Crime

ကျိုက်ထိုစီးပွားရေးဘဏ်မှ ဘဏ်ဝန်ထမ်း တစ်ဦး ကျပ် သိန်း (၄) ထောင်နှင့်အတူ ပျောက်ဆုံး တိမ်းရှောင်

ကျိုက်ထိုမြို့ရှိ အစိုးရပိုင် မြန်မာ့ စီးပွားရေးဘဏ်မှ ငွေတိုက်သော့ကိုင် ၀န်ထမ်းတစ်ဦး ရှောင်တိမ်းနေသောကြောင့် ရဲမှ လိုက်လံ ရှာဖွေ ဖမ်းဆီးနေကြောင်း မွန်ပြည်နယ် ရဲတပ်ဖွဲ့ရုံးမှ ပြောဆိုပါသည်။

ကိုကျော်မိုးဝင်းဆိုသူ ငွေတိုက်သော့ ကိုင်ဝန်ထမ်းတစ်ဦးသည် ယမန်နေ့က ဘဏ်သို့ ရုံးတက်ရောက်မလာသည့်အတွက် သွားရောက်ခေါ်ဆောင်ခိုင်းရာ နေအိမ်တွင် မည်သူမျှမရှိပဲ သော့ပိတ်ထားသည်ကိုသာ တွေ့ရှိခဲ့ရသည်။ ထို့ကြောင့် ဘဏ်တာဝန်ရှိသူများမှ သံသယရှိသည့်အတွက် ငွေတိုက်အား ၀င်ရောက်စစ်ဆေးသည့်အခါ ငွေကျပ်သိန်း ၄၀၀၀ ပျောက်ဆုံးနေကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု ရဲ မှ ရှင်းလင်းပြောဆိုသည်။

ထို့ကြောင့် ငွေ့တိုက်သော့ကိုင်ဖြစ်သူ ကျော်မိုးဝင်းအား ခရိုင်ဘဏ်မန်နေဂျာဖြစ်သူမှ ကျိုက်ထိုမြို့မရဲစခန်းတွင် (ပ)၂၃၅၁/ ၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၄၀၉(ပြည်သူ့ဝန်ထမ်းအား ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှု) ဖြင့် တိုင်တန်းအမှုဖွင့်ခဲ့ရာ ရဲမှ စုံစမ်းစစ်ဆေး ရှာဖွေလျှက်ရှိကြောင်း သိရပါသည်။
‘’အခုထိတော့ မမိသေးဘူး ‘’ဟု ကျိုက်ထိုရဲစခန်းမှ ပြောဆိုပါသည်။

ဇွဲခန့်
ref:i see

About the author

လက်ခတ်သံ