Crime Local News

မန္တလေးတွင် ဓားရှည်ဖြင့် ရမ်းကားနေသူ တစ်ဦး ကပြန်လည်ရန်ပြုတဲ့အတွက် ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီး

မန္တလေးမြို့ အောင်မြေသာစံမြို့ ၆၆ လမ်း ၁၄ လမ်းတွင် မေလ ၁၈ ရက်နေ့ နံနက် ၄ နာရီအချိန်ခန့်က ဓားရှည်ဖြင့် ရမ်းကားနေသူတစ်ဦးအား ရဲတပ်ဖွဲ့က ပစ်ခတ် ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ အသက် (၄၅) နှစ်အရွယ် အမျိုးသားတစ်ဦးသည် ငှက်ကြီးတောင်ဓားဖြင့် လမ်းသွား လမ်းလာများအား ရန်ပြုတိုက်ခိုက်နေသည်ကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့ က သတင်းအရ သွားရောက် ဟန့်တားရာ ဓားနဲ့ ပြန်လည်ရန်ပြုတဲ့အတွက် သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည်။

“ကျွန်တော်တို့ ဆီသတင်းရောက်လာတယ် ။ ဒါနဲ့ ကျွန်တော်တို့ က ရဲခေါ်ပြီးသွားတယ် ။ သူက လမ်းမှာ သွားလာနေတဲ့ ဆိုင်ကယ်တွေကို လိုက်ခုတ်တာ ။ ရဲပါ ပြန်ခုတ်တော့ သေနတ်နဲ့ ပစ်ဖမ်းလိုက်တာပါ။´´ ဟု နန်းတော်ရှေ့လူမှုကယ်ဆယ်ရေအဖွဲ့မှ ဦးသိန်းထွန်းအောင် က ပြောသည်။

ဓါးကိုင်ရမ်းကားသူကို သေနတ်နှစ်ချက်ဖြင့်ပစ်ခတ်ဖမ်ဆီးခဲ့သည့်အတွက် ဝမ်းဗိုက် နှင့် လက်မောင်းတို့တွင် ဒါဏ်ရာရရှိခဲ့ကာ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး နာရီဝက်ခန့်အကြာတွင်သေဆုံးသွားကြောင်းသိရသည်။

ref:The Fifth Wave News

About the author

လက်ခတ်သံ