International News Local News

သီတဂူ ဆရာတော်ကြီး ညွန်ကြား မှုဖြင့် ရုရှားနိုင်ငံတွင် ပူဇော် ထားရှိမည့် နိုင်ငံစုံ ဗုဒ္ဓရုပ်ပွားတော်၂၂ ဆူကို ကြေးသွန်း လောင်းမှုပြီးစီး

သီတဂူ ဆရာတော်ကြီး ညွန်ကြား မှုဖြင့် ရုရှားနိုင်ငံ မော်စကိုမြို့တွင် ပူဇော် ထားရှိမည့် နိုင်ငံစုံ ဗုဒ္ဓရုပ်ပွားတော်၂၂ ဆူကို ကြေးသွန်းလောင်းမှု ပြီးစီးသွား ပြီဖြစ်ကြောင်း မန္တလေးမြို့ ပြည့်ဝကြေး သွန်းလုပ်ငန်းမှကြေးသွန်းပညာရှင် ဦးအောင်အောင်ပြောကြားချက်အရ မေလ ၁၀ ရက်တွင်သိရသည်။

အဆိုပါ ရုပ်ပွားတော်များကို ရုရှားနိုင်ငံ ကမ္ဘာ့ယဉ်ကျေးမှုပေါင်းစုံပြ တိုက်ပန်းခြံအတွင်း ရွှေစည်းခုံစေတီ တော်ပုံတူ တည်ထားကိုးကွယ်မည့်နေ ရာတွင် ထားရှိမည်ဖြစ်ကာ ရုရှားနိုင်ငံတွင် ထေရဝါဒ ဗုဒ္ဓဘာသာ ထွန်းလင်းတောက်ပ လာစေရန်နှင့် နိုင်ငံသူနိုင်ငံသားများ ဖူး မြော်နိုင်ရန်အတွက်ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်းသိရသည်။

သီတဂူဆရာတော်ကြီးရဲ့ လမ်း ညွန်ချက်နဲ့ မနှစ်ကတည်းက သွန်း လောင်းနေတာ အခု အားလုံးပြီးသွားပါပြီ။ ဘယ်အချိန် လာပင့်မယ်ဆိုတာတော့ မသိသေးဘူး။ ဆင်းတုတော်တွေက ဓမ္မစက္က ဆင်းတုတော်ကြီးရဲ့ပုဂံခေတ် ဟန်ကို ဆရာဦးဝင်းမောင်က အချိုးအစား မှန်ကန်အောင်ပုံထုတ်ပေးပါတယ်}} ဟု ၎င်းကပြောသည်။

ဆင်းတုတော်များသည်ခြေချထိုင် တော်မှုဟန် အပါအဝင် ဉာဏ်တော် ၂၇ လက်မရှိ နိုင်ငံစုံ ရုပ်ပွားတော်များဖြစ်ကာ မန္တလေးမြို့ ပြည့်ဝကြေးသွန်းလုပ်ငန်း၏ကြေးသွန်းပညာရှင်များက စနစ်တကျ သွန်းလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သီတဂူဆရာတော်ကြီးအနေဖြင့် ဗုဒ္ဓ ဘာသာပြန့်ပွားရေးအတွက် အမေရိကန် နိုင်ငံတွင် ရွှေတိဂုံပုံတူစေတီကို တည် ထားကိုးကွယ်နိုင်ရန်ဆောင်ရွက်ခဲ့သည့်အပြင် ရုရှားနိုင်ငံ မော်စကိုမြို့တွင်လည်း ရွှေစည်းခုံစေတီတော်ပုံတူကိုတည်ထား ကိုးကွယ်နိုင်ရန်အတွက် ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။

ref: Pyi Myanmar

About the author

လက်ခတ်သံ