International News

ဘာလီကျွန်းက မီးတောင် ချော်ပြာတွေ မုတ်ထုတ် လာတာကြောင့် လေဆိပ်ကို ယာယီပိတ်ထားရ

ဘာလီကျွန်းက မီးတောင် တစ်ခုက မနေ့ညက ချော်ပြာတွေ မုတ်ထုတ် လာကြောင့် နာမည်ကျော် ဘာလီ ကျွန်းရဲ့ လေဆိပ်ကို ယာယီ ပိတ်ထား ရတယ်လို့ ဆိုပါတယ်… ဘာလီကိုသွားမဲ့ လေယာဉ် ၄စင်းဟာ တစ်ခြားနေရာမှာ ဆင်းသက် ခဲ့ရပြီး ဘာလီကနေ ထွက်မဲ့ လေယာဉ် ၅ စီးရဲ့ ခရီးစဉ်တွေ ဖျက်သိမ်းခဲ့ရပါတယ်..

ဒီတောင်နာမည်က Agung ပါ… ၁၉၆၃ ခုနှစ်မှာ သက်ဝင်လုပ်ရှားလာပြီး ချော်ပြာတွေ မုတ်ထုတ်တာကြောင့် လူတစ်ထောင်ကျော်လောက် သေဆုံးခဲ့ရဖူးပါတယ်… အဲဒီနောက်ပိုင်းမှာတော့ မီးတောင်ဟာ ပြန်ငြိမ်သက်သွားပြီး ၂၀၁၇ ခုနှစ်မှာ ပြန်လည် သက်ဝင်လုပ်ရှားလာခဲ့ပါ…

၂၀၁၇ နှစ်ဖြစ်မှာ အန္ဒာရာယ်ရှိတဲ့ အဆင့်ရောက်လာတဲ့ အတွက် လူပေါင်း တစ်သိန်းခွဲခန့်ကို ဘေးလွန်ရာကို ရွှေ့ပြောင်းခဲ့ရပါတယ်… အဲဒီ ချော်ပြာတွေဟာ ဘာလီကျွန်းတင်မက အနီးနားက ကျွန်းတွေပေါ်ထိ ပျံနှံ့ရောက်ရှိသွားပြီး လူအချို့ တိရိစ္ဆန်တွေ သေကြေပျက်စီးခဲ့ရတာပါ…

ဒီမီးတောင်ဟာ ကမ္ဘာလှည့်ခရီးသည်တွေ လာရောက်အပန်းဖြေကြတဲ့ နာမည်ကြော် ကမ်းခြေ Kuta နဲ့ ၇၅ ကီလိုမီတာ အကွာမှာရှိတယ်လို့ဆိုပါတယ်…

လေဆိပ်ပြန်ဖွင့်မဲ့ အချိန်ကိုတော့ ဒီသတင်း တင်ချိန်အထိ မသိရသေးပါဘူး…

credit;

About the author

လက်ခတ်သံ