International News

ပါတီပြိုင်ဘက် (၂)ခုမဲဆွယ်ရာတွင် ခိုက်ရန်ဖြစ်ပွားပြီး တိုက်ခိုက်မှုများကြောင့် လူပေါင်းများစွာ ဒဏ်ရာရမှု အိန္ဒိယ၌ ဖြစ်ပွား

Written by LatKhat Than

မေ (၁၉) ရက်တွင် ရွေးကောက်ပွဲကျင်းပရန် အနောက် ဘန်ဂယ်ပြည်နယ် အတွင်း ပြင်ဆင်လျက်ရှိသည်။အိန္ဒိယရွေးကောက်ပွဲသီတင်းပတ် ခုနစ်ပတ်မြောက်နှင့် လွှတ်တော် (၅၄၃) နေရာအတွက် နောက်ဆုံးအကျော့ရွေးကောက်ပွဲလည်း ဖြစ်သည်ဟု သိရသည်။

နိုင်ငံတစ်ဝန်းမဲများကို မေ ၂၃ ရက်က စတင်ရေတွက်မည်ဖြစ်သည်။ သီတင်းပတ် ခုနစ်ပတ်ကြာကျင်းပသည့် အဆင့်အလိုက် ကျင်းပသည့် ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ် နာရန်ဒရာမိုဒီ၏ ဘီဂျေပီပါတီသည် ကိုယ်စားလှယ် အများအပြား ပြန်လည်ရွေးကောက်ခံရရေး ကြိုးပမ်းလျက်ရှိသည်။

ရွေးကောက်ပွဲများအတွက် မဲဆွယ်ပွဲများကျင်းပစဉ် အာဏာရဘီဂျေပီပါတီကဦးဆောင်သောအမျိုးသားရေးဝါဒီများချီတက်အင်အားပြပွဲကို ပြိုင်ဘက်ပါတီထရီနိုမူကွန်ဂရက်ကိုထောက်ခံသူများကဝင်ရောက်ကန့်ကွက်တားဆီးရာမှတစ်ဆင့် အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မေ ၁၄ ရက်က အိန္ဒိယနိုင်ငံအရှေ့ပိုင်းတွင် ဟိန္ဒူအမျိုးသားရေးဝါဒီပါတီ၏ မဲဆွယ်အင်အားပြချီတက်ပွဲ၌ ပြိုင်ဘက်ပါတီထောက်ခံသူများနှင့် အပြန်အလှန် တိုက်ခိုက်မှုများဖြစ်ပွားကာလူဒါဇင်နှင့်ချီဒဏ်ရာရရှိခဲ့သည်ဟု သတင်းများအရ သိရသည်။

အနောက် ဘန်ဂယ်ပြည်နယ်တွင် ဖြစ်ပွားခြင်းဖြစ်ပြီးရန်ပွဲဖြစ်ပွားသော ပြိုင်ဘက် ပါတီထောက်ခံသူများကိုတုတ်များသုံးကာရဲတပ်ဖွဲ့ကလူစုခွဲခဲ့ရသည်။

ပဋိပက္ခအတွင်းရဲတပ်ဖွဲ့ကလူတစ်ရာကျော် ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးဘီဂျေပီနှင့် ပြိုင်ဘက်ပါတီနှစ်ဘက်လုံးမှလူများပါဝင်သည်

ဘက်ပါတီထောက်ခံသူများအချင်းချင်းရန်ပွဲကြောင့် ဆိုင်ကယ်၊ စက်ဘီးများလည်းမီးရှို့ဖျက်ဆီးခံခဲ့ရကြောင်းရဲတပ်ဖွဲ့ကပြောသည်။

အလားတူပဋိပက္ခများမဖြစ်ပွားစေရေးထိန်းသိမ်းပေးရန် အနောက် ဘန်ဂယ်ပြည်နယ်တွင် ဘီဂျေပီခေါင်းဆောင်နှစ်ဦးဖြစ်သည့် နာမာလာဆီသာမန်နှင့် မူထာအဘတ် နာဗီတို့ကနယူးဒေလီတွင် ရွေးကောက်ပွဲကော်မရှင်ထံလျှောက်ထားခဲ့သည်။

CREDIT: The Myanmar Time Daily

About the author

LatKhat Than