ လွန် စိတ်ဝင်စားဖွယ်ရာသတင်းဖြစ် နေသော်လည်း လောလောဆယ် မီး မလာသည့်ဒုက်္ခ၊ ရေမလာသည့်ကိစ်္စ က ရန်ကုန်သားတွေကို စိတ်အိုက် စေသည်။

နေပူပြင်းလွန်းသဖြင့် ကန် ရေတွေခြောက်ခန်းကုန်သဖြင့် အညာ ကျေးလက်တွင် ရေအခက်အခဲဖြစ် နေသည်။ ရေသယ်ကားကြီးများဖြင့် ပရဟိတ အဖွဲ့အစည်းများက ရေကို ကျေးရွာများအထိ လိုက်လံလှူဒါန်း နေရသည်။
လေတိုက်ပွဲဖြစ်သွားပြီး နောက် ရေတိုက်ပွဲများ ဖြစ်လာဦး မလားမသိ။
ပူပြင်းသောနွေက လူတွေ ကို ခြောက်လှန့်နေပြီ။ အားလုံး အ မြန်ဆုံးသစ်ပင်တွေစိုက်ဖို့လိုပြီ။
မြစ်ဆုံကို ပြည်သူတွေ အသိမပေးဘဲ တိတ်တဆိတ်လျှို့ဝှက် ရောင်းချခဲ့သော လက်ရှိလူကြီးမင်း အဘများကိုလည်း ၀ိုင်းမေတ်္တာပို့နေ ကြသည်။
သူ့အရေးတွေ မည်မျှပင် စိတ်ဝင်စားဖွယ် ကောင်းစေကာမူ ကိုယ့်အရေးလောက် ရင်မခုန်၊ နက် ဖြန် သောက်စရာရေမရှိ၊ နေကပူခြစ် တောက်ဖြစ်နေလျှင် အပူဒဏ်ခံနိုင် အောင် ဘယ်လိုကျင့်ကြံ ပြုမူအား ထုတ်ရမလဲဆိုသောမေးခွန်းကို ကိုယ့် ဘာသာမေးပြီး ကိုယ့်ဘာသာဖြေ တတ်ဖို့လိုပြီ။

ဤသီတင်းပတ်သည် စိတ် ၀င်စားဖွယ်ရာ သတင်းအကြီးကြီး တွေဖြစ်နေသော်လည်း နေအရမ်းပူ နေသဖြင့် အရိပ်ထဲမှာ စာတစ်အုပ် ဖြင့် နှပ်နေသင့်သည်။
ငရဲတမျှနီးပါး နေပူလာ သော်လည်း ကျွန်တော်တို့အဖို့ ဖြေ သိမ့်စရာမရှိ၊ အဖြေမရှိ၊ ထွက်ပေါက် မရှိ ငြင်းကြခုန်ကြ ဆဲဆို၍ကောင်း တုန်းပါပဲ။
ဤကဲ့သို့ ဖေ့စ်ဘွတ်ခ်ပေါ် တွင် ဆဲဆိုဝေဖန်လေကန်ရင်းဖြင့် နေပူဒဏ်ကိုတောင် ခံနေနိုင်ကြလေ သလား။
အကယ်၍များ ဆဲဆိုဝေဖန် လေကန်တာတွေသာ မရှိခဲ့လျှင် …..။

ကောင်းသန့်
Credit:Weekly Headline
|