Crime

လုယက် အသတ်ခံရသည့် ရတနာပုံ တက္ကသိုလ် ကျောင်းသားအမှု မှ ဖမ်းဆီး ရမိသူအား ရုံးထုတ်

မန္တလေးမြို့ အမရပူရမြို့နယ် ဆင်စွယ်ပွတ်ရပ်ကွက် မဟာဂန္ဓာရုံကျောင်းတိုက်အနီး တောင်သမန်အင်းကန်ပတ်လမ်း တာရိုးပေါ်တွင် လုယက်အသတ်ခံရသည့် ရတနာပုံတက္ကသိုလ် ကျောင်းသားအမှု မှ ဖမ်းဆီးရမိသူအား မေလ ၂၂ ရက်နေ့က မန္တလေးခရိုင်တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့သည် ။

ရုံးချိန်းတွင် တရားလိုပြသက်​​သေနှစ်​ဦးဖြစ်သည့် ​သေဆုံးသူ ကိုစိုးမိုးဟိန်း၏ အ​ဒေါ်နှင့်​ အခင်းဖြစ်​ပွားရာ ရပ်​ကွက်​မှ အုပ်​ချုပ်​​ရေးမှူးတို့ကို စစ်​​ဆေးခဲ့ခြင်းဖြစ်သည် ။

ရတနာပုံတက္ကသိုလ်ကျောင်းသား ကုန်ထုတ်ဓာတုဘာသာ (စတုတ္ထနှစ်) ကိုစိုးမိုးဟိန်း (၂၂) နှစ်သည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့က အသတ်ခံရခြင်းဖြစ်သည် ။

ကိုစိုးမိုးဟိန်းသည် သမီးရည်းစားဖြစ်သူ မခိုင်ဇင်ဝေနှင်း နှင့်အတူထိုင်နေစဉ် အမည်မသိလူ (၄) ဦး မှဆိုင်ကယ်(၂) စီးဖြင့်ရောက်ရှိလာပြီး အကူညီ တောင်းချင်လို့ပါ ဟုပြောဆို၍ ပိုက်ဆံအိပ်လုယူရင်း ၎င်းတို့အထဲမှ အမည်မသိတစ်ဦး က ပွေ့ဖက်ကာ ကိုစိုးမိုးဟိန်းအား ဓားဖြင့် ဘယ်ဘက်ရင်ညွှန့်ကို ထိုးခဲ့သည် ။

ထိုသို့ ဓါးဖြင့်ထိုးလိုက်သည့်အတွက် ကိုစိုးမိုးဟိန်းမှာ တောင်သမန်အင်းအတွင်းပြုတ်ကျခဲ့ပြီး သမီးရည်းစားဖြစ်သူ မခိုင်ဇင်ဝေနှင်း က ပတ်ဝန်းကျင်အားအော်ဟစ်အကူတောင်းစဉ် ၄င်းတို့ထဲမှပါလာသူသူတစ်ဦးက သူမပါးစပ်အားပိတ်သဖြင့်ရုန်ကန်ရာ တာရိုးအုတ်ခုံပေါ်မှ တောင်သမာန်အင်းအတွင်းပြုတ်ကျခဲ့ကြောင်း သိရသည် ။

ထို့နောက် အင်းအတွင်း၌ ၄င်းအုပ်စုအတွင်းမှ (၁) ဦးသည် ကိုစိုးမိုးဟိန်း၏ ဝဲဘက်တင်ပါးဆုံအား ဓါးဖြင့်ထပ်မံထိုးစဉ် ပတ်ဝန်းကျင်အားထပ်မံအော်ဟစ်အကူအညီတောင်းရာ ၎င်းတို့မှာထွက်ပြေးသွားပြီး အမည်မသိလူလေးဦးရောက်ရှိလာကာ အကူအညီပေးသဖြင့် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရာ ည(၁၀)နာရီအချိန်ခန့်တွင် ရရှိသောဒဏ်ရာဖြင့် သေဆုံးသွားခဲ့သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ကျူးလွန်သူများကို အမပူရမြို့မရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ – ၃၀၂/၁၁၄ ဖြင့် အမှုဖွင့်ထားပြီး ဖမ်းဆီးရမိရေးဆောင်ရွက်ရာ နေထက်​ရှိုင်း တစ်ဦးတည်းကိုသာဖမ်းဆီးရမိထားကာ ၄င်းနှင့်အတူကျူးလွန်သူများမှာ ထွက်ပြေးလွတ်မြောက်လျှက်ရှိသည် ။

ထို့အပြင် ဖမ်းဆီးခံရသူ ​နေထက်​ရှိုင်းသည်​ လူသတ်​မှုအပြင်​ ယခင်​က ကျူးလွန်းခဲ့သည့်​ အမှုဟောင်းများကို ရဲတပ်​ဖွဲ့က​ဖော်​ထုတ်​ထားပြီး ပြည်​ကြီးတံခွန်​မြို့နယ်၊ အမရပူရမြို့နယ် နှင့်​ ချမ်းမြသာစည်​မြို့နယ်​ တရားရုံးတို့တွင်​လည်း တရားရင်ဆိုင်နေရကြောင်း သိရသည်။

ref:The Fifth Wave News

About the author

လက်ခတ်သံ