Health
နှာခေါင်းပိတ်ပြီး အသက်ရှူ မ၀ဖြစ်လျှင် မိနစ်ပိုင်းအတွင်း သက်သာပျောက်ကင်းစေမယ့် ဆေးနည်း
Written by LatKhat Than
နံ့သာဖြူသုတ
(Unicode Version)
နှာခေါင်းပိတ်ပြီး အသက်ရှူ မဝပါလျှှင်
အချို့ ကလေး၊ လူကြီးတို့ နှာခေါင်း ပိတ်ပြီး အသက်ရှူ၍ မဝခြင်း မကြာခဏ ဖြစ်တတ် ကြပါသည်။ လူကြီးထက် ကလေးဖြစ်လျှင် တော်တော် စိတ်ပျက်စရာ ကောင်းပါသည်။ ထိုသို့ ဖြစ်ပါလျှင် လွယ်လွယ်ကူကူနှင့် မိနစ်ပိုင်း အတွင်း သက်သာ ပျောက်ကင်းစေသော ဆေးမြီးတိုလေးအား တင်ပြလိုက်ပါသည်။
နံ့သာဖြူ (အသား) ကို သွေးပြီး နှာတံပေါ်နှင့် နှာခေါင်းဝအား လိမ်းပေးလိုက်ပါ။ တစ်ခဏ အတွင်း နှာခေါင်းပိတ်ပြီး အသက်ရှူ မဝခြင်း ပျောက်ကင်း သွားပါမည်။
နံ့သာဖြူသုတ
နံ့သာဖြူ အတု အစစ် ရှိပါတယ်။ အတုက နံ့သာဖြူဆီနဲ့ မာလကာ သားကို ပေါင်းလိုက်တဲ့အခါ မာလကာသားမှာ အနံ့စွဲ သွားပါတယ်။ ချက်ချင်းတော့ အနံ့ စွဲနေတတ်ပါ တယ်။ ကြာလာတော့ အနံ့ ပျယ်သွားပါတယ်။ နံ့သာဖြူရဲ့ အနှစ်သားဟာ အလေးချိန် စီးပြီး ကျစ်လစ် သိပ်သည်းပါတယ်။ နံ့သာဖြူ အသားက အဝါရောင် သန်းပါတယ်။ နံ့သာဖြူ စစ်ရင် ဘယ်တော့မှ အနံ့ပျက်ပြယ်တာမျိုး မရှိပါ။
Credit : ရဲမျိုးသူ.(ဗောဓိမြိုင်)
About the author
LatKhat Than