Local News

ရန်ကုန်တိုင်းအတွင်း မြို့တွင်း(၆)မြို့နယ်တွင် စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူများကို ကျပ်သုံးသောင်းအထိ ဒဏ်ငွေရိုက်မည်

Written by LatKhat Than

ယာဉ်ကြောင့် ဖြစ်ပွားသည့် မော်တော် ယာဉ်ဆိုင်ရာ ဘေးအန္တရယ် များကို လျှော့ချနိုင်ရန် အတွက် အသိပညာပေးမှု များ စဉ်ဆက်မပြတ် ပြုလုပ် လျက်ရှိပြီး စည်းကမ်းမဲ့ လမ်းဖြတ် ကူးသူများကို ကျပ်သုံးသောင်းထိ ဒဏ်ရိုက်နိုင် သည့် ၂၀၁၅ မော်တော်ယာဉ် ဥပဒေ ဖြင့် အရေးယူ မှုများ ပြုလုပ်လျက် ရှိကြောင်း သတင်းရရှိသည်။

” ၂၀၁၅ မော်တော်ယာဉ် ဥပဒေ အရ ပါ ၊ အသိပေးမှုတွေ ပြုလုပ်နေသလို အရေးယူမှုတွေလည်း လုပ်နေတယ် ၊ အမြင့်ဆုံး ဒဏ်ငွေ ကျပ်သုံးသောင်းထက် မပိုဘဲ ချမှတ်နိုင်သည် ပေါ့ ၊ ၁၉၈၉ မော်တော်ယာဉ်နည်းဥပဒေ ခြေလျင်သွားလာသူများ လိုက်နာရမည့် အခန်းရှိတယ် ၊ ဒီစည်းကမ်းကို မလိုက်နာရင် ၂၀၁၅ မော်တော်ယာဉ် ဥပဒေ ၆၅ နဲ့ တရားစွဲမယ် ၊ သုံးသောင်းထက် မပိုတဲ့ ဒဏ်ငွေ ချမှတ်ခံရမယ်လို့ ပြဋ္ဌာန်းထားပါတယ် ” အမှတ် ၂၅ ယာဉ်ထိန်းတပ်ဖွဲ့မှ ဒုရဲမှုးဝင်းလွင် က မြန်မာတိုင်းမ် နေ့စဉ်သို့ မေ ၁၅ ရက်တွင်ပြောသည်.။

မေ ၁၅ ရက်မှ စတင်ကာ ရန်ကုန်တိုင်းအတွင်း မြို့တွင်းခြောက်မြို့နယ်ရှိ အထင်ကရ လမ်းဖြတ်ကူးသည့် နေရာများ၌ စည်းကမ်းမဲ့ လမ်းဖြတ်ကူးခြင်း မပြုရန် အသံချဲ့စက်များဖြင့်သတိပေးမှုများကို ပြုလုပ်လျက်ရှိကြောင်း မျက်မြင် တွေ့ရှိသူများက ပြောသည်။

” ဆူးလေ နဲ့ အနော်ရထာလမ်းမှာ ကူးနေတဲ့ လူတွေကို ခုံးကျော်တံတားပေါ် တက်ပြီး ကူးဖို့ အသံချဲ့စက်တွေနဲ့ အော်နေတယ် ၊ ဆူးလေက လူကူးခုံးကျော်တံတားဆိုတာကလည်း စက်လှေကား မရှိတော့သာမန် လူငယ်တွေ အတွက် ပြဿနာ မရှိပေမယ့် အသက်ကြီးတဲ့လူတွေ အတွက် တော့ အခက်အခဲရှိပါတယ် ၊ယာဉ်ထိန်းတပ်ဖွဲ့တွေကတော့ ကူညီမှု တွေ ပြုလုပ်ပေးကြပါတယ် ၊ အခုလို ခုံးပေါ်က သွားကြတော့ ယာဉ် အန္တရာယ်ကင်းတာပေါ့ ၊ စက်လှေကား လုပ်ပေးရင်တော့ သက်ကြီးပိုင်းတွေ အတွက်ပိုကောင်းပါတယ် “ဟု ကျောက်တံတားမြို့နယ်တွင် နေထိုင်သူ ဦးကျော်စွာမြင့်က ပြောသည်။

credit:The Myanmar Time

About the author

LatKhat Than