စစ်တွေမြို့တွင် ဗုံးသုံးလုံး ပေါက်ကွဲ

ရခိုင်ပြည်နယ်စစ်တွေမြို့တွင် ဒီကနေ့နံနက်ခင်း ၄ နာရီ ၁၀ မိနစ်အချိန်တွင်တွင်ဗုံးသုံးလုံး ပေါက်ကွဲသွားကြောင်း သတင်းရရှိသည်။

ပြည်နယ်အစိုးရ အဖွဲ့အတွင်းရေးမှူးဦးတင်မောင်ဆွေ၏ ခြံဝန်းတွင် မိုင်းတစ်လုံးပေါက်ကွဲပြီး မြို့နယ်တရားလွှတ်တော်ရှေ့ နှင့် ပြည်နယ်မြေစာရင်းဦးစီးရုံးနားတွင် ဗုံးပေါက်ကွဲသွားသည်ဟု သိရသည်။

ထို့ပြင်နောက်ထပ်မပေါက်ကွဲသေးသည့် ဗုံး ၃ လုံးကျန်ရှိနေသေးကြောင်းနှင့် နောက်ထပ်စစ်ဆေးရှာဖွေလျက်ရှိကာ ဗုံးပေါက်ကွဲမှုကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာ(မစိုးရိမ်)ရရှိကာ သေဆုံးသူမရှိကြောင်း ရဲမှူးကြီးအောင်မြတ်မိုးမှ အကုန်သိသတင်းဌာနသို့ ပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့် ၂ ရက် ကလည်း ရှမ်းပြည်နယ် လားရှိုးမြို့ရှိ ရိုးမဘဏ်တွင်ဗုံးပေါက်ကွဲမှုကြောင့် လူနှစ်ဦးသေဆုံးကာ ၂၂ ဦးဒဏ်ရာရသွားခဲ့သည်။

Ref : Akonthi

========================

Share သွားပေးပါမိတ်ဆွေ

Add a Comment

Your email address will not be published. Required fields are marked *